Saturday, August 11, 2018

#Sarri's Thoughts: Pre-Hudderfield


မနက္ျဖန္ည ျမန္မာစံေတာ္ခ်ိန္ ည(8:30)တြင္ ဟက္ဒါးဖီးလ္ေတာင္း အသင္းႏွင့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အတြက္ ခ်ဲလ္ဆီးနည္းျပ ဆာရီ၏ ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲမွ ေျပာၾကားခ်က္မ်ား
×××××××××××××××××××××××××××

ေမး - ကီပါ ႏွင့္ ကိုဗာဆစ္ကို ေခၚႏိုင္​ခဲလို႔ ဘယ္ေလာက္​ထိ​ ေက်နပ္​မ​ႈ႐ွိပါသလဲ?? ၿပီးေတာ့ သူတို႔ႏွစ္​​ေယာက္​လံုး ပြဲထြက္ကစားဖို႔ အဆင္​သင့္ ျဖစ္ေနျပ​​ီလား??

ဆာရီ - ႏွစ္​​ေယာက္​လံုးကို​ ေခၚနိင္​ခဲ့လို႔ ​ေက်နပ္အားရမိပါတယ္​။ ​ေကာ္​တိုရစ္​ကလည္​း မက္​ဒရစ္​ကို​ ေျပာင္​းသြားပါၿပီ။ ကြၽန္​​ေတာ္​တို႔ ကမၻာ့အ​ေကာင္​းဆံုးဂိုးသမား​ေတြထဲက တစ္​​ေယာက္​ကိုဆံုး႐ွံဳးခဲ့ရပါတယ္​။ ဒါ​ေပမယ္​့ ကြၽန္ေတာ္တို႔ လူငယ္​ဂိုးသမားတစ္ေယာက္​ႏွင္​့ အစားထိုးႏိုင္​ခဲ့တယ္​။ ဥ​ေရာပရဲ႕ အ​ေကာင္​း​ဆံုး လူငယ္​ဂိုးသမား​ေတြထဲက တစ္​​ေယာက္​​ေပါ့။ ကိုဗာဆစ္​ကို​ ေခၚႏိုင္​ခဲ့ဲျပန္​လို႔လည္​း ​ေပ်ာ္ရႊင္ခဲ့ရပါတယ္​။ သူ႔မွာထူးျခားတဲ့ ပင္ကိုစြမ္းရည္​ေတြ ႐ွိပါတယ္​။ ဒါဟာ ကြၽန္​​​​ေတာ္တို႔အသင္းကို​ ေကာင္​း​ေကာင္​းအက်ိဳးျပဳ​ေစမ​ွာပါ။ ကြၽန္​​ေတာ္​တို႔အသင္း ျပည့့္စံုၿပီလို႔ ခံစားရပါတယ္​..။

ေမး - ကီပါက ေကာ္တိုရစ္ထက္​ ပို​ေကာင္​းႏိုင္​လား?? ၿပီးေတာ့ ကိုဗာဆစ္ကို ဘာ​ေၾကာင္​့ ႀကိဳက္ႏွစ္သက္ရလဲ??

ဆာရီ - ယခုခ်ိန္​မွာ ဒါကိုႀကိဳမ​ေျပာႏိုင္​​ေသးဘူး။ အခ်ိန္​က ဆံုးျဖတ္​​ေပးသြားမွာပါ။ ကီပါရဲ႕ အသက္​ဟာ ၂၃ပဲ ႐ွိ​ေသးတာပါ။ သူဟာ လ်ွင္ျမန္​စြာတိုးတက္​လာမွာပါ။ ဒါ​ေပမယ္​့ ေကာ္တိုရစ္က ေကာ္တိုရစ္ပါဘဲ၊ ကိုဗာဆစ္လား.. သူဟာ နည္​းစနစ္​ပိုင္​း ကြၽမ္းက်င္​တဲ့ ကစားသမားတစ္​​ေယာက္​ပါ။ အျမန္​ဆံုးအသင္​းနဲ႔ အထိုင္​က်လိမ္​့မယ္​လို႔ ယံုၾကည္​ပါတယ္​..။

ေမး - ဒီတစ္ပတ္အတြင္းမွာ ျဖစ္ခဲ့တဲ့ ​ေကာ္တိုရစ္​ရဲ႕ အျပဳအမူ​ေတြအ​ေပၚ ဘယ္​လိုတံု႔ျပန္​မလဲ?? အီဒင္ဟာဇက္​က ၾကားညႇပ္​​ေနသလို ျဖစ္ခဲ့တာလား??

ဆာရီ - ေကာ္တိုရစ္ကိစၥမွာ ပုဂိၢဳလ္​​ေရးဆိုင္​ရာ အေၾကာင္​းျပခ်က္​​ေတြ ႐ွိမွာပါ။ ကြၽန္​​ေတာ္​ ဒါေတြကို မွတ္​ခ်က္မ​ေပးႏိုင္ပါဘူး။ အီဒင္က ကြၽန္​​ေတာ္​တို႔နဲအတူ ႐ွိ​ေနမွာပါ။ ကြၽန္​​ေတာ္​သူနဲ႔ သံုး​ေလးႀကိမ္​​ေလာက္​ စကား​ေျပာပီးပါၿပီ ။ သူ႔ဘက္​က အသင္း​ေျပာင္​း​ေရႊ႔ဖို႔ ဘယ္တုန္းကမွ မ​ဖြင္​့ဟဖူးပါဘူး။ သူဒီမွာ​ေနရတာ ​ေပ်ာ္ေနတယ္​လို႔ ကြၽန္​​ေတာ္ထင္ပါတယ္..။

ေမး - ဥ​ေရာပကလပ္​အသင္​း​ေတြ ဝီလီယံႏွင့္​့ဟာဇက္ကို​ ေခၚယူခ်င္ေနတဲ့အေပၚ စိုးရိမ္​မႈျဖစ္လား??

ဆာရီ - ယခုခ်ိန္​မွာ အ​ေျပာင္​း​ေရႊ႔ကလည္​း ပိတ္သြားခဲ့ပါၿပီ။ ဒါ​ေၾကာင့္ မျဖစ္​ႏိုင္​​ေတာ့ဘူးလို႔ ႔ထင္​ပါတယ္​။ ကြၽန္​​ေတာ့အသင္းက အေရးႀကီး ကစားသမားအခ်ိဳ႕ကို လက္လႊတ္မဆံုး႐ွံဳးေစခ်င္​ဘူး..။

ေမး - ကစားသမားအခ်ိဳ႕ကို ေနာက္ထက္ အငွါးေစလႊတ္ဖို႔႐ွိလား??

ဆာရီ - ကြၽန္​​ေတာ္​့အသင္​းမွာ ကစားသမား​ေတြ မ်ားေနတယ္​လို႔ထင္​တယ္​။ တခ်ိဳ႕ကို အငွါးေစလႊတ္​ဖို႔ ႐ွိပါတယ္​။ အသင္​းမွာ ကစားသမား ၂၃၊ ၂၄​ေယာက္​​ေလာက္​သာ ထားမယ္​လို႔ စိတ္​ကူးထားပါတယ္။ လူငယ္ကစားသမား​ေတြ​ေရာ​ေပါ့..။

ေမး - ဘာကာယိုကို အငွားထြက္​ၿပီး ကစားႏိုင္လား??

ဆာရီ - ျဖစ္​​ေကာင္​းျဖစ္​ႏိုင္​ပါတယ္။ ဒါ​ေပမယ္​့ ယခု​ခ်ိန္ထိေတာ့ တိတိက်က် မသိရ​ေသးပါဘူး။ ယခုခ်ိန္​မွာ အသင္​းရဲ႕ ပြဲစဥ္​​​ေတြအ​ေၾကာင္​းပဲ စိတိဝင္​စားပါတယ္​..။

ေမး - ဟာဇက္စာခ်ဳပ္​ကိစၥနဲ႔ ပတ္​သက္​ၿပီး ​ေဆြးေႏြးၿပီးၿပီလား??

ဆာရီ - ကြၽန္​​ေတာ္​စာခ်ဳပ္​အ​ေၾကာင္​း မေဆြးေႏြးခ်င္ပါဘူး။ ဒါက ကြၽန္​​ေတာ္​လုပ္​ရမယ္​့အပိုင္​း မဟုတ္​ပါဘူးေလ။ ကြၽန္​​ေတာ္​့တာဝန္​က ကစားသမား​ေတြ တိုးတက္​လာဖို႔ပါ။ ကြၽန္ေတာ္လုပ္​ရမွာက ပြဲစဥ္​​ေတြအႏိုင္​ရဖို႔ပါပဲ။ စာခ်ဳပ္​အသစ္​​ေတြ ခ်ဳပ္​ဖို႔မဟုတ္​ပါဘူး။ ဒါ​ေပမယ္​့ ဒီမွာအရမ္​း​ေပ်ာ္​​ေနတဲ့ ကစားသမားတစ္ေယာက္​ကို​ ေတြ႔ထားပါတယ္​။သူ႔အတြက္​ စာခ်ဳပ္​သစ္​ခ်ဳပ္​ဆိုျဖစ္​မွာပါ..။

ေမး - အသင္းေခါင္ေဆာင္လက္​ပတ္​က ဘယ္သူ႔အတြက္​ ျဖစ္လာမလဲ??

ဆာရီ - မနက္ျဖန္​ပြဲအတြက္​​ေတာ့ ဆီဇာ(အက္ပီလီကြီတာ)က အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူမွာပါ။ ဒါ​ေပမယ့္ ဒါက ​ေနာက္​ဆံုးဆံုးျဖတ္ခ်က္​ မဟုတ္​ပါဘူး။ ကစားသမားတစ္ေယာက္​ခ်င္​းစီ အ​ေၾကာင္​းကို သိၿပီးရင္​​ေတာ့ ​ေနာက္​ဆံုးဆံုးျဖတ္​ခ်က္​တစ္​ခု ခ်သြားမွာပါ..။

ေမး - မနက္​ျဖန္​ပြဲမွာ ဂိုးသမားသစ္ ကီပါ ပြဲထြက္​လာႏိုင္လာ??

ဆာရီ - ကြၽန္​​ေတာ္​မသိေသးပါဘူး။ သူဟာ မနက္​ျဖန္​ကစားမယ့္ လူစာရင္​း​ထဲက တစ္ေယာက္​ပါ။ ဒါ​ေပမယ့္ ဒီကိစၥကို ကြၽန္​​ေတာ္​ဆံုးျဖတ္​သြားမွာပါ..။

Unicode

#Sarri's Thoughts: Pre-Hudderfield

မနက်ဖြန်ည မြန်မာစံတော်ချိန် ည(8:30)တွင် ဟက်ဒါးဖီးလ်တောင်း အသင်းနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အတွက် ချဲလ်ဆီးနည်းပြ ဆာရီ၏ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှ ပြောကြားချက်များ
×××××××××××××××××××××××××××

မေး - ကီပါ နှင့် ကိုဗာဆစ်ကို ခေါ်နိုင်ခဲလို့ ဘယ်လောက်ထိ ကျေနပ်မှုရှိပါသလဲ?? ပြီးတော့ သူတို့နှစ်ယောက်လုံး ပွဲထွက်ကစားဖို့ အဆင်သင့် ဖြစ်နေပြီလား??

ဆာရီ - နှစ်ယောက်လုံးကို ခေါ်နိင်ခဲ့လို့ ကျေနပ်အားရမိပါတယ်။ ကော်တိုရစ်ကလည်း မက်ဒရစ်ကို ပြောင်းသွားပါပြီ။ ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်ကိုဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူငယ်ဂိုးသမားတစ်ယောက်နှင့် အစားထိုးနိုင်ခဲ့တယ်။ ဥရောပရဲ့ အကောင်းဆုံး လူငယ်ဂိုးသမားတွေထဲက တစ်ယောက်ပေါ့။ ကိုဗာဆစ်ကို ခေါ်နိုင်ခဲ့ဲပြန်လို့လည်း ပျော်ရွှင်ခဲ့ရပါတယ်။ သူ့မှာထူးခြားတဲ့ ပင်ကိုစွမ်းရည်တွေ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့အသင်းကို ကောင်းကောင်းအကျိုးပြုစေမှာပါ။ ကျွန်တော်တို့အသင်း ပြည့်စုံပြီလို့ ခံစားရပါတယ်..။

မေး - ကီပါက ကော်တိုရစ်ထက် ပိုကောင်းနိုင်လား?? ပြီးတော့ ကိုဗာဆစ်ကို ဘာကြောင့် ကြိုက်နှစ်သက်ရလဲ??

ဆာရီ - ယခုချိန်မှာ ဒါကိုကြိုမပြောနိုင်သေးဘူး။ အချိန်က ဆုံးဖြတ်ပေးသွားမှာပါ။ ကီပါရဲ့ အသက်ဟာ ၂၃ပဲ ရှိသေးတာပါ။ သူဟာ လျှင်မြန်စွာတိုးတက်လာမှာပါ။ ဒါပေမယ့် ကော်တိုရစ်က ကော်တိုရစ်ပါဘဲ၊ ကိုဗာဆစ်လား.. သူဟာ နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့ ကစားသမားတစ်ယောက်ပါ။ အမြန်ဆုံးအသင်းနဲ့ အထိုင်ကျလိမ့်မယ်လို့ ယုံကြည်ပါတယ်..။

မေး - ဒီတစ်ပတ်အတွင်းမှာ ဖြစ်ခဲ့တဲ့ ကော်တိုရစ်ရဲ့ အပြုအမူတွေအပေါ် ဘယ်လိုတုံ့ပြန်မလဲ?? အီဒင်ဟာဇက်က ကြားညှပ်နေသလို ဖြစ်ခဲ့တာလား??

ဆာရီ - ကော်တိုရစ်ကိစ္စမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်တွေ ရှိမှာပါ။ ကျွန်တော် ဒါတွေကို မှတ်ချက်မပေးနိုင်ပါဘူး။ အီဒင်က ကျွန်တော်တို့နဲအတူ ရှိနေမှာပါ။ ကျွန်တော်သူနဲ့ သုံးလေးကြိမ်လောက် စကားပြောပီးပါပြီ ။ သူ့ဘက်က အသင်းပြောင်းရွှေ့ဖို့ ဘယ်တုန်းကမှ မဖွင့်ဟဖူးပါဘူး။ သူဒီမှာနေရတာ ပျော်နေတယ်လို့ ကျွန်တော်ထင်ပါတယ်..။

မေး - ဥရောပကလပ်အသင်းတွေ ဝီလီယံနှင့့်ဟာဇက်ကို ခေါ်ယူချင်နေတဲ့အပေါ် စိုးရိမ်မှုဖြစ်လား??

ဆာရီ - ယခုချိန်မှာ အပြောင်းရွှေ့ကလည်း ပိတ်သွားခဲ့ပါပြီ။ ဒါကြောင့် မဖြစ်နိုင်တော့ဘူးလို့ထင်ပါတယ်။ ကျွန်တော့အသင်းက အရေးကြီး ကစားသမားအချို့ကို လက်လွှတ်မဆုံးရှုံးစေချင်ဘူး..။

မေး - ကစားသမားအချို့ကို နောက်ထက် အငှါးစေလွှတ်ဖို့ရှိလား??

ဆာရီ - ကျွန်တော့်အသင်းမှာ ကစားသမားတွေ များနေတယ်လို့ထင်တယ်။ တချို့ကို အငှါးစေလွှတ်ဖို့ ရှိပါတယ်။ အသင်းမှာ ကစားသမား ၂၃၊ ၂၄ယောက်လောက်သာ ထားမယ်လို့ စိတ်ကူးထားပါတယ်။ လူငယ်ကစားသမားတွေရောပေါ့..။

မေး - ဘာကာယိုကို အငှားထွက်ပြီး ကစားနိုင်လား??

ဆာရီ - ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယခုချိန်ထိတော့ တိတိကျကျ မသိရသေးပါဘူး။ ယခုချိန်မှာ အသင်းရဲ့ ပွဲစဉ်တွေအကြောင်းပဲ စိတိဝင်စားပါတယ်..။

မေး - ဟာဇက်စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပြီးပြီလား??

ဆာရီ - ကျွန်တော်စာချုပ်အကြောင်း မဆွေးနွေးချင်ပါဘူး။ ဒါက ကျွန်တော်လုပ်ရမယ့်အပိုင်း မဟုတ်ပါဘူးလေ။ ကျွန်တော့်တာဝန်က ကစားသမားတွေ တိုးတက်လာဖို့ပါ။ ကျွန်တော်လုပ်ရမှာက ပွဲစဉ်တွေအနိုင်ရဖို့ပါပဲ။ စာချုပ်အသစ်တွေ ချုပ်ဖို့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမှာအရမ်းပျော်နေတဲ့ ကစားသမားတစ်ယောက်ကို တွေ့ထားပါတယ်။သူ့အတွက် စာချုပ်သစ်ချုပ်ဆိုဖြစ်မှာပါ..။

မေး - အသင်းခေါင်ဆောင်လက်ပတ်က ဘယ်သူ့အတွက် ဖြစ်လာမလဲ??

ဆာရီ - မနက်ဖြန်ပွဲအတွက်တော့ ဆီဇာ(အက်ပီလီကွီတာ)က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမှာပါ။ ဒါပေမယ့် ဒါက နောက်ဆုံးဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကစားသမားတစ်ယောက်ချင်းစီ အကြောင်းကို သိပြီးရင်တော့ နောက်ဆုံးဆုံးဖြတ်ချက်တစ်ခု ချသွားမှာပါ..။

မေး - မနက်ဖြန်ပွဲမှာ ဂိုးသမားသစ် ကီပါ ပွဲထွက်လာနိုင်လာ??

ဆာရီ - ကျွန်တော်မသိသေးပါဘူး။ သူဟာ မနက်ဖြန်ကစားမယ့် လူစာရင်းထဲက တစ်ယောက်ပါ။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော်ဆုံးဖြတ်သွားမှာပါ..။

============================

Credit Wai_Phyo
Credit Chelseasports

Friday, August 10, 2018

မက္ဆီကို အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္လိုက္တဲ့ ဘာစီလိုနာ


ဘာစီလိုနာအသင္းဟာ အင္နီေယစတာ ထြက္ခြာသြားၿပီးေနာက္ အသင္းေခါင္းေဆာင္ ရာထူးကို တိုက္စစ္မွဴး လီယြန္နယ္မက္ဆီအား လႊဲေျပာင္းခန္႔အပ္လိုက္ေၾကာင္း အတည္ျပဳထုတ္ျပန္ေၾကညာလိုက္ပါတယ္။

အင္နီေယတာဟာ ဘာစီလိုနာအသင္းနဲ႔အတူ ကစာသမားဘ၀တစ္ေလွ်ာက္လံုး လက္တြဲလာၿပီးမွာ ၿပီးခဲ့တဲ့ ၂၀၁၇-၁၈ ေဘာလံုးရာသီအၿပီးမွာ ဂ်ပန္ကလပ္ Vissel Kobe ထံ ကူးေျပာင္းသြားခဲ့တာ ျဖစ္ပါတယ္။

အင္နီေယတာဟာ ဘာစီလိုနာအသင္းရဲ႕ အသင္
ေခါင္းေဆာင္အျဖစ္ သေကၤတတစ္ခုသဖြယ္
ပံုေဆာင္လာခဲ့ၿပီး ေမလပိုင္္းထဲမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ အယ္ကလက္စီကိုပြဲမွာ မက္ဆီထံ အသင္းေခါင္းေဆာင္လက္ပတ္ လႊဲေျပာင္းေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

ယေန႔ ေသာၾကာေန႔မွာ တရား၀င္ေၾကညာၿပီးေနာက္ မက္ဆီဟာ ရာသီတစ္ေလွ်ာက္လံုး ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္ (၄) ေယာက္ထဲမွ ပထမအသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ထမ္းေဆာင္သြားမွာပဲ ျဖစ္ပါတယ္။ မက္ဆီၿပီးရင္ ဆာဂ်ီယိုဘက္စ္ကြက္၊ ဂ်ရက္ပီေကး နဲ႔ ဆာဂ်ီေရာ္ဘက္တိုတို႕က အသီးသီး တာ၀န္ယူသြားမယ္လို႔ သိရပါတယ္။

Unicode

မက်ဆီကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အင်နီယေစတာ ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင် ရာထူးကို တိုက်စစ်မှူး လီယွန်နယ်မက်ဆီအား လွှဲပြောင်းခန့်အပ်လိုက်ကြောင်း အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။

အင်နီယေတာဟာ ဘာစီလိုနာအသင်းနဲ့အတူ ကစာသမားဘဝတစ်လျှောက်လုံး လက်တွဲလာပြီးမှာ ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီအပြီးမှာ ဂျပန်ကလပ် Vissel Kobe ထံ ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

အင်နီယေတာဟာ ဘာစီလိုနာအသင်းရဲ့ အသင်
ခေါင်းဆောင်အဖြစ် သင်္ကေတတစ်ခုသဖွယ်
ပုံဆောင်လာခဲ့ပြီး မေလပိုင်းထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အယ်ကလက်စီကိုပွဲမှာ မက်ဆီထံ အသင်းခေါင်းဆောင်လက်ပတ် လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ယနေ့ သောကြာနေ့မှာ တရားဝင်ကြေညာပြီးနောက် မက်ဆီဟာ ရာသီတစ်လျှောက်လုံး ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် (၄) ယောက်ထဲမှ ပထမအသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်သွားမှာပဲ ဖြစ်ပါတယ်။ မက်ဆီပြီးရင် ဆာဂျီယိုဘက်စ်ကွက်၊ ဂျရက်ပီကေး နဲ့ ဆာဂျီရော်ဘက်တိုတို့က အသီးသီး တာဝန်ယူသွားမယ်လို့ သိရပါတယ်။

LEGEND TALK: ေမာ္ရင္၏ တတိယရာသီတြင္ ယူႏိုက္တက္ အသင္း မေအာင္ျမင္မည္ကို ေပါလ္စခိုးစိုးရိမ္ေန



Zawgyi

" ဒီႏွစ္ေဘာလုံးရာသီမွာ သူ႔ဆီမွာ ေကာင္းမြန္တဲ့
စတင္မႈေတြရိွေနဖို႔ လိုအပ္ပါတယ္။ သူ႔ေၾကာင္း
အသင္းက ကစားသမားေတြ အရမ္းေကာငျ္ပီး
မွီခိုေနရတာကို ခင္ဗ်ာတို႔လည္း သိၾကေလာက္မွာပါ။
သူ႔ဆီမွာ အရမ္းေကာင္းတဲ့ အေတြ႔အၾကံဳေတြ အမ်ား
ႀကီးရိွပါတယ္။ အခု သူ႔ဆီမွာ ခက္ခဲမႈေတြ ရိွေနၿပီးလို႔
ကြၽန္ေတာ္ထင္ပါတယ္။ ဒါေပမယ့္ ဒီျပ ႆနာေတြကို
သူေျဖ႐ွင္းႏုိင္မယ္လို႔ ယုံၾကည္ထားတယ္"

Unicode

LEGEND TALK: မော်ရင်၏ တတိယရာသီတွင်
ယူနိုက်တက် အသင်း မအောင်မြင်မည်ကို
ပေါလ်စခိုးစိုးရိမ်နေ

" ဒီနှစ်ဘောလုံးရာသီမှာ သူ့ဆီမှာ ကောင်းမွန်တဲ့
စတင်မှုတွေရှိနေဖို့ လိုအပ်ပါတယ်။ သူ့ကြောင်း
အသင်းက ကစားသမားတွေ အရမ်းကောြင်ပီး
မှီခိုနေရတာကို ခင်ဗျာတို့လည်း သိကြလောက်မှာပါ။
သူ့ဆီမှာ အရမ်းကောင်းတဲ့ အတွေ့အကြုံတွေ အများ
ကြီးရှိပါတယ်။ အခု သူ့ဆီမှာ ခက်ခဲမှုတွေ ရှိနေပြီးလို့
ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဒီပြ ဿနာတွေကို
သူဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားတယ်"

Credit နငယ္

ပရီးမီးယားလိဂ္ဖလား ၂ ႏွစ္ဆက္တိုက္ ဆြတ္ခူးႏိုင္ေရးထက္ မနက္ျဖန္ကိုပဲ အာရံုစိုက္တယ္" လို႔ ေျပာလိုက္တဲ့ ဂြာဒီယိုလာ



ေဘာလံုးခန္႔မွန္းကၽြမ္းက်င္ေတြနဲ႔ ၀ါရင့္ကစားသမားေတြက ဒီႏွစ္ ပရီးမီးယားလိဂ္ခ်န္ပီယံဟာ မန္စီးတီးအသင္းပဲ ျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းေျပာၾကေပမယ့္ ဂြာဒီယိုလာကေတာ့ ၄င္းအေရးထက္္ မနက္ျဖန္ ယွဥ္ရမယ့္ပြဲကိုသာ ပစ္မွတ္ထားတယ္လို႔ ေျပာလိုက္ပါတယ္။
မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က ရမွတ္ ၁၀၀ ျဖင့္ ပရီးမီးယားလိဂ္ဖလားကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးႏိုင္ခဲ့ၿပီး ဒီႏွစ္ ေဘာလံုးရာသီမွာေတာ့ တိုက္စစ္အားေကာင္းတဲ့ လီဗာပူးလ္အသင္းနဲ႔ ယွဥ္ၿပိဳင္ရမယ့္ အေနအထားမွာ ရွိေနပါတယ္။ ဒါေပမယ့္ ကေလာ့ပ္ကိုယ္တိုင္က မန္စီးတီးဟာ အင္အားႀကီးမာတာေၾကာင့္ အမီလိုက္ႏိုင္ေအာင္ ႀကိဳးစားရအံုးမယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ဂြာဒီယိုလာဟာ ယခင္ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔မွာ ျပည္တြင္းဖလား ၂ ႏွစ္ ဆက္တုိက္ ဆြတ္ခူးႏိုင္ခဲ့တာေၾကာင့္ မန္စီးတီးမွာလည္း ဆြတ္ခူးႏိုင္လိမ့္မယ္ဆိုၿပီး ခန္႔မွန္း ေျပာဆိုေနၾကတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ သူကေတာ့ မနက္ျဖန္ယွဥ္ၿပိဳင္ရမယ့္ ပြဲကိုသာ အာရံုစိုက္ေၾကာင္း အခုလို ေျပာပါတယ္။
"လြန္ခဲ့တဲ့ ၉ ႏွစ္ေလာက္ ကတည္းက ကၽြန္ေတာ္ဟာ ဒီလိုအေျခအေနေတြနဲ႔ အသားက်လာၿပီးသားပါ။ ဒါဟာ ျပႆနာမဟုတ္ပါဘူး။ ၂ ႏွစ္ ဆက္တိုက္ ဖလားဆြတ္ခူးႏိုင္ရမယ္ဆုိတာ ကၽြန္ေတာ္တို႔ရဲ႕ ပစ္မွတ္မဟုတ္ဘူး။ ပစ္မွတ္က မနက္ျဖန္ပါ။ ၾသဂုတ္လ ၁၉ ရက္ကေန ဧၿပီနဲ႔ ေမလထဲမွာ ကၽြန္ေတာ္တို႔ ဘယ္ေနရာမွာ ရွိေနမလဲဆိုတာ သိရမွာပါ"
"ကၽြန္ေတာ္ကေတာ့ ၂ ႏွစ္ဆက္တိုက္ ဖလားဆြတ္ခူးႏိုင္ေရးကို အာရံုမစိုက္ဘူး။ ေကာင္းေကာင္းကစားၿပီး မႏွစ္ကလို စည္းစည္းလံုးလံုးျဖစ္ေနရင္ ဖလားထပ္ၿပီးဆြတ္ခူးႏိုင္မွာပါ" လို႔ ဂြာဒီယိုလာက ေျပာလိုက္ပါတယ္။

Unicode

"ပရီးမီးယားလိဂ်ဖလား ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ရေးထက် မနက်ဖြန်ကိုပဲ အာရုံစိုက်တယ်" လို့ ပြောလိုက်တဲ့ ဂွာဒီယိုလာ
***************************************
ဘောလုံးခန့်မှန်းကျွမ်းကျင်တွေနဲ့ ဝါရင့်ကစားသမားတွေက ဒီနှစ် ပရီးမီးယားလိဂ်ချန်ပီယံဟာ မန်စီးတီးအသင်းပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပြောကြပေမယ့် ဂွာဒီယိုလာကတော့ ၎င်းအရေးထက် မနက်ဖြန် ယှဉ်ရမယ့်ပွဲကိုသာ ပစ်မှတ်ထားတယ်လို့ ပြောလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်က ရမှတ် ၁၀၀ ဖြင့် ပရီးမီးယားလိဂ်ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပြီး ဒီနှစ် ဘောလုံးရာသီမှာတော့ တိုက်စစ်အားကောင်းတဲ့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် ကလော့ပ်ကိုယ်တိုင်က မန်စီးတီးဟာ အင်အားကြီးမာတာကြောင့် အမီလိုက်နိုင်အောင် ကြိုးစားရအုံးမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ယခင် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့မှာ ပြည်တွင်းဖလား ၂ နှစ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာကြောင့် မန်စီးတီးမှာလည်း ဆွတ်ခူးနိုင်လိမ့်မယ်ဆိုပြီး ခန့်မှန်း ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ မနက်ဖြန်ယှဉ်ပြိုင်ရမယ့် ပွဲကိုသာ အာရုံစိုက်ကြောင်း အခုလို ပြောပါတယ်။
"လွန်ခဲ့တဲ့ ၉ နှစ်လောက် ကတည်းက ကျွန်တော်ဟာ ဒီလိုအခြေအနေတွေနဲ့ အသားကျလာပြီးသားပါ။ ဒါဟာ ပြဿနာမဟုတ်ပါဘူး။ ၂ နှစ် ဆက်တိုက် ဖလားဆွတ်ခူးနိုင်ရမယ်ဆိုတာ ကျွန်တော်တို့ရဲ့ ပစ်မှတ်မဟုတ်ဘူး။ ပစ်မှတ်က မနက်ဖြန်ပါ။ သြဂုတ်လ ၁၉ ရက်ကနေ ဧပြီနဲ့ မေလထဲမှာ ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေမလဲဆိုတာ သိရမှာပါ"
"ကျွန်တော်ကတော့ ၂ နှစ်ဆက်တိုက် ဖလားဆွတ်ခူးနိုင်ရေးကို အာရုံမစိုက်ဘူး။ ကောင်းကောင်းကစားပြီး မနှစ်ကလို စည်းစည်းလုံးလုံးဖြစ်နေရင် ဖလားထပ်ပြီးဆွတ်ခူးနိုင်မှာပါ" လို့ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။

မန္ယူအသင္းကိုမ်က္ရည္က်ေစခဲ့တဲ့ အဲရစ္ကန္တိုနာ


Zawgyi

မန္ယူအသင္းရဲ႕ရာသီႀကိဳျပင္ဆင္မႈေတြျဖစ္တဲ့ အေမရိကေျခစမ္းပြဲခရီးစဥ္ေတြနဲ့ ကစားသမားဝယ္ယူမွုေတြဟာ ထင္သေလာက္ခရီးမေပါက္ခဲ့
တဲ့အတြက္ ပရိတ္သတ္ေတြကအားမလိုအားမရျဖစ္ေနခဲ့ၾကပါတယ္။ သို႔ေပမဲ့ မန္ယူ ဂႏၱဝင္ ကစားသမားတစ္ဦးျဖစ္တဲ့ ကန္တိုနာဟာ လက္႐ွိယူႏုိက္တက္ရဲ႕အေျခအေနနဲ႔ပတ္သက္လို႔ အသင္းသားေတြအေနနဲ႔ ကုိယ့္ကုိယ္ကို ယံုၾကည္မႈ႐ွိၾကပါလို႔ အငိစတာဂရမ္ေပၚကေနအားေပးစကားေျပာခဲ့ပါတယ္။
' ဒီတစ္ပတ္ကုန္ရင္ပရီးမီးယားလိဂ္စေတာ့မွာပါ ၿပီးေတာ့ငါတို႔ေတြပရီးမီးယားလိဂ္ရဲ႕ ပြဲဦးထြက္ကိုကစားရမွာပါ ငါတို႔ေတြ(မန္ယူပရိတ္သတ္ေတြ) အေနနဲ႔ အသင္းရဲ႕ကစားသမားေတြအကုန္လံုးကို ယံုၾကည္မႈ႐ွိပါတယ္။ အဲ့ေတာ့ မင္းတုိ႔ေတြလဲ ကုိယ့္ကုိယ္ကုိယံုၾကည္မႈ႐ွိပါ။ မင္းတုိ႔အေနနဲ႔ ဒီရာသီပရီးမီးယားလိဂ္မွာဗိုလ္စြဲႏုိင္မွာပါ။.Come on United'
ဆုိၿပီး Instragram မွာတင္ခဲ့တာျဖစ္ပါတယ္။
ကန္တိုနာဟာအသင္းရဲ႕ အမွတိတံဆိပ္လို႔ေတာင္ ပရိတိသတ္ေတြကသတ္မွတ္ထားၾကတာျဖစ္ပါတယ္။ ကန္တိုနာဟာယူႏိုက္တက္နဲ႔အတူ ငါးႏွစ္အတြင္း အဂၤလိပ္လိဂ္ဖလား ၅ႀကိမ္နဲ႔ FA ႏွစ္ႀကိမ္ဗိုလ္စြဲထားႏိုင္တဲ့ မွတ္တမ္းေကာင္းကိုပိုင္ဆုိင္ထားသူျဖစ္ပါတယ္။ သူဟာ အသင္းအတြက္ ပြဲ၁၅၀ကစားေပးထားၿပီး ၈၂ဂိုးသြင္းယူေပးထားႏိုင္ပါတယ္။

Unicode

မန်ယူအသင်းကိုမျက်ရည်ကျစေခဲ့တဲ့ အဲရစ်ကန်တိုနာ

မန်ယူအသင်းရဲ့ရာသီကြိုပြင်ဆင်မှုတွေဖြစ်တဲ့ အမေရိကခြေစမ်းပွဲခရီးစဉ်တွေနဲ့ ကစားသမားဝယ်ယူမှုတွေဟာ ထင်သလောက်ခရီးမပေါက်ခဲ့
တဲ့အတွက် ပရိတ်သတ်တွေကအားမလိုအားမရဖြစ်နေခဲ့ကြပါတယ်။ သို့ပေမဲ့ မန်ယူ ဂန္တဝင် ကစားသမားတစ်ဦးဖြစ်တဲ့ ကန်တိုနာဟာ လက်ရှိယူနိုက်တက်ရဲ့အခြေအနေနဲ့ပတ်သက်လို့ အသင်းသားတွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြပါလို့ အငိစတာဂရမ်ပေါ်ကနေအားပေးစကားပြောခဲ့ပါတယ်။
' ဒီတစ်ပတ်ကုန်ရင်ပရီးမီးယားလိဂ်စတော့မှာပါ ပြီးတော့ငါတို့တွေပရီးမီးယားလိဂ်ရဲ့ ပွဲဦးထွက်ကိုကစားရမှာပါ ငါတို့တွေ(မန်ယူပရိတ်သတ်တွေ) အနေနဲ့ အသင်းရဲ့ကစားသမားတွေအကုန်လုံးကို ယုံကြည်မှုရှိပါတယ်။ အဲ့တော့ မင်းတို့တွေလဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။ မင်းတို့အနေနဲ့ ဒီရာသီပရီးမီးယားလိဂ်မှာဗိုလ်စွဲနိုင်မှာပါ။.Come on United'
ဆိုပြီး Instragram မှာတင်ခဲ့တာဖြစ်ပါတယ်။
ကန်တိုနာဟာအသင်းရဲ့ အမှတိတံဆိပ်လို့တောင် ပရိတိသတ်တွေကသတ်မှတ်ထားကြတာဖြစ်ပါတယ်။ ကန်တိုနာဟာယူနိုက်တက်နဲ့အတူ ငါးနှစ်အတွင်း အင်္ဂလိပ်လိဂ်ဖလား ၅ကြိမ်နဲ့ FA နှစ်ကြိမ်ဗိုလ်စွဲထားနိုင်တဲ့ မှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူဟာ အသင်းအတွက် ပွဲ၁၅၀ကစားပေးထားပြီး ၈၂ဂိုးသွင်းယူပေးထားနိုင်ပါတယ်။

Source All Football