Wednesday, August 1, 2018

Lacazette ရဲ႕ေနာက္က်ေခ်ပဂိုးနဲ႔ Gunner တုိ႔ ပင္နယ္တီအေရာက္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ကို အႏိုင္ယူ Arsenal 1-1 Chelsea (6-5 on pen)



Zawgyi

Dublin မွာကစားခဲ့တဲ့ ICC ဖလားပြဲမွာ London ၿမိဳ႕ခံအသင္းေတြျဖစ္တဲ့ Chelsea နဲ႔ Arsenal တုိ႔ယွဥ္ၿပိဳင္ကစားခဲ့ၾကပါတယ္။ အဆုိပါပြဲမွာေတာ့ Chelsea ကစားသမားေဟာင္း Petr Cech ဟာ နည္းျပသစ္ Unai Emery ရဲ႕အသင္းကို အႏိုင္ရေစႏုိင္မဲ့ ပင္နယ္တီအဆံုးအျဖတ္ကိုကာကြယ္ေပးႏုိင္ခဲ့ပါတယ္။
ဒီပြဲမွာ Callum Hudson-Odoi ေျခစြမ္းျပကစားႏိုင္ခဲ့ေပမဲ့ Morata ရဲ႕အဆံုးသတ္ညံဖ်င္းမႈ နဲ႔ ဂိုးသမား Petr Chech ရဲ႕ကာကြယ္မႈေတြၾကာင့္ Chelsea အသင္းဟာ Rudiger ရဲ့ ပထမပိုင္း ၅မိနစ္ကသြင္းဂိုးတစ္ဂိုးထဲနဲ႔ဦးေဆာင္ႏိုင္ခဲ့တာပါ။
ဒါအျပင္ Morata ဟာ ၁၅မိနစ္မွာ ပင္နယ္တီကန္သြင္းခြင့္ရခဲ့ေပမဲ့ အခြင့္ေရးကိုလြဲေခ်ာ္ခဲ့ပါေသးတယ္။ နာက်င္အခ်ိန္ပိုအေရာက္ ပြဲခ်ိန္ ၉၃မိနစ္မွာမွ Arsenal အသင္းအတြက္ ေခ်ပဂိုးကို Alexandre Lacazette က သြင္းယူေပးႏို္င္ခဲ့ပါတယ္။
ပင္နယ္တီအဆံုးအျဖတ္မွာေတာ့ Arsenalအသင္းဘက္မွ Lacazette, Nelson, Guendouzi, Maitland-Niles,
Özil, Iwobi တို႔သြင္းယူနိုင္ခဲ့ျပီး Chelseaအသင္းဘက္မွ Drinkwater,
Abraham, Moses, Emerson,
Lucas Piazonတုိ႔ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့ပါတယ္။
အဆံုးအျဖတ္ဂိုးျဖစ္တဲ့ Loftus-Cheekရဲ႕ကန္သြင္းမႈကိုေတာ့ Cech ကာကြယ္ႏုိင္ခဲ့လို႔ ၇ဂိုး၆ဂိုးနဲ႔ Arsenal အႏုိင္ရ႐ွိခဲ့ပါတယ္။


Unicode

Lacazette ရဲ့နောက်ကျချေပဂိုးနဲ့ Gunner တို့ ပင်နယ်တီအရောက်မှာ မြို့ခံပြိုင်ဘက်ကို အနိုင်ယူ

Arsenal 1-1 Chelsea (6-5 on pen)

Dublin မှာကစားခဲ့တဲ့ ICC ဖလားပွဲမှာ London မြို့ခံအသင်းတွေဖြစ်တဲ့ Chelsea နဲ့ Arsenal တို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲမှာတော့ Chelsea ကစားသမားဟောင်း Petr Cech ဟာ နည်းပြသစ် Unai Emery ရဲ့အသင်းကို အနိုင်ရစေနိုင်မဲ့ ပင်နယ်တီအဆုံးအဖြတ်ကိုကာကွယ်ပေးနိုင်ခဲ့ပါတယ်။
 ဒီပွဲမှာ Callum Hudson-Odoi ခြေစွမ်းပြကစားနိုင်ခဲ့ပေမဲ့ Morata ရဲ့အဆုံးသတ်ညံဖျင်းမှု နဲ့ ဂိုးသမား Petr Chech ရဲ့ကာကွယ်မှုတွေကြာင့် Chelsea အသင်းဟာ Rudiger ရဲ့ ပထမပိုင်း ၅မိနစ်ကသွင်းဂိုးတစ်ဂိုးထဲနဲ့ဦးဆောင်နိုင်ခဲ့တာပါ။
ဒါအပြင် Morata ဟာ ၁၅မိနစ်မှာ ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမဲ့ အခွင့်ရေးကိုလွဲချော်ခဲ့ပါသေးတယ်။ နာကျင်အချိန်ပိုအရောက် ပွဲချိန် ၉၃မိနစ်မှာမှ Arsenal အသင်းအတွက် ချေပဂိုးကို Alexandre Lacazette က သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာတော့ Arsenalအသင်းဘက်မှ Lacazette, Nelson, Guendouzi, Maitland-Niles,
Özil, Iwobi တို့သွင်းယူနိုင်ခဲ့ပြီး Chelseaအသင်းဘက်မှ Drinkwater,
Abraham, Moses, Emerson,
Lucas Piazonတို့ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။
အဆုံးအဖြတ်ဂိုးဖြစ်တဲ့ Loftus-Cheekရဲ့ကန်သွင်းမှုကိုတော့ Cech ကာကွယ်နိုင်ခဲ့လို့ ၇ဂိုး၆ဂိုးနဲ့ Arsenal အနိုင်ရရှိခဲ့ပါတယ်။

No comments:

Post a Comment