Thursday, August 9, 2018




Zawgyi


Unicode

ဘာစီလိုနာအသင်းမှ ရာရီမီနာနဲ့ အန်ဒရီ ဂိုးမက်ဇ် တို့ အဲဗာတန်အသင်းသို့ပြောင်းရွေ့
ဘာစီလိုနာအသင်းဟာ ရာရီမီနာကိုပြောင်းရွှေ့ကြေးယူရိုသန်း ၃၀နဲ့ အဲဗာတန်အသင်းထံရောင်းချခဲ့တယ်လို့အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါအပြင် အန်ဒရီဂိုးမက်ဇ်ကိုလည်း တစ်နှစ်စာချုပ်နဲ့ အဲဗာတန်အသင်းထံအငှါးချခဲ့ပါတယ်။ ကိုလံဘီယာနောက်ခံလူ မီနာဟာအစောပိုင်းက မန်ယူအသင်းနဲ့ လိုင်ယွန်အသင်းတို့ရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပြီး အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေခဲ့တာပါ။ ဒါ့အပြင်ကွင်းလယ်လူ အန်ဒရီဂိုးမက်ကိုလဲ ယူရို ၂.၂၅သန်းနဲ့ တစ်ရာသီစာအငှါးချခဲ့ပါသေးတယ်။ ဒါကြောင့်ဂိုးမက်ဇ်ဟာ ၂၀၁၈-၁၉ရာသီကုန်ထိ အဲဗာတန်မှာရှိနေမှာဖြစ်ပြီး အဆိုပါကစားသမားရဲ့ လစားကို အဲဗာတန်ဘက်မှပေးချေမယ်လို့သိရပါတယ်။
Source All Football

No comments:

Post a Comment