Saturday, August 11, 2018

#Sarri's Thoughts: Pre-Hudderfield


မနက္ျဖန္ည ျမန္မာစံေတာ္ခ်ိန္ ည(8:30)တြင္ ဟက္ဒါးဖီးလ္ေတာင္း အသင္းႏွင့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အတြက္ ခ်ဲလ္ဆီးနည္းျပ ဆာရီ၏ ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲမွ ေျပာၾကားခ်က္မ်ား
×××××××××××××××××××××××××××

ေမး - ကီပါ ႏွင့္ ကိုဗာဆစ္ကို ေခၚႏိုင္​ခဲလို႔ ဘယ္ေလာက္​ထိ​ ေက်နပ္​မ​ႈ႐ွိပါသလဲ?? ၿပီးေတာ့ သူတို႔ႏွစ္​​ေယာက္​လံုး ပြဲထြက္ကစားဖို႔ အဆင္​သင့္ ျဖစ္ေနျပ​​ီလား??

ဆာရီ - ႏွစ္​​ေယာက္​လံုးကို​ ေခၚနိင္​ခဲ့လို႔ ​ေက်နပ္အားရမိပါတယ္​။ ​ေကာ္​တိုရစ္​ကလည္​း မက္​ဒရစ္​ကို​ ေျပာင္​းသြားပါၿပီ။ ကြၽန္​​ေတာ္​တို႔ ကမၻာ့အ​ေကာင္​းဆံုးဂိုးသမား​ေတြထဲက တစ္​​ေယာက္​ကိုဆံုး႐ွံဳးခဲ့ရပါတယ္​။ ဒါ​ေပမယ္​့ ကြၽန္ေတာ္တို႔ လူငယ္​ဂိုးသမားတစ္ေယာက္​ႏွင္​့ အစားထိုးႏိုင္​ခဲ့တယ္​။ ဥ​ေရာပရဲ႕ အ​ေကာင္​း​ဆံုး လူငယ္​ဂိုးသမား​ေတြထဲက တစ္​​ေယာက္​​ေပါ့။ ကိုဗာဆစ္​ကို​ ေခၚႏိုင္​ခဲ့ဲျပန္​လို႔လည္​း ​ေပ်ာ္ရႊင္ခဲ့ရပါတယ္​။ သူ႔မွာထူးျခားတဲ့ ပင္ကိုစြမ္းရည္​ေတြ ႐ွိပါတယ္​။ ဒါဟာ ကြၽန္​​​​ေတာ္တို႔အသင္းကို​ ေကာင္​း​ေကာင္​းအက်ိဳးျပဳ​ေစမ​ွာပါ။ ကြၽန္​​ေတာ္​တို႔အသင္း ျပည့့္စံုၿပီလို႔ ခံစားရပါတယ္​..။

ေမး - ကီပါက ေကာ္တိုရစ္ထက္​ ပို​ေကာင္​းႏိုင္​လား?? ၿပီးေတာ့ ကိုဗာဆစ္ကို ဘာ​ေၾကာင္​့ ႀကိဳက္ႏွစ္သက္ရလဲ??

ဆာရီ - ယခုခ်ိန္​မွာ ဒါကိုႀကိဳမ​ေျပာႏိုင္​​ေသးဘူး။ အခ်ိန္​က ဆံုးျဖတ္​​ေပးသြားမွာပါ။ ကီပါရဲ႕ အသက္​ဟာ ၂၃ပဲ ႐ွိ​ေသးတာပါ။ သူဟာ လ်ွင္ျမန္​စြာတိုးတက္​လာမွာပါ။ ဒါ​ေပမယ္​့ ေကာ္တိုရစ္က ေကာ္တိုရစ္ပါဘဲ၊ ကိုဗာဆစ္လား.. သူဟာ နည္​းစနစ္​ပိုင္​း ကြၽမ္းက်င္​တဲ့ ကစားသမားတစ္​​ေယာက္​ပါ။ အျမန္​ဆံုးအသင္​းနဲ႔ အထိုင္​က်လိမ္​့မယ္​လို႔ ယံုၾကည္​ပါတယ္​..။

ေမး - ဒီတစ္ပတ္အတြင္းမွာ ျဖစ္ခဲ့တဲ့ ​ေကာ္တိုရစ္​ရဲ႕ အျပဳအမူ​ေတြအ​ေပၚ ဘယ္​လိုတံု႔ျပန္​မလဲ?? အီဒင္ဟာဇက္​က ၾကားညႇပ္​​ေနသလို ျဖစ္ခဲ့တာလား??

ဆာရီ - ေကာ္တိုရစ္ကိစၥမွာ ပုဂိၢဳလ္​​ေရးဆိုင္​ရာ အေၾကာင္​းျပခ်က္​​ေတြ ႐ွိမွာပါ။ ကြၽန္​​ေတာ္​ ဒါေတြကို မွတ္​ခ်က္မ​ေပးႏိုင္ပါဘူး။ အီဒင္က ကြၽန္​​ေတာ္​တို႔နဲအတူ ႐ွိ​ေနမွာပါ။ ကြၽန္​​ေတာ္​သူနဲ႔ သံုး​ေလးႀကိမ္​​ေလာက္​ စကား​ေျပာပီးပါၿပီ ။ သူ႔ဘက္​က အသင္း​ေျပာင္​း​ေရႊ႔ဖို႔ ဘယ္တုန္းကမွ မ​ဖြင္​့ဟဖူးပါဘူး။ သူဒီမွာ​ေနရတာ ​ေပ်ာ္ေနတယ္​လို႔ ကြၽန္​​ေတာ္ထင္ပါတယ္..။

ေမး - ဥ​ေရာပကလပ္​အသင္​း​ေတြ ဝီလီယံႏွင့္​့ဟာဇက္ကို​ ေခၚယူခ်င္ေနတဲ့အေပၚ စိုးရိမ္​မႈျဖစ္လား??

ဆာရီ - ယခုခ်ိန္​မွာ အ​ေျပာင္​း​ေရႊ႔ကလည္​း ပိတ္သြားခဲ့ပါၿပီ။ ဒါ​ေၾကာင့္ မျဖစ္​ႏိုင္​​ေတာ့ဘူးလို႔ ႔ထင္​ပါတယ္​။ ကြၽန္​​ေတာ့အသင္းက အေရးႀကီး ကစားသမားအခ်ိဳ႕ကို လက္လႊတ္မဆံုး႐ွံဳးေစခ်င္​ဘူး..။

ေမး - ကစားသမားအခ်ိဳ႕ကို ေနာက္ထက္ အငွါးေစလႊတ္ဖို႔႐ွိလား??

ဆာရီ - ကြၽန္​​ေတာ္​့အသင္​းမွာ ကစားသမား​ေတြ မ်ားေနတယ္​လို႔ထင္​တယ္​။ တခ်ိဳ႕ကို အငွါးေစလႊတ္​ဖို႔ ႐ွိပါတယ္​။ အသင္​းမွာ ကစားသမား ၂၃၊ ၂၄​ေယာက္​​ေလာက္​သာ ထားမယ္​လို႔ စိတ္​ကူးထားပါတယ္။ လူငယ္ကစားသမား​ေတြ​ေရာ​ေပါ့..။

ေမး - ဘာကာယိုကို အငွားထြက္​ၿပီး ကစားႏိုင္လား??

ဆာရီ - ျဖစ္​​ေကာင္​းျဖစ္​ႏိုင္​ပါတယ္။ ဒါ​ေပမယ္​့ ယခု​ခ်ိန္ထိေတာ့ တိတိက်က် မသိရ​ေသးပါဘူး။ ယခုခ်ိန္​မွာ အသင္​းရဲ႕ ပြဲစဥ္​​​ေတြအ​ေၾကာင္​းပဲ စိတိဝင္​စားပါတယ္​..။

ေမး - ဟာဇက္စာခ်ဳပ္​ကိစၥနဲ႔ ပတ္​သက္​ၿပီး ​ေဆြးေႏြးၿပီးၿပီလား??

ဆာရီ - ကြၽန္​​ေတာ္​စာခ်ဳပ္​အ​ေၾကာင္​း မေဆြးေႏြးခ်င္ပါဘူး။ ဒါက ကြၽန္​​ေတာ္​လုပ္​ရမယ္​့အပိုင္​း မဟုတ္​ပါဘူးေလ။ ကြၽန္​​ေတာ္​့တာဝန္​က ကစားသမား​ေတြ တိုးတက္​လာဖို႔ပါ။ ကြၽန္ေတာ္လုပ္​ရမွာက ပြဲစဥ္​​ေတြအႏိုင္​ရဖို႔ပါပဲ။ စာခ်ဳပ္​အသစ္​​ေတြ ခ်ဳပ္​ဖို႔မဟုတ္​ပါဘူး။ ဒါ​ေပမယ္​့ ဒီမွာအရမ္​း​ေပ်ာ္​​ေနတဲ့ ကစားသမားတစ္ေယာက္​ကို​ ေတြ႔ထားပါတယ္​။သူ႔အတြက္​ စာခ်ဳပ္​သစ္​ခ်ဳပ္​ဆိုျဖစ္​မွာပါ..။

ေမး - အသင္းေခါင္ေဆာင္လက္​ပတ္​က ဘယ္သူ႔အတြက္​ ျဖစ္လာမလဲ??

ဆာရီ - မနက္ျဖန္​ပြဲအတြက္​​ေတာ့ ဆီဇာ(အက္ပီလီကြီတာ)က အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူမွာပါ။ ဒါ​ေပမယ့္ ဒါက ​ေနာက္​ဆံုးဆံုးျဖတ္ခ်က္​ မဟုတ္​ပါဘူး။ ကစားသမားတစ္ေယာက္​ခ်င္​းစီ အ​ေၾကာင္​းကို သိၿပီးရင္​​ေတာ့ ​ေနာက္​ဆံုးဆံုးျဖတ္​ခ်က္​တစ္​ခု ခ်သြားမွာပါ..။

ေမး - မနက္​ျဖန္​ပြဲမွာ ဂိုးသမားသစ္ ကီပါ ပြဲထြက္​လာႏိုင္လာ??

ဆာရီ - ကြၽန္​​ေတာ္​မသိေသးပါဘူး။ သူဟာ မနက္​ျဖန္​ကစားမယ့္ လူစာရင္​း​ထဲက တစ္ေယာက္​ပါ။ ဒါ​ေပမယ့္ ဒီကိစၥကို ကြၽန္​​ေတာ္​ဆံုးျဖတ္​သြားမွာပါ..။

Unicode

#Sarri's Thoughts: Pre-Hudderfield

မနက်ဖြန်ည မြန်မာစံတော်ချိန် ည(8:30)တွင် ဟက်ဒါးဖီးလ်တောင်း အသင်းနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အတွက် ချဲလ်ဆီးနည်းပြ ဆာရီ၏ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှ ပြောကြားချက်များ
×××××××××××××××××××××××××××

မေး - ကီပါ နှင့် ကိုဗာဆစ်ကို ခေါ်နိုင်ခဲလို့ ဘယ်လောက်ထိ ကျေနပ်မှုရှိပါသလဲ?? ပြီးတော့ သူတို့နှစ်ယောက်လုံး ပွဲထွက်ကစားဖို့ အဆင်သင့် ဖြစ်နေပြီလား??

ဆာရီ - နှစ်ယောက်လုံးကို ခေါ်နိင်ခဲ့လို့ ကျေနပ်အားရမိပါတယ်။ ကော်တိုရစ်ကလည်း မက်ဒရစ်ကို ပြောင်းသွားပါပြီ။ ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်ကိုဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူငယ်ဂိုးသမားတစ်ယောက်နှင့် အစားထိုးနိုင်ခဲ့တယ်။ ဥရောပရဲ့ အကောင်းဆုံး လူငယ်ဂိုးသမားတွေထဲက တစ်ယောက်ပေါ့။ ကိုဗာဆစ်ကို ခေါ်နိုင်ခဲ့ဲပြန်လို့လည်း ပျော်ရွှင်ခဲ့ရပါတယ်။ သူ့မှာထူးခြားတဲ့ ပင်ကိုစွမ်းရည်တွေ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့အသင်းကို ကောင်းကောင်းအကျိုးပြုစေမှာပါ။ ကျွန်တော်တို့အသင်း ပြည့်စုံပြီလို့ ခံစားရပါတယ်..။

မေး - ကီပါက ကော်တိုရစ်ထက် ပိုကောင်းနိုင်လား?? ပြီးတော့ ကိုဗာဆစ်ကို ဘာကြောင့် ကြိုက်နှစ်သက်ရလဲ??

ဆာရီ - ယခုချိန်မှာ ဒါကိုကြိုမပြောနိုင်သေးဘူး။ အချိန်က ဆုံးဖြတ်ပေးသွားမှာပါ။ ကီပါရဲ့ အသက်ဟာ ၂၃ပဲ ရှိသေးတာပါ။ သူဟာ လျှင်မြန်စွာတိုးတက်လာမှာပါ။ ဒါပေမယ့် ကော်တိုရစ်က ကော်တိုရစ်ပါဘဲ၊ ကိုဗာဆစ်လား.. သူဟာ နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့ ကစားသမားတစ်ယောက်ပါ။ အမြန်ဆုံးအသင်းနဲ့ အထိုင်ကျလိမ့်မယ်လို့ ယုံကြည်ပါတယ်..။

မေး - ဒီတစ်ပတ်အတွင်းမှာ ဖြစ်ခဲ့တဲ့ ကော်တိုရစ်ရဲ့ အပြုအမူတွေအပေါ် ဘယ်လိုတုံ့ပြန်မလဲ?? အီဒင်ဟာဇက်က ကြားညှပ်နေသလို ဖြစ်ခဲ့တာလား??

ဆာရီ - ကော်တိုရစ်ကိစ္စမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်တွေ ရှိမှာပါ။ ကျွန်တော် ဒါတွေကို မှတ်ချက်မပေးနိုင်ပါဘူး။ အီဒင်က ကျွန်တော်တို့နဲအတူ ရှိနေမှာပါ။ ကျွန်တော်သူနဲ့ သုံးလေးကြိမ်လောက် စကားပြောပီးပါပြီ ။ သူ့ဘက်က အသင်းပြောင်းရွှေ့ဖို့ ဘယ်တုန်းကမှ မဖွင့်ဟဖူးပါဘူး။ သူဒီမှာနေရတာ ပျော်နေတယ်လို့ ကျွန်တော်ထင်ပါတယ်..။

မေး - ဥရောပကလပ်အသင်းတွေ ဝီလီယံနှင့့်ဟာဇက်ကို ခေါ်ယူချင်နေတဲ့အပေါ် စိုးရိမ်မှုဖြစ်လား??

ဆာရီ - ယခုချိန်မှာ အပြောင်းရွှေ့ကလည်း ပိတ်သွားခဲ့ပါပြီ။ ဒါကြောင့် မဖြစ်နိုင်တော့ဘူးလို့ထင်ပါတယ်။ ကျွန်တော့အသင်းက အရေးကြီး ကစားသမားအချို့ကို လက်လွှတ်မဆုံးရှုံးစေချင်ဘူး..။

မေး - ကစားသမားအချို့ကို နောက်ထက် အငှါးစေလွှတ်ဖို့ရှိလား??

ဆာရီ - ကျွန်တော့်အသင်းမှာ ကစားသမားတွေ များနေတယ်လို့ထင်တယ်။ တချို့ကို အငှါးစေလွှတ်ဖို့ ရှိပါတယ်။ အသင်းမှာ ကစားသမား ၂၃၊ ၂၄ယောက်လောက်သာ ထားမယ်လို့ စိတ်ကူးထားပါတယ်။ လူငယ်ကစားသမားတွေရောပေါ့..။

မေး - ဘာကာယိုကို အငှားထွက်ပြီး ကစားနိုင်လား??

ဆာရီ - ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယခုချိန်ထိတော့ တိတိကျကျ မသိရသေးပါဘူး။ ယခုချိန်မှာ အသင်းရဲ့ ပွဲစဉ်တွေအကြောင်းပဲ စိတိဝင်စားပါတယ်..။

မေး - ဟာဇက်စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပြီးပြီလား??

ဆာရီ - ကျွန်တော်စာချုပ်အကြောင်း မဆွေးနွေးချင်ပါဘူး။ ဒါက ကျွန်တော်လုပ်ရမယ့်အပိုင်း မဟုတ်ပါဘူးလေ။ ကျွန်တော့်တာဝန်က ကစားသမားတွေ တိုးတက်လာဖို့ပါ။ ကျွန်တော်လုပ်ရမှာက ပွဲစဉ်တွေအနိုင်ရဖို့ပါပဲ။ စာချုပ်အသစ်တွေ ချုပ်ဖို့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမှာအရမ်းပျော်နေတဲ့ ကစားသမားတစ်ယောက်ကို တွေ့ထားပါတယ်။သူ့အတွက် စာချုပ်သစ်ချုပ်ဆိုဖြစ်မှာပါ..။

မေး - အသင်းခေါင်ဆောင်လက်ပတ်က ဘယ်သူ့အတွက် ဖြစ်လာမလဲ??

ဆာရီ - မနက်ဖြန်ပွဲအတွက်တော့ ဆီဇာ(အက်ပီလီကွီတာ)က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမှာပါ။ ဒါပေမယ့် ဒါက နောက်ဆုံးဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကစားသမားတစ်ယောက်ချင်းစီ အကြောင်းကို သိပြီးရင်တော့ နောက်ဆုံးဆုံးဖြတ်ချက်တစ်ခု ချသွားမှာပါ..။

မေး - မနက်ဖြန်ပွဲမှာ ဂိုးသမားသစ် ကီပါ ပွဲထွက်လာနိုင်လာ??

ဆာရီ - ကျွန်တော်မသိသေးပါဘူး။ သူဟာ မနက်ဖြန်ကစားမယ့် လူစာရင်းထဲက တစ်ယောက်ပါ။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော်ဆုံးဖြတ်သွားမှာပါ..။

============================

Credit Wai_Phyo
Credit Chelseasports

No comments:

Post a Comment