Monday, August 6, 2018



Zawgyi









နံနက်ခင်းသတင်းတိုများ

Unicode

မန်ယူအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ပေါပေါ့ဘာကိုရောင်းချမှာမဟုတ်ဘူးလို့ပြေူဆိုခဲ့ပါတယ်။ ပေါ့ဘာဟာ ၂၀၁၆ခုနှစ်ကမန်ယူအသင်းကို ပေါင်သန်း၁၀၀ဝန်းကျင်နဲ့ပြောင်ရွှေ့ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းသုံးနှစ်ခန့်ကျန်ရှိနေသေးတာဖြစ်ပါတယ်။

မန်ယူအသင်းနဲ့သတင်းတွေထွက်ပေယ်နေတဲ့ ချဲလ်ဆီးကွင်းလယ်လူ ဝီလျံဟာလည်း နည်းပြမော်ရင်ဟိုနဲ့ နောက်တစ်ကြိမ်လက်တွဲလိုကြောင်းထုတ်ဖေယ်ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ မန်ယူအသင်းဟာ အသင်းရဲ့ကစားသမားတွေဖြစ်ကြတဲ့ ဝီလျံနဲ့ မာရှယ်ကို ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းဝန်းကျင်ခန့်အလိုရှိနေကြပါတယ်။ အဆိုပါကစားသမားနှစ်ဦးကိုအလဲအလှယ်လုပ်ရုံကလွဲလို့ အခြားပြိုင်ဘက်ပရီးမီးယားလိဂ်အသင်းတွေထံရောင်းချမှာမဟုတ်ဘူးလို့လဲသိရပါတယ်။

ခရိုအေးရှား ကွင်းလယ်လူ ကိုဗာစစ်ဟာ ရီရဲမှာအနာဂတ်မသေမချာဖြစ်နေပြီး သူ့အနာဂတ်နဲ့ပတ်သက်လို့ သေသေချာချာမဖြေရှင်းနိုင်သေးခင်ထိ အသင်းရဲ့လေ့ကျင်ရေးအစီအစဉ်တွေမှာပါဝင်မှာမဟုတ်ဘူးလို့သိရပါတယ်။

ချဲလ်ဆီးကစားသမား ဝီလျံက အသင်းရဲ့လက်ရှိနည်းပြ ဆာရီဟာ နည်းပြဟောင်းကွန်တီကဲ့သို့မဟုတ်ဘူးလို့ ESPNနဲ့အင်တာဗျူးမှာဆိုပါတယ်။ ကွန်တီဟာခက်ခက်ခဲခဲကြိုးစားပေမဲ့ ရှုပ်ထွေးပြီးနားလည်ရခက်ပါတယ် လို့ဆိုပါတယ်။

အန်ဇွန်စီကိုခေါ်ယူဖို့မအောင်မြင်ခဲ့တဲ့ ရိုးမယးအသင်းဟာ စပါးကွင်းလယ်လူ ဗစ်တာဝမ်ယာမား ကိုခေါ်ယူဖွယ်ရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။

ESPN , Intel နဲ့ University of Bath ရဲ့သုတေသနအရ ယမန်နှစ်က လီဗာပူးအသင်းဟာ ကံအဆိုးဆုံးအသင်းဖြစ်ခဲ့ပြီး မန်ယူအသင်းကကံအကောင်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ ကံဆိုးမှုကြောင့် လီဗာပူးအသင်း ၁၂မှတိခန့်နစ်နာခဲ့ရပြီး မန်ယူအသင်းကတော့ ၆မှတ်လောက်အချောင်ရခဲ့တယ်လို့ဆိုပါတယ်။

အာဆင်နယ်အသင်းရဲ့လူငယ် တိုက်စစ်မှူး လူးကပ်စ်ပါရက် ဟာဝက်စ်ဟမ်းအသင်းထံပြောင်းရွှေ့တော့မယ်လို့သတင်းရရှိပါတယ်။ အာဆင်နယ်ကစားသမားအီဝိုဘီကတော့ အသင်းမှာ၂၀၂၂ထိရှိနေမဲ့စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပါတယ်

Source All Football

No comments:

Post a Comment