Monday, August 6, 2018



Zawgyi






Unicode

#ရော်နယ်ဒို မရှိတဲ့ မက်ဒရစ်တိုက်စစ် ရုန်းကန်ရလိမ့်မယ်လို့
တိုနီခရူးစ် ဆို
==============================

ရော်နယ်ဒိုဟာ ရီးရဲလ်မှာ ၉ နှစ်ကြာ ကစားခဲ့ပြီး  ဂျူဗင်တပ် အသင်းကို  ပေါင်သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

 ရော်နယ်ဒိုဟာ ရီးရဲလ်မတ်ဒရစ် အသင်းအတွက် ၄၃၈ ပွဲ ကစားပေးပြီး ၄၅၀ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးကောင်း တစ်ယောက် ဖြစ်တဲ့အပြင် ရွှေဘောလုံး ၅ ဆုရှင်လည်း ဖြစ်ပါတယ်။

ခရူးစ်က"သူ့ရဲ့ တစ်ရာသီ ဂိုး ၅၀ ကျော် သွင်းယူနိုင်မှုကို အစားထိုးဖို့ မလွယ်ကူပါဘူး။  ရော်နယ်ဒိုဟာ အသင်းရဲ့ ကစားပုံတည်ဆောက်ရာမှာရော နိုင်ပွဲတွေအတွက် အရေးပါတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ အနိုင်ရရှိဖို့ ခက်ခဲတော့မှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ရီးရဲမက်ဒရစ်ကလည်း ရိုနယ်ဒိုရဲ့ နေရာအစားထိုးဖို့ ဆက်လက်ရှာဖွေရအုံးမှာ ဖြစ်သလို နည်းပြသစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ရော်နယ်ဒိုမရှိတော့တဲ့ မက်ဒရစ်ဟာ ချံပီယံလိဂ် ဘုရင်လို့ အခေါ်ခံရအုံးမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်၊

ရီးရဲလ်မတ်ဒရစ် အသင်းဟာလည်း မနှစ်က ၄၄ ပွဲမှာ ၄၄ ဂိုးသွင်းယူနိုင်တဲ့ ရော်နယ်ဒိုရဲ့ နေရာကို အစားထိုးဖို့ တိုက်စစ်မှူး ရှာဖွေနေဆဲ ဖြစ်ပါတယ်။

No comments:

Post a Comment