Thursday, August 9, 2018

ဘရာဇီးကေလးငယ္ႏွစ္ေယာက္ရဲ႕အသက္ကိုကယ္တင္ႏိုင္လိုက္တဲ့ ဖာမီႏုိ



Zawgyi

ဘရာဇီးအသင္းနဲ႔ လီဗာပူးအသင္းရဲ႕ၾကယ္ပြင့္ျဖစ္တဲ့ ဖာမီႏုိဟာ ဘရာဇီးကေလးငယ္ႏွစ္ေယာက္ရဲ႕ ေဆးကုသ စားရိတ္ေပါင္ ၅၉၀၀၀ ခန္႔ကိုေပးေခ်ခဲ့တယ္လို႔သိရပါတယ္။ ဂ်ိဳရာအိုနဲ႔ မီဂူးလ္ လို႔အမည္ရတဲ့ အဆုိပါကေလးငယ္ႏွစ္ဦးဟာညီအစ္ကိုေတြျဖစ္ၾကၿပီး သူတို႔မိဘေတြဟာ ေဆးကုသစားရိတ္အခက္အခဲျဖစ္ေပၚေနတဲ့အတြက္ social media ေပၚကေန အကူအညီေတာင္းခံခဲ့တာျဖစ္ပါတယ္။ ကေလးငယ္ႏွစ္ဦးဟာ မ်ိဳး႐ိုးဗီဇေၾကာင့္ျဖစ္တဲ့ ထူးထူးျခားျခား ေရာဂါတစ္မ်ိဳးကိုခံစားေနရတာျဖစ္ၿပီး သူတို႔ႏွစ္ဦးအတြက္ ေဆးကုသစားရိတ္ဟာ တစ္ႏွစ္စာအတြက္ ေပါင္ ၈သိန္းေက်ာ္လိုအပ္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့ အဆုိပါကေလးငယ္ေတြဆီကို ဖာမီႏုိနဲ႔ဇနီးျဖစ္သူဟာေရာက္႐ွိလာခဲ့ၿပီး ကနဦးေပးေခ်ရမဲ့ ေပါင္၆ေသာင္းခန္႔ကိုေပးေခ်သြားခဲ့တာျဖစ္ပါတယ္။ က်န္႐ွိေနေသးတဲ့ေငြပမာဏကိုလည္း ဆက္လက္ေပးေခ်ေပးသြားမွာျဖစ္တယ္လို႔ဘရာဇီးအေျခစိုက္ ဂလိုဘိုသတင္းစာကဆုိပါတယ္။  ကေလးငယ္ေတြရဲ႕မိဘေတြျဖစ္တဲ့ အဲလက္စ္နဲ႔ အေမာ္ရင္တိဳ့ဟာ ဖာမီႏုိကိဳအလြန္အမင္းေက်းဇူးတင္ခဲ့ၾကၿပီး ၆ႏွစ္အရြယ္ ဂ်ဳိရာအိုနဲ႔ ၁၁လသားအရြယ္ မီဂူးတုိ႔ဟာ ေဆးကုသဖို႔လံုေလာက္ခဲ့ၿပီျဖစ္ပါတယ္။
ဖာမီႏုိဟာ လီဗာပူးနဲ႔ ၿပီးခဲ့အပတ္ကျပန္လည္ပူးေပါင္းခဲ့ၿပီး နာပိုလီအသင္းနဲ႔ပြဲစဥ္မွာဝင္ေရာက္ကစားခဲ့ပါတယ္။ တုိရီႏုိကို ၃ဂိုး၁ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ အေရးပါတဲ့သြင္းဂုိးတစ္ဂုိးရ႐ွိေအာင္ေဆာင္ရြက္ေပးႏိုင္ခဲ့ပါတယ္။
ဂလုိဘိုနဲ႔အင္တာဗ်ဴးမွာ ဖာမီႏုိရဲ႕ ဇနီးပရာရီရာက
"ကြၽန္မတုိ႔လဲ အဲ့လိုအေျခေနမ်ဳိးၾကံဳခဲ့ရဖူးပါတယ္။ ကြၽန္မတုိ႔လဲအခုမိဘေနရာေရာက္ေနပါၿပီ။ အဲ့ဒါေၾကာင့္သူတို႔သားသမီးေတြအတြက္သူတို႔ခံစားခ်ကိကိုကြၽန္မတုိ႔အျပည့္အဝသေဘာေပါက္ပါတယ္။ သူတို႔မိသားစုေတြေက်ာ္ျဖတ္ေနရတဲ့ ဒုကၡမ်ိဳးကိုကြၽန္မတုိ႔လဲေက်ာ္ျဖတ္ခဲ့ရတာပါ"
လို႔ဆုိပါတယ္။
ေရာ္ဘာတုိက အံျသဖို႔ေကာင္းတဲ့လူစားပါ။ သူ႔မွာမြန္ျမတ္တဲ့ခံယူခ်က္မ်ိဳး႐ွိပါတယ္။ အဲ့အတြက္ကြၽန္မတုိ႔ ကေလးငယ္ႏွစ္ဦးကိုကယ္တင္ခဲ့ၾကတာပါ"
ဖာမီႏုိဟာလီဗာပူးအသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၁သိန္း၈ေသာင္း
ရ႐ွိေနေပမဲ့ အဂၤလန္နုိင္ငံရဲ႕အခြန္ဥပေဒအရ ႏုိင္ငံျခားေဘာလံုးသမားေတြအေပၚဝင္ေငြခြန္ ၄၅ရာခိုင္ႏႈန္းေကာက္ခံတဲ့အျပင္ ဘရာဇီးႏုိင္ငံမွာလဲအခြန္၂၅ရာခိုင္ႏႈန္းကိုႏုိင္ငံျခားဝင္ေငြအတြက္ေပးေဆာငိေနရတာပါ။ ထို႔အတြက္ ဖာမီႏုိရဲ႕ေပါင္ ၈သိန္းလွဴဒါန္းမႈကို ဘရားဇီးမီဒီယာေတြကခ်ီးက်ဴးဂုဏ္ျပဳေနၾကတာျဖစ္ပါတယ္။
Unicode
ဘရာဇီးကလေးငယ်နှစ်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်လိုက်တဲ့ ဖာမီနို
ဘရာဇီးအသင်းနဲ့ လီဗာပူးအသင်းရဲ့ကြယ်ပွင့်ဖြစ်တဲ့ ဖာမီနိုဟာ ဘရာဇီးကလေးငယ်နှစ်ယောက်ရဲ့ ဆေးကုသ စားရိတ်ပေါင် ၅၉၀၀၀ ခန့်ကိုပေးချေခဲ့တယ်လို့သိရပါတယ်။ ဂျိုရာအိုနဲ့ မီဂူးလ် လို့အမည်ရတဲ့ အဆိုပါကလေးငယ်နှစ်ဦးဟာညီအစ်ကိုတွေဖြစ်ကြပြီး သူတို့မိဘတွေဟာ ဆေးကုသစားရိတ်အခက်အခဲဖြစ်ပေါ်နေတဲ့အတွက် social media ပေါ်ကနေ အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။ ကလေးငယ်နှစ်ဦးဟာ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ထူးထူးခြားခြား ရောဂါတစ်မျိုးကိုခံစားနေရတာဖြစ်ပြီး သူတို့နှစ်ဦးအတွက် ဆေးကုသစားရိတ်ဟာ တစ်နှစ်စာအတွက် ပေါင် ၈သိန်းကျော်လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါကလေးငယ်တွေဆီကို ဖာမီနိုနဲ့ဇနီးဖြစ်သူဟာရောက်ရှိလာခဲ့ပြီး ကနဦးပေးချေရမဲ့ ပေါင်၆သောင်းခန့်ကိုပေးချေသွားခဲ့တာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ငွေပမာဏကိုလည်း ဆက်လက်ပေးချေပေးသွားမှာဖြစ်တယ်လို့ဘရာဇီးအခြေစိုက် ဂလိုဘိုသတင်းစာကဆိုပါတယ်။  ကလေးငယ်တွေရဲ့မိဘတွေဖြစ်တဲ့ အဲလက်စ်နဲ့ အမော်ရင်တို့ဟာ ဖာမီနိုကိုအလွန်အမင်းကျေးဇူးတင်ခဲ့ကြပြီး ၆နှစ်အရွယ် ဂျိုရာအိုနဲ့ ၁၁လသားအရွယ် မီဂူးတို့ဟာ ဆေးကုသဖို့လုံလောက်ခဲ့ပြီဖြစ်ပါတယ်။
ဖာမီနိုဟာ လီဗာပူးနဲ့ ပြီးခဲ့အပတ်ကပြန်လည်ပူးပေါင်းခဲ့ပြီး နာပိုလီအသင်းနဲ့ပွဲစဉ်မှာဝင်ရောက်ကစားခဲ့ပါတယ်။ တိုရီနိုကို ၃ဂိုး၁ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အရေးပါတဲ့သွင်းဂိုးတစ်ဂိုးရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဂလိုဘိုနဲ့အင်တာဗျူးမှာ ဖာမီနိုရဲ့ ဇနီးပရာရီရာက
"ကျွန်မတို့လဲ အဲ့လိုအခြေနေမျိုးကြုံခဲ့ရဖူးပါတယ်။ ကျွန်မတို့လဲအခုမိဘနေရာရောက်နေပါပြီ။ အဲ့ဒါကြောင့်သူတို့သားသမီးတွေအတွက်သူတို့ခံစားချကိကိုကျွန်မတို့အပြည့်အဝသဘောပေါက်ပါတယ်။ သူတို့မိသားစုတွေကျော်ဖြတ်နေရတဲ့ ဒုက္ခမျိုးကိုကျွန်မတို့လဲကျော်ဖြတ်ခဲ့ရတာပါ"
လို့ဆိုပါတယ်။
ရော်ဘာတိုက အံသြဖို့ကောင်းတဲ့လူစားပါ။ သူ့မှာမွန်မြတ်တဲ့ခံယူချက်မျိုးရှိပါတယ်။ အဲ့အတွက်ကျွန်မတို့ ကလေးငယ်နှစ်ဦးကိုကယ်တင်ခဲ့ကြတာပါ"
ဖာမီနိုဟာလီဗာပူးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁သိန်း၈သောင်း
ရရှိနေပေမဲ့ အင်္ဂလန်နိုင်ငံရဲ့ဥပဒေအရ နိုင်ငံခြားဘောလုံးသမားတွေအပေါ် ၄၅ရာခိုင်နှုန်းကောက်ခံတဲ့အပြင် ဘရာဇီးနိုင်ငံရဲ့ အခန်၂၅ရာခိုင်နှုန်းကိုနိုင်ငံခြားဝင်ငွေအတွက်ပေးဆောငိနေရတာပါ။ ထို့အတွက် ဖာမီနိုရဲ့ပေါင် ၈သိန်းလှူဒါန်းမှုကို ဘရားဇီးမီဒီယာတွေကချီးကျူးဂုဏ်ပြုနေကြတာဖြစ်ပါတယ်။

Source All Football

1 comment:

  1. Harrah's Cherokee Casino Resort - Mapyro
    Harrah's Cherokee Casino Resort locations, rates, amenities: expert 안전 토토 사이트 Cherokee 포천 출장안마 research, only at 보령 출장샵 Hotel and Travel Index. Realtime driving directions 제주도 출장마사지 to Harrah's Cherokee Casino 전주 출장안마

    ReplyDelete