Zawgyi
ၿပီးခဲ့တဲ့ သီတင္း၁ပတ္ေက်ာ္က စပိန္ထိပ္သီးရီးရဲအသင္းကေန အီတလီခ်န္ပီယံဂ်ဴဗင္တပ္အသင္းထံေပါင္သန္းတစ္ရာနဲ႔ ေျပာင္းေရႊ႔သြားခဲ့တဲ့ စီေရာ္နယ္ဒိုဟာ အသင္းေဖာ္ေဟာင္းတစ္ဦးျဖစ္တဲ့ မာဆယ္လိုကို ဂ်ဴဗင္တပ္မွာလာေရာက္ကစားဖို႔တုိက္တြန္းလိုက္ပါတယ္။ ဂ်ဴဗင္တပ္အသင္းအေနနဲ႔လဲ အသင္းအင္အားျဖည့္တင္းဖို႔အတြက္ ဘရာဇီးေနာက္ခံလူကိုအလို႐ွိေနပါတယ္။ မာဆယ္လိုနဲ႔ ေရာ္နယ္ဒိုဟာ ရီးရဲမက္ဒရစ္အသင္းမွာ ကိုးႏွစ္ၾကာလက္တြဲၿပီးကစားခဲ့တာျဖစ္တဲ့အတြက္ ေပၚတူဂီသားဟာ သူ႔မိတ္ေဆြကိုအီတလီမွာလာေရာက္ကစားေစလိုေနတာျဖစ္ပါတယ္လို႔ အီတလီသတင္းစာ တူးေတာ့စ္ကဆုိပါတယ္။ ေနာက္ထပ္အီတလီအေျခစိုက္သတင္းေတြကလည္း မာဆယ္လိုဟာ အသင္းေဖာ္ေဟာင္း နဲ႔တူရင္မွာကစားဖို႔ ျပင္ဆင္မႈေတြျပဳလုပ္ေနတယ္လုိ႔ဆုိၾကပါတယ္။ ႏွစ္ေယာက္စလံုးဟာ စပိန္မွာတူတူ႐ွိစဥ္က ခ်န္ပီယံလိဂ္ဖလား ေလးႀကိမ္အပါအဝင္ ၿပိဳင္ပြဲအရပ္ရပ္မွာဗုိလ္စြဲခဲ့ၾကဖူးပါတယ္။ သုိ႔ေသာ္လည္း ဂ်ဴဗင္အေနနဲ႔ ပီအက္စ္ဂ်ီအသင္းက အလို႐ွိေနတဲ့ အဲလက္စ္ဆန္းဒ႐ို႔စ္ကို လက္လႊတ္ရမွသာ မာဆယ္လိုကိုေခၚယူလိုေနတာျဖစ္ပါတယ္။ တူးေတာ့စ္အားကစားသတင္းရဲ႕အဆုိအရ ေပါင္၃၆သန္းအထက္ရရင္ ဂ်ဴဗင္တပ္အေနနဲ႔ ဆန္းဒ႐ို႔စ္ကိုလက္လႊတ္ဖြယ္႐ွိေၾကာင္းသိရပါတယ္။
Unicode
မိမိနဲ့အတူ ဂျူဗင်တပ်အသင်းမှာလာရောက်ကစားဖို့ မာဆယ်လိုကိုတိုက်တွန်းလိုက်တဲ့ ဒိုလေး
ပြီးခဲ့တဲ့ သီတင်း၁ပတ်ကျော်က စပိန်ထိပ်သီးရီးရဲအသင်းကနေ အီတလီချန်ပီယံဂျူဗင်တပ်အသင်းထံပေါင်သန်းတစ်ရာနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ စီရော်နယ်ဒိုဟာ အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ မာဆယ်လိုကို ဂျူဗင်တပ်မှာလာရောက်ကစားဖို့တိုက်တွန်းလိုက်ပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့လဲ အသင်းအင်အားဖြည့်တင်းဖို့အတွက် ဘရာဇီးနောက်ခံလူကိုအလိုရှိနေပါတယ်။ မာဆယ်လိုနဲ့ ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းမှာ ကိုးနှစ်ကြာလက်တွဲပြီးကစားခဲ့တာဖြစ်တဲ့အတွက် ပေါ်တူဂီသားဟာ သူ့မိတ်ဆွေကိုအီတလီမှာလာရောက်ကစားစေလိုနေတာဖြစ်ပါတယ်လို့ အီတလီသတင်းစာ တူးတော့စ်ကဆိုပါတယ်။ နောက်ထပ်အီတလီအခြေစိုက်သတင်းတွေကလည်း မာဆယ်လိုဟာ အသင်းဖော်ဟောင်း နဲ့တူရင်မှာကစားဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ဆိုကြပါတယ်။ နှစ်ယောက်စလုံးဟာ စပိန်မှာတူတူရှိစဉ်က ချန်ပီယံလိဂ်ဖလား လေးကြိမ်အပါအဝင် ပြိုင်ပွဲအရပ်ရပ်မှာဗိုလ်စွဲခဲ့ကြဖူးပါတယ်။ သို့သော်လည်း ဂျူဗင်အနေနဲ့ ပီအက်စ်ဂျီအသင်းက အလိုရှိနေတဲ့ အဲလက်စ်ဆန်းဒရို့စ်ကို လက်လွှတ်ရမှသာ မာဆယ်လိုကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။ တူးတော့စ်အားကစားသတင်းရဲ့အဆိုအရ ပေါင်၃၆သန်းအထက်ရရင် ဂျူဗင်တပ်အနေနဲ့ ဆန်းဒရို့စ်ကိုလက်လွှတ်ဖွယ်ရှိကြောင်းသိရပါတယ်။
Source All Football
No comments:
Post a Comment