Thursday, August 9, 2018

ေပါ႕ဘာကိုလက္ေလ်ာ႕ျပီး ေအဂ်က္အသင္းရဲ႕ ဒီေဂ်ာင္ကိုေခၚယူရန္ဘာစီလိုနာအသင္း သေဘာတူညီမႈရ႐ွိ



Zawgyi

စပိန္ထိပ္သီးဘာစီလိုနာအသင္းဟာ ေပါ့ဘာကိုေခၚယူဖို႔လက္ေလ်ာ့လိုက္ၿပီျဖစ္ၿပီး ေအဂ်က္ၾကယ္ပြင့္ ဖရန္ကီဒီေဂ်ာင္ကို အစားထိုးေခၚယူလိုက္တယ္လို႔သိရပါတယ္။ လာလီဂါခ်န္ပီယံဟာ ကမၻာဖလားမွာျပင္သစ္အသင္းနဲ႔ဗိုလ္စြဲခဲ့တဲ့ မန္ယူကြင္းလယ္လူ ေပါ့ဘာကိုေခၚယူဖို႔ႀကိဳးပမ္းခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး၊။ မန္ယူနည္းျပေမာ္ရင္ဟိုအေနနဲ႔လည္း အတုိပါ ျပင္သစ္ၾကယ္ပြင့္ကစားသမားကို အေျပာင္းအေရႊ႔ၿပီးဆံုးတဲ့အခ်ိန္ထိဆက္ထိန္းထားႏုိင္ဖြယ္႐ွိပါတယ္။ ကတၱလန္ကလာတဲ့ သတင္းေတြအရေတာ့ ဘာစီလိုနာဟာ ေအဂ်က္အသင္း ခ်န္ပီယံလိဂ္ေျခစစ္ပြဲမေအာင္ျမင္မွသာ ဒီေဂ်ာင္ကို အၿပီးသတ္ေခၚယူႏိုင္မွာျဖစ္ပါတယ္။ နယ္သာလန္ ကလပ္ ေအဂ်က္အသင္းဟာ ဥေရာပခ်န္ပီယံလိဂ္တတိယအဆင့္ေျခစစ္ပြဲမွာ စတန္းဒတ္လီဂီအသင္းနဲ႔ရင္ဆိုင္ေနရၿပီး ပထမအေက်ာ့မွာ တစ္ဖက္၂ဂိုစီသေရက်ခဲ့ပါတယ္။ အဆုိပါအဆင့္ကိုေက်ာ္ျဖတ္ႏုိင္ခဲ့မယ္ဆုိရင္ေတာင္ အုပ္စုအဆင့္ယွဥ္ၿပိဳင္ခြင့္အတြက္ ေအဂ်က္ဟာ ေနာက္ထပ္အသင္းတစ္သင္းနဲ႔ ေနာက္ဆံုးအဆင့္ေျခစစ္ပြဲကို ယွဥ္ၿပိဳင္ရဦးမွာျဖစ္ပါတယ္။ ေအဂ်က္အသင္းေျခစစ္ပြဲေအာင္ျမင္ပါက ဒီေဂ်ာင္အေနနဲ႔ ေနာက္ႏွစ္ေႏြရာသီအေျပာင္းအေရႊ႔ထိကိုိ ေအဂ်က္မွာပဲ႐ွိေနရဦးမွာျဖစ္ပါတယ္ ကတၱလန္အသင္းဟာ မယ္လ္ကြန္နဲ႔ အာသာတို့ကို ယခုႏွစ္မွာေခၚယူထားႏိုင္ခဲ့ၿပီး ေအာ့စမန္ဒမ္ဘီလီကိုလဲ အသင္းမွာဆက္ထိန္းထားႏုိင္ေသးပါတယ္။ ဒမ္ဘီလီကို အာဆင္နယ္နဲ႔ မန္ယူအသင္းေတြက ခ်ိတ္ဆက္မႈျပဳလုပ္ေနေပမဲ့ ကစားသမားကေတာ့ သူ႔အနာဂတ္ဟာ ႏူးကမ့္မွာပဲ႐ွိေနမွာပါလို႔ေျပာၾကားခဲ့ပါတယ္။ ပရိတ္သတ္ေတြနဲ႔ေတြ႔ဆံုပြဲတစ္ခုမွာ ဒမ္ဘီလီက
ဟုတ္ကဲ့ က်ေနာ္ဆက္႐ွိေနဦးမွာပါ၊ ဆီဗီလာနဲ့ယွဥ္ျပိဳင္ရမဲ့စပိန္စူပါဖလားပြဲအတြက္အဆင့္သင့္ျဖစ္ေအာင္ျပင္ေနပါတယ္။ လို႔ေျပာၾကားခဲ့ပါေသးတယ္။

Unicode

ပေါ့ဘာကိုလက်လျော့ပြီး အေဂျက်အသင်းရဲ့ ဒီဂျောင်ကိုခေါ်ယူရန်ဘာစီလိုနာအသင်း သဘောတူညီမှုရရှိ
စပိန်ထိပ်သီးဘာစီလိုနာအသင်းဟာ ပေါ့ဘာကိုခေါ်ယူဖို့လက်လျော့လိုက်ပြီဖြစ်ပြီး အေဂျက်ကြယ်ပွင့် ဖရန်ကီဒီဂျောင်ကို အစားထိုးခေါ်ယူလိုက်တယ်လို့သိရပါတယ်။ လာလီဂါချန်ပီယံဟာ ကမ္ဘာဖလားမှာပြင်သစ်အသင်းနဲ့ဗိုလ်စွဲခဲ့တဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး၊။ မန်ယူနည်းပြမော်ရင်ဟိုအနေနဲ့လည်း အတိုပါ ပြင်သစ်ကြယ်ပွင့်ကစားသမားကို အပြောင်းအရွှေ့ပြီးဆုံးတဲ့အချိန်ထိဆက်ထိန်းထားနိုင်ဖွယ်ရှိပါတယ်။ ကတ္တလန်ကလာတဲ့ သတင်းတွေအရတော့ ဘာစီလိုနာဟာ အေဂျက်အသင်း ချန်ပီယံလိဂ်ခြေစစ်ပွဲမအောင်မြင်မှသာ ဒီဂျောင်ကို အပြီးသတ်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ နယ်သာလန် ကလပ် အေဂျက်အသင်းဟာ ဥရောပချန်ပီယံလိဂ်တတိယအဆင့်ခြေစစ်ပွဲမှာ စတန်းဒတ်လီဂီအသင်းနဲ့ရင်ဆိုင်နေရပြီး ပထမအကျော့မှာ တစ်ဖက်၂ဂိုစီသရေကျခဲ့ပါတယ်။ အဆိုပါအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တောင် အုပ်စုအဆင့်ယှဉ်ပြိုင်ခွင့်အတွက် အေဂျက်ဟာ နောက်ထပ်အသင်းတစ်သင်းနဲ့ နောက်ဆုံးအဆင့်ခြေစစ်ပွဲကို ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ အေဂျက်အသင်းခြေစစ်ပွဲအောင်မြင်ပါက ဒီဂျောင်အနေနဲ့ နောက်နှစ်နွေရာသီအပြောင်းအရွှေ့ထိကို အေဂျက်မှာပဲရှိနေရဦးမှာဖြစ်ပါတယ် ကတ္တလန်အသင်းဟာ မယ်လ်ကွန်နဲ့ အာသာတို့ကို ယခုနှစ်မှာခေါ်ယူထားနိုင်ခဲ့ပြီး အော့စမန်ဒမ်ဘီလီကိုလဲ အသင်းမှာဆက်ထိန်းထားနိုင်သေးပါတယ်။ ဒမ်ဘီလီကို အာဆင်နယ်နဲ့ မန်ယူအသင်းတွေက ချိတ်ဆက်မှုပြုလုပ်နေပေမဲ့ ကစားသမားကတော့ သူ့အနာဂတ်ဟာ နူးကမ့်မှာပဲရှိနေမှာပါလို့ပြောကြားခဲ့ပါတယ်။ ပရိတ်သတ်တွေနဲ့တွေ့ဆုံပွဲတစ်ခုမှာ ဒမ်ဘီလီက
ဟုတ်ကဲ့ ကျနော်ဆက်ရှိနေဦးမှာပါ၊ ဆီဗီလာနဲ့ယှဉ်ပြိုင်ရမဲ့စပိန်စူပါဖလားပွဲအတွက်အဆင့်သင့်ဖြစ်အောင်ပြင်နေပါတယ်။ လို့ပြောကြားခဲ့ပါသေးတယ်။

Source All Football

No comments:

Post a Comment