Thursday, August 9, 2018

ေစ်းကြက္မပိတ္ခင္ ကစားသမားသစ္ေခၚယူႏိုင္ဖို႔ ယံုၾကည္ခ်က္မ႐ွိေၾကာင္း ေမာ္ရင္ဟိုထုတ္ေဖာ္ေျပာဆုိ



Zawgyi

မန္ယုအသင္းရဲ႔နည္းျပျဖစ္သူေမာ္ရင္ဟိုက မိမိအေနနဲ႔ အေျပာင္းအေရႊ႔ေစ်းကြက္မပိတ္မီ ကစားသမားတစ္ဦးထပ္မံစာခ်ဳပ္ခ်ဳပ္ဆုိႏိုင္လိမ့္မယ္လို႔မထင္ေၾကာင္းေျပာဆုိခဲ့ပါတယ္။ ဒီရာသီအတြက္ ေမာ္ရင္ဟိုဟာ ၎ရဲ႕လူစာရင္းထဲမွာ ထိပ္တန္းအဆင့္ေနာက္ခံလူတစ္ဦး ထည့္သြင္းဖို႔လိုလားလ်က္႐ွိေနပါတယ္။ သို႔ေသာ္လည္းၿပီးခဲ့တဲ့ရာသီကလူစာရင္းအေပၚ ထူးထူးျခားျခားအေျပာင္းအလဲျပဳလုပ္ထားတာမ်ိဳးမေတြ႔ရတဲ့အတြက္ပရိတ္သတ္ေတြကအားမလိုအားမရျဖစ္ေနၾကပါတယ္။ အေျပာင္းအေရႊ႔နဲ႔ပက္သက္လို႔ေမးျမန္းရာမွာေတာ့
" က်ေနာ့္ကိုတစ္ခုခုေျပာေစခ်င္တာလား က်ေနာ့္မွာေတာ့ ႏုိးပဲ႐ွိပါတယ္။ က်ေနာ္မထင္ဘူးဗ်၊ ဒီေန့ေစ်းကြက္ပိတ္ေတာ့မွာပါ အဲ့အတြက္က်ေနာ္မွာအခ်ိန္နဲနဲပဲ႐ွိပါတယ္။ ေစ်းကြက္ပိတ္သိမ္းခ်ိန္မွာက်ေနာ္ထူးထူးျခားျခားလုပ္ႏုိင္မယ္လို႔မယံုၾကည္ပါဘူး" "ကစားသမားေတြကိုက်ေနာ္အာရံုစိုက္ထားပါတယ္။ စပါးနဲ႔ပြဲၿပီးကတည္းေလာက္ကေပါ့ က်ေနာ္ နွစ္ပြဲသံုးပြဲေလာက္ပဲကစားရတယ္ ခ်ဥ္းကပ္မႈေတြလုပ္ဖို႔က ႏွစ္ပတ္ေလာက္ေတာ့လိုတယိေလ ၿပီးေတာ့ႏုိင္ငံအသင္းဆီေရာက္ကုန္ၾကတယ္ အခ်ိန္ႏွစ္ပတ္ေလာက္ပဲရတယ္။ အခုေတာ့ ကစားသမားေတြဆီအာရံုစိုက္ရေတာ့မယ္ အခုက်ေနာ္ခင္ဗ်ားကိုေပးႏုိင္မယ္လို့ခင္ဗ်ားထင္ေနတဲ့အရာေတြ က်ေနာ့္ဆီမွာကို႐ွိမေနဘူး က်ေနာ့္မွာ႐ွိတဲ့အရာေတြကိုပဲ က်ေနာ္အာရံုစိုက္ေနပါတယ္။ ယူႏုိက္တက္ဟာ ထိပ္တန္းအဆင့္ ကစားသမားႏွစ္ေယာက္ေလာက္ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။ သို႔ေသာ္လည္း ေမာ္ရင္ဟုိဟာၿပီးခဲ့တဲ့ရာသီမစခင္ ေႏြရာသီအေျပာင္းအေရႊ႔မွာ ကစားသမား ၂ဦးသာေခၚယူခဲ့ေပမဲ့ ရာသီကုန္မွာဒုတိယေနရာရ႐ွိခဲ့ပါတယ္။

Unicode

ဈေးကွက်မပိတ်ခင် ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်မရှိကြောင်း မော်ရင်ဟိုထုတ်ဖော်ပြောဆို
မန်ယုအသင်းရဲ့နည်းပြဖြစ်သူမော်ရင်ဟိုက မိမိအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားတစ်ဦးထပ်မံစာချုပ်ချုပ်ဆိုနိုင်လိမ့်မယ်လို့မထင်ကြောင်းပြောဆိုခဲ့ပါတယ်။ ဒီရာသီအတွက် မော်ရင်ဟိုဟာ ၎င်းရဲ့လူစာရင်းထဲမှာ ထိပ်တန်းအဆင့်နောက်ခံလူတစ်ဦး ထည့်သွင်းဖို့လိုလားလျက်ရှိနေပါတယ်။ သို့သော်လည်းပြီးခဲ့တဲ့ရာသီကလူစာရင်းအပေါ် ထူးထူးခြားခြားအပြောင်းအလဲပြုလုပ်ထားတာမျိုးမတွေ့ရတဲ့အတွက်ပရိတ်သတ်တွေကအားမလိုအားမရဖြစ်နေကြပါတယ်။ အပြောင်းအရွှေ့နဲ့ပက်သက်လို့မေးမြန်းရာမှာတော့
" ကျနော့်ကိုတစ်ခုခုပြောစေချင်တာလား ကျနော့်မှာတော့ နိုးပဲရှိပါတယ်။ ကျနော်မထင်ဘူးဗျ၊ ဒီနေ့ဈေးကွက်ပိတ်တော့မှာပါ အဲ့အတွက်ကျနော်မှာအချိန်နဲနဲပဲရှိပါတယ်။ ဈေးကွက်ပိတ်သိမ်းချိန်မှာကျနော်ထူးထူးခြားခြားလုပ်နိုင်မယ်လို့မယုံကြည်ပါဘူး" "ကစားသမားတွေကိုကျနော်အာရုံစိုက်ထားပါတယ်။ စပါးနဲ့ပွဲပြီးကတည်းလောက်ကပေါ့ ကျနော် နှစ်ပွဲသုံးပွဲလောက်ပဲကစားရတယ် ချဉ်းကပ်မှုတွေလုပ်ဖို့က နှစ်ပတ်လောက်တော့လိုတယိလေ ပြီးတော့နိုင်ငံအသင်းဆီရောက်ကုန်ကြတယ် အချိန်နှစ်ပတ်လောက်ပဲရတယ်။ အခုတော့ ကစားသမားတွေဆီအာရုံစိုက်ရတော့မယ် အခုကျနော်ခင်ဗျားကိုပေးနိုင်မယ်လို့ခင်ဗျားထင်နေတဲ့အရာတွေ ကျနော့်ဆီမှာကိုရှိမနေဘူး ကျနော့်မှာရှိတဲ့အရာတွေကိုပဲ ကျနော်အာရုံစိုက်နေပါတယ်။ ယူနိုက်တက်ဟာ ထိပ်တန်းအဆင့် ကစားသမားနှစ်ယောက်လောက်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သို့သော်လည်း မော်ရင်ဟိုဟာပြီးခဲ့တဲ့ရာသီမစခင် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ၂ဦးသာခေါ်ယူခဲ့ပေမဲ့ ရာသီကုန်မှာဒုတိယနေရာရရှိခဲ့ပါတယ်။

Source All Football

1 comment:

  1. All Casino Games | Arizona Casinos
    What Games? · Slots · Blackjack · Roulette · Baccarat · Craps · Keno. · Live Dealer 카지노 사이트 순위 Casino. · Craps · Poker.

    ReplyDelete