Tuesday, August 7, 2018

စီးတီးဂုိးသမားဂ်ိဳးဟတ္ ဘန္ေလအသင္းသို႔ေျပာင္းေရႊ႔



Zawgyi

အဂၤလန္ အသင္းရဲ႕ဂိုးသမား ဂ်ိဳးဟတ္ဟာ ၁၂ႏွစ္ၾကာလက္တြဲခဲ့တဲ့ မန္စီးတီးမွထြက္ခြာသြားခဲ့ပါၿပီ။ အဆုိပါကစားသမားဟာ ႏွစ္ႏွစ္စာခ်ဳပ္ နဲ့ဘန္ေလအသင္းကိုေျပာင္းေရႊ႔ခဲ့တာျဖစ္ၿပီး ေျပာင္းေရႊ႔ေၾကးကိုေတာ့ႏွစ္ဖက္လံုးကေဖာ္ထုတ္ျခငး္မ႐ွိခဲ့ပါဘူး။ ႏိုင္ငံတကာအေတြ႔အၾကံဳ႐ွိတဲ့ဂ်ိဳးဟတ္ဟာ ဘန္ေလအသင္းမွာ႐ွိတဲ့ တြန္ဟီတန္ နဲ႔ အန္ဒါလင္ဒီဂတ္တုိ႔နဲ႔ပြဲထြက္ခြင့္ယွဥ္ၿပိဳင္ရမွာပါ။
႐ွရီဘူရီအသင္းမွာကစားသမားဘဝစတင္ခဲ့တဲ့ ဂ်ဳိးဟတ္ဟာ ၂၀၀၆ခုႏွစ္ကတည္းက စီးတီးကိုေျပာင္းေရႊ႔ခဲ့တာျဖစ္ၿပီး ဆယ္စုႏွစ္တစ္စုၾကာေအာင္ မန္စီးတီမွာျမႇပ္ႏွံထားခဲ့ပါတယ္။ ၂၀၁၁/၁၂ရာသီမွာ ၄၄ႏွစ္ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို မန္စီးတီးကြင္းဆီေရာက္ေအာင္စြမ္းေဆာင္တဲ့ေနရာမွာ သူဟာအဓိကက်ခဲ့သူပါ။
၂၀၁၀/၁၁ရာသီ FA ဖလားခ်န္ပီယံျဖစ္ခဲ့စဥ္ကလဲ  သူဟာအေရးပာခဲ့သူပါ။ သူဟာမန္စီးတီးအတြက္၂၀၁၄မွာပရီးမီးယားလိဂ္ဖလားကိုဒုတိယအႀကိမ္ရယူေပးႏိုင္ခဲ့ၿပီး လိဂ္ဖလား(efl cup) ကိုႏွစ္ႀကိမ္ရ႐ွိေအာင္စြမ္းေဆာင္ေပးႏုိင္ခဲ့ပါတယ္။ ဂ်ိဳးဟတ္ဟာအဂၤလန္အသင္းအတြက္ ၂၀၀၈ခုႏွစ္မွစတင္ကစားေပးခဲ့ၿပီး ၇၅ပြဲကစားေပးထားပါတယ္။ ၂၀၁၆ေနာက္ပိုင္း မန္စီးတီးကို ဗရာဗိုေရာက္႐ွိလာၿပီးေနာက္ပိုင္း တုိရီႏိုနဲ႔ ဝက္ဟမ္းအသင္းေတြမွာအငွါးသြားေရာက္ကစားခဲ့ရပါတယ္။ လက္႐ွိအခ်ိန္မွာေတာ့ ဂ်ိဳးဟတ္ဟာ ၂၀ဝတ္ဆင္ၿပီး ဘန္ေလအသင္းအတြက္လာမဲ့ရာသီ Europa league ဝင္ခြင့္ရ႐ွိေအာင္ႀကိဳးပမ္းၿပီး စာမ်က္ႏွာအသစ္ဖြင့္ဖို႔ျပင္ဆင္ေနပါတယ္။

Unicode

စီးတီးဂိုးသမားဂျိုးဟတ် ဘန်လေအသင်းသို့ပြောင်းရွှေ့
အင်္ဂလန် အသင်းရဲ့ဂိုးသမား ဂျိုးဟတ်ဟာ ၁၂နှစ်ကြာလက်တွဲခဲ့တဲ့ မန်စီးတီးမှထွက်ခွာသွားခဲ့ပါပြီ။ အဆိုပါကစားသမားဟာ နှစ်နှစ်စာချုပ် နဲ့ဘန်လေအသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့နှစ်ဖက်လုံးကဖော်ထုတ်ခြင်းမရှိခဲ့ပါဘူး။ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ဂျိုးဟတ်ဟာ ဘန်လေအသင်းမှာရှိတဲ့ တွန်ဟီတန် နဲ့ အန်ဒါလင်ဒီဂတ်တို့နဲ့ပွဲထွက်ခွင့်ယှဉ်ပြိုင်ရမှာပါ။
ရှရီဘူရီအသင်းမှာကစားသမားဘဝစတင်ခဲ့တဲ့ ဂျိုးဟတ်ဟာ ၂၀၀၆ခုနှစ်ကတည်းက စီးတီးကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဆယ်စုနှစ်တစ်စုကြာအောင် မန်စီးတီမှာမြှပ်နှံထားခဲ့ပါတယ်။ ၂၀၁၁/၁၂ရာသီမှာ ၄၄နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးကွင်းဆီရောက်အောင်စွမ်းဆောင်တဲ့နေရာမှာ သူဟာအဓိကကျခဲ့သူပါ။
၂၀၁၀/၁၁ရာသီ FA ဖလားချန်ပီယံဖြစ်ခဲ့စဉ်ကလဲ  သူဟာအရေးပာခဲ့သူပါ။ သူဟာမန်စီးတီးအတွက်၂၀၁၄မှာပရီးမီးယားလိဂ်ဖလားကိုဒုတိယအကြိမ်ရယူပေးနိုင်ခဲ့ပြီး လိဂ်ဖလား(efl cup) ကိုနှစ်ကြိမ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဂျိုးဟတ်ဟာအင်္ဂလန်အသင်းအတွက် ၂၀၀၈ခုနှစ်မှစတင်ကစားပေးခဲ့ပြီး ၇၅ပွဲကစားပေးထားပါတယ်။ ၂၀၁၆နောက်ပိုင်း မန်စီးတီးကို ဗရာဗိုရောက်ရှိလာပြီးနောက်ပိုင်း တိုရီနိုနဲ့ ဝက်ဟမ်းအသင်းတွေမှာအငှါးသွားရောက်ကစားခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဂျိုးဟတ်ဟာ ၂၀ဝတ်ဆင်ပြီး ဘန်လေအသင်းအတွက်လာမဲ့ရာသီ Europa league ဝင်ခွင့်ရရှိအောင်ကြိုးပမ်းပြီး စာမျက်နှာအသစ်ဖွင့်ဖို့ပြင်ဆင်နေပါတယ်။
Source All Football

No comments:

Post a Comment