Zawgyi
အာဆင္နယ္အသင္းရဲ႕ အဓိက႐ွယ္ယာပိုင္ဆုိင္သူတစ္ဦးျဖစ္တဲ့ စတန္ ခရိုရန္ကီ ဟာအသင္းရဲ့ ႐ွယ္ယာအကုန္လံုးကိုဝယ္ယူဖို႔ႀကိဳးစားေနတယ္လို႔သိရပါတယ္။ က်န္႐ွိေနေသးတဲ့႐ွယ္ယာေတြကိုဝယ္ယူမယ္ဆုိရင္ စတန္အေနနဲ႔ ေပါင္၁.၈ ဘီလီယံခန္႔ထပ္မံရင္းႏွီးျမႇပ္ႏွံရမွာျဖစ္ပါတယ္။ သူဟာ အာဆင္နယ္အသင္းရဲ႕ ႐ွယ္ယာအမ်ားစုကိုခ်ဳပ္ကိုင္ထားသူတစ္ဦးျဖစ္ေပမဲ့လဲ အသင္းကိုအျပည္႕အဝထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အလီ႐ွာ အူစ္မန္ေနာ့ ရဲ႕႐ွယ္ယာ ၃၀ရာခိုင္ႏႈန္းကို ထပ္မံပိုင္ဆုိင္လိုေနတာပါ။ အူစ္မန္ေနာ့ဟာ ခရြန္ရန္ကီရဲ႕ ႐ွယ္ရာေတြကိုဝယ္ယူဖို႔အတြက္ အႀကိမ္မ်ားစြာႀကိဳးစားခဲ့ဖူးပါတယ္။ ခရြန္ရန္ကီရဲ႕ KSE ကုမၸဏီဟာ အာဆင္နယ္အသင္းရဲ႕႐ွယ္ယာေတြကို ၂၀၀၇ခုႏွစ္မွာ စတင္ဝယ္ယူခဲ့တာျဖစ္ၿပီး လက္႐ွိအခ်ိန္မွာ ၆၇.၀၉ရာခိုင္ႏႈန္းခန္႔ကိုထိန္းခ်ဳပ္ထားႏုိင္ခဲ့ပါၿပီ။ အာဆင္နယ္အသင္းရဲ႕ ႐ွယ္ယာအလံုးစံုတန္ဖိုးဟာ ေပါင္ ၆.၁၃ဘီလီယံရ႐ွိေနၿပီျဖစ္ျပီး ႐ွယ္ရာတစ္ခုခ်င္းတန္ဖိုးဟာ ေပါင္၃ေသာင္းဝန္းက်င္ခန္႔႐ွိေနပါတယ္။ ခရြန္ရန္ကီဟာအသင္းကိုထပ္မံရင္းႏွီးျမႇပ္ႏွံမႈေတြျပဳလုပ္လိုေနတဲ့အတြက္ ႐ွယ္ရာေတြကိုဝယ္ယူေနတာျဖစ္တယ္လို႔ ယူေကသတင္းေတြကဆုိပါတယ္။
Unicode
အာဆင်နယ်အသင်းရဲ့ရှယ်ယာအကုန်လုံးကိုဝယ်ယူရန် အဓိကရှယ်ယာပိုင်ဆိုင်သူ ခရွန်ရန်ကီကြိုးပမ်း
အာဆင်နယ်အသင်းရဲ့ အဓိကရှယ်ယာပိုင်ဆိုင်သူတစ်ဦးဖြစ်တဲ့ စတန် ခရိုရန်ကီ ဟာအသင်းရဲ့ ရှယ်ယာအကုန်လုံးကိုဝယ်ယူဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ ကျန်ရှိနေသေးတဲ့ရှယ်ယာတွေကိုဝယ်ယူမယ်ဆိုရင် စတန်အနေနဲ့ ပေါင်၁.၈ ဘီလီယံခန့်ထပ်မံရင်းနှီးမြှပ်နှံရမှာဖြစ်ပါတယ်။ သူဟာ အာဆင်နယ်အသင်းရဲ့ ရှယ်ယာအများစုကိုချုပ်ကိုင်ထားသူတစ်ဦးဖြစ်ပေမဲ့လဲ အသင်းကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် အလီရှာ အူစ်မန်နော့ ရဲ့ရှယ်ယာ ၃၀ရာခိုင်နှုန်းကို ထပ်မံပိုင်ဆိုင်လိုနေတာပါ။ အူစ်မန်နော့ဟာ ခရွန်ရန်ကီရဲ့ ရှယ်ရာတွေကိုဝယ်ယူဖို့အတွက် အကြိမ်များစွာကြိုးစားခဲ့ဖူးပါတယ်။ ခရွန်ရန်ကီရဲ့ KSE ကုမ္ပဏီဟာ အာဆင်နယ်အသင်းရဲ့ရှယ်ယာတွေကို ၂၀၀၇ခုနှစ်မှာ စတင်ဝယ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ၆၇.၀၉ရာခိုင်နှုန်းခန့်ကိုထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။ အာဆင်နယ်အသင်းရဲ့ ရှယ်ယာအလုံးစုံတန်ဖိုးဟာ ပေါင် ၆.၁၃ဘီလီယံရရှိနေပြီဖြစ်ပြီး ရှယ်ရာတစ်ခုချင်းတန်ဖိုးဟာ ပေါင်၃သောင်းဝန်းကျင်ခန့်ရှိနေပါတယ်။ ခရွန်ရန်ကီဟာအသင်းကိုထပ်မံရင်းနှီးမြှပ်နှံမှုတွေပြုလုပ်လိုနေတဲ့အတွက် ရှယ်ရာတွေကိုဝယ်ယူနေတာဖြစ်တယ်လို့ ယူကေသတင်းတွေကဆိုပါတယ်။
Source All Football
No comments:
Post a Comment