Zawgyi

Unicode
လာဇီယိုကွင်းလယ်လူ မီလင်ကိုဗစ်ကို ပေါင်၁၃၈သန်းနဲ့ကမ်းလှမ်းလိုက်တဲ့ မန်ယူ
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာဇီရို အသင်းရဲ့ ကွင်းလယ်လူ ဆာဂျက် မီလင်ကိုဗစ်ကို အပြောင်းအရွှေ့ နောက်ဆုံးနေ့မတိုင်ခင်အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ပေါင် ၁၃၈သန်းနဲ့ အံအားသင့်ဖွယ်ကမ်းလှမ်းလိုက်ပါတယ်။ အဆိုပါ ဆားဘီးယားကွင်းလယ်ကစားသမားကို မန်ယူအသင်းအနေနဲ့ အခြားနာမည်ကြီးဥရောပအသင်းကြီးတွေဖြစ်တဲ့ ဂျူဗင်တပ်၊ ရီးရဲတို့နဲ့အပြိုင်ခေါ်ယူရမှာဖြစ်ပါတယ်။
ဂျူဗင်နဲ့ရီးရဲတိုဟာ သြဂုတ်လကုန်မှာ ဈေးကွကိပိတ်မှာဖြစ်ပေမဲ့ ပရီးမီးယားလိဂ်ရဲ့အနေထားအရ ယူနိုက်တက်အနေနဲ့ကြိုးစားဖို့ ၃ရက်ဝန်ကျင်သာရှိပါတော့တယ်။ ပရီးမီးယားလိဂ်ဟာ ယခုနှစ်အပြောင်းအရွှေ့ဈေးကွက်ကို လာမဲ့ကြာသပတေးနေ့ သြဂုတ်၉ရက်မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

Source All Football
No comments:
Post a Comment