Tuesday, August 7, 2018

လီဗာပူးမွာဆက္႐ွိေနဦးမဲ့ ေနသန္နီရယ္ကလိုင္း ဝက္ဟမ္းႏွင့္ပြဲတြင္ပါဝင္လာႏုိင္



Zawgyi

နည္းျပကေလာ့ရဲ႕ ရာသီျကိုကစားကြက္အခင္းအက်င္းအရ ေနသန္နီရယ္ကလိုင္းကို ဝက္ဟမ္းနဲ႔ကစားမဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ပြဲထုတ္ကစားဖြယ္႐ွိတယ္လို႔ ထင္ေၾကးေပးေျပာဆုိေနၾကပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာျပသနာေတြေၾကာင့္ ကလိုင္းဟာ ၅ပြဲသာ ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။ လူငယ္ကစားသမားေတြျဖစ္တဲ့ ထရန္႔အလက္ဇႏၵားအာႏုိးနဲ႔ ဂ်ိဳးဂုိးမက္တုိ႔ လီဗာပူးေနာက္တန္းမွာေျခစြမ္းျပခဲ့ၿပီး အသင္းအေနနဲ႔လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ထိပ္သီးေလးသင္းေနရာကိုရယူႏိုင္ခဲ့ပါတယ္။ ၂၀၁၅ခုႏွစ္တြင္ ဆာက္သန္တမ္ အသင္းမွ လီဗာပူးကိုေျပာင္းေရႊ႔လာခဲ့တဲ့ ကလိုင္းဟာ လက္႐ွိစာခ်ဳပ္သက္တမ္း ၂ႏွစ္သာက်န္ေတာ့တဲ့အခ်ိန္မွာေတာ့၂၀၁၈-၁၉ရာသီအတြင္း အသင္းမွထြက္ခြာဖြယ္႐ွိေနတယ္လို႔အခ်ိဳ႕က ထင္ေၾကးေပးေျပာဆုိေနၾကပါတယ္။ သို႔ေသာ္လည္း နည္းျပကေလာ့ဟာ ၂၇ႏွစ္အရြယ္ေနာက္ခံလူကို ယံုၾကည္မႈခိုင္မာလ်က္႐ွိေနဆဲျဖစ္ၿပီး ဒဏ္ရာသက္သာလာတာနဲ႔ အသင္းမွာျပန္အသံုးျပဳလိုေနပါတယ္။ ကစားသမားအေနနဲ႔လည္း ဒီရာသီ အန္ဖီးမွာထြက္ခြာဖို႔အတြက္ ဘယ္လိုကမ္းလွမ္းမႈမ်ိဳးမွလဲ႐ွိမေနပါဘူး။
နည္းျပ ကေလာ့ဟာ ဂ်ဳိးဂုိးမက္ကို ဗန္ဒိုက္နဲ့တြဲပီး center back ေနရာမွာ အသံုးျပဳေလ့႐ွိတဲ့အတြက္ ကလိုင္းအေနနဲ႔ ညာေနာက္ခံေနရာကို အာႏိုးနဲ႔ယွဥ္ၿပိဳင္ရဖို႔႐ွိေနပါတယ္။
ကလိုင္းဟာ ဝက္ဟမ္းနဲ႔ကစားမဲ့ တနဂၤေႏြေန႔ အဖြင့္ပြဲစဥ္အတြက္ၾကံခိုင္မႈျပည့္ဝေနၿပီး ကမၻာ့ဖလားပြဲစဥ္မွာပါဝင္ခဲ့တဲ့ အာႏုိးဟာလည္းအဆင့္သင့္႐ွိေနပါတယ္။

Unicode

လီဗာပူးမှာဆက်ရှိနေဦးမဲ့ နေသန်နီရယ်ကလိုင်း ဝက်ဟမ်းနှင့်ပွဲတွင်ပါဝင်လာနိုင်
နည်းပြကလော့ရဲ့ ရာသီကြိုကစားကွက်အခင်းအကျင်းအရ နေသန်နီရယ်ကလိုင်းကို ဝက်ဟမ်းနဲ့ကစားမဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပွဲထုတ်ကစားဖွယ်ရှိတယ်လို့ ထင်ကြေးပေးပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြသနာတွေကြောင့် ကလိုင်းဟာ ၅ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ လူငယ်ကစားသမားတွေဖြစ်တဲ့ ထရန့်အလက်ဇန္ဒားအာနိုးနဲ့ ဂျိုးဂိုးမက်တို့ လီဗာပူးနောက်တန်းမှာခြေစွမ်းပြခဲ့ပြီး အသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်သီးလေးသင်းနေရာကိုရယူနိုင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်တွင် ဆာက်သန်တမ် အသင်းမှ လီဗာပူးကိုပြောင်းရွှေ့လာခဲ့တဲ့ ကလိုင်းဟာ လက်ရှိစာချုပ်သက်တမ်း ၂နှစ်သာကျန်တော့တဲ့အချိန်မှာတော့၂၀၁၈-၁၉ရာသီအတွင်း အသင်းမှထွက်ခွာဖွယ်ရှိနေတယ်လို့အချို့က ထင်ကြေးပေးပြောဆိုနေကြပါတယ်။ သို့သော်လည်း နည်းပြကလော့ဟာ ၂၇နှစ်အရွယ်နောက်ခံလူကို ယုံကြည်မှုခိုင်မာလျက်ရှိနေဆဲဖြစ်ပြီး ဒဏ်ရာသက်သာလာတာနဲ့ အသင်းမှာပြန်အသုံးပြုလိုနေပါတယ်။ ကစားသမားအနေနဲ့လည်း ဒီရာသီ အန်ဖီးမှာထွက်ခွာဖို့အတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးမှလဲရှိမနေပါဘူး။
နည်းပြ ကလော့ဟာ ဂျိုးဂိုးမက်ကို ဗန်ဒိုက်နဲ့တွဲပီး center back နေရာမှာ အသုံးပြုလေ့ရှိတဲ့အတွက် ကလိုင်းအနေနဲ့ ညာနောက်ခံနေရာကို အာနိုးနဲ့ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
ကလိုင်းဟာ ဝက်ဟမ်းနဲ့ကစားမဲ့ တနင်္ဂနွေနေ့ အဖွင့်ပွဲစဉ်အတွက်ကြံခိုင်မှုပြည့်ဝနေပြီး ကမ္ဘာ့ဖလားပွဲစဉ်မှာပါဝင်ခဲ့တဲ့ အာနိုးဟာလည်းအဆင့်သင့်ရှိနေပါတယ်။
Source All Football

No comments:

Post a Comment