Zawgyi
ပရီးမီးယားလိဂ္ ရဲ႕ ၂၀၁၈ – ၂၀၁၉ ေဘာလံုး ရာသီ စတင္ေတာ့ မွာ ျဖစ္ ပါတယ္ ။ အသင္း ေပါင္း ၂၀ ရဲ႕ အက်ိတ္ အနယ္ ယွဥ္ၿပဳိင္မႈ ေတြ ၊ လွ်င္ျမန္ ဖ်တ္လတ္ တဲ့ ကစားပံုေတြ ၊ ျပင္းထန္တဲ့ တြန္းတိုက္ ကစားမႈ ေတြ ၊ လွပတဲ့ သြင္းဂိုးေတြ ၊ လွည့္ျဖားလိမ္ေခါက္ မႈေတြ ၊ အျငင္းပြားဖြယ္ေတြ ၊ ေအာ္ဟစ္ ႀကိမ္းေမာင္း သံေတြ ၊ ေပါက္ကြဲ ေအာင္ပြဲ ခံသံေတြ ကို မၾကာခင္ ၾကည့္ရွဳ ခံစား ၾကရေတာ့ မွာ ျဖစ္ ပါတယ္ ။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ ထိပ္သီး အသင္းေတြ ရဲ႕ ရာသီႀကဳိ ျပင္ဆင္မႈေတြ ၊ အင္အား ျဖည့္တင္းမႈ ေတြ နဲ႔ ရာသီသစ္ အေနအထား ေတြကို သံုးသပ္ တင္ျပ လုိက္ ပါတယ္ ။ ယခု အေခါက္ မွာေတာ့ လီဗာပူး အသင္းရဲ႕ အေန အထား ကို ေဖာ္ျပ သြားမွာ ျဖစ္ ပါတယ္ ။
လီဗာပူးအသင္းကို ဂ်ာမန္သားႀကီး ကေလာ့ ေရာက္လာၿပီး ေနာက္ဆုံး ၃ ႏွစ္ အတြင္း မွာ လီဗာပူး ဟာ သိသိသာသာ တုိးတက္ လာခဲ့ ပါတယ္ ။ ယူရုိပါလိဂ္ နဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္ေတြ တက္ေရာက္ လာႏုိင္ ခဲ့ တယ္ ၊ ၿပဳိင္ဘက္ေတြ က ေလးစား အသိအမွတ္ျပဳ လာရတဲ့ ကစားပံု ကို ေဖာ္ေဆာင္ လာႏုိင္ ခဲ့တယ္ ၊ ပရိသတ္ေတြ ရဲ႕ ယံုၾကည္မႈေတြ ကလည္း တစ္စ တစ္စ နဲ႔ တုိးပြားလာခဲ့ တယ္ ၊ ဒါေတြ ထက္ ပိုေကာင္းတဲ့ အရာဆုိလုိ႔ ဆုဖလား ေတြပဲ က်န္ပါေတာ့တယ္ ။ ဒီရာသီမွာ ပရီးမိီးယားလိဂ္ဖလားဟာ လီဗာပူးအတြက္ျဖစ္ေနမလားဆိုတာ ေစာင့္ျကည့္ခ်င္စရာေကာင္းေနပါျပီ ။
လီဗာပူး အသင္းရဲ႕ ေနာက္ဆံုး ၅ ရာသီ ရပ္တည္မႈ အေျခအေန –
၂၀၁၃ – ၂၀၁၄ ၊ အဆင့္ ၂
၂၀၁၄ – ၂၀၁၅ ၊ အဆင့္ ၆
၂၀၁၅ – ၂၀၁၆ ။ အဆင့္ ၈
၂၀၁၆ – ၂၀၁၇ ၊ အဆင့္ ၄
၂၀၁၇ – ၂၀၁၈ ၊ အဆင့္ ၄
လီဗာပူး အသင္း ရဲ႕ ယမန္ႏွစ္ ရာသီ အမွတ္ေပး ၿပဳိင္ပြဲ စြမ္းေဆာင္မႈ – ၂၁ ပြဲ ႏိုင္ ၊ ၅ ပြဲ ရွဳံး ၊ ၁၂ ပြဲ သေရ
၁ ။ ကစား သမား အ၀င္ အထြက္
လီဗာပူး အသင္း ရဲ႕ ရာသီႀကဳိ ျပင္ဆင္မႈေတြ ၊ ကစား သမား ေခၚယူမႈ ေတြ က ေတာ့ ပရိသတ္ေတြ ကို အားရ ႏွစ္သက္ ေစမွာ မလြဲ ဧကန္ ပါပဲ ။ ျပီးခဲ့တဲ့ေနြရာသီအေျပာင္းအေရြ ့ ကတည္းက ေခၚယူထား ႏုိင္တဲ့ နာဘီ ကီတာ ေရာက္ရွိလာ ခဲ့ၿပီ ျဖစ္သလို မုိနာကို ကြင္းလယ္လူ ဖာဘင္ဟို ၊ စတုတ္ စီးတီး ရဲ႕ ေတာင္ပံ ကစား သမား ရွာကီရီ တို႔ ကို ေခၚယူ ထား ႏုိင္ ခဲ့ ပါတယ္ ။ ဂုိးသမား ေနရာ အတြက္လည္း ဘရာဇီး ရဲ႕ နံပါတ္ ၁ ဂုိးသမား အဲလစ္ဆြန္ ကုိ ရိုးမား အသင္းကေန စံခ်ိန္တင္ ေျပာင္းေရႊ႕ ေၾကးနဲ႔ ေခၚယူ ႏုိင္ ခဲ့ ပါတယ္ ။
လီဗာပူး ပရိသတ္ေတြ အတြက္ ပုိလုိ႔ ေက်နပ္ စရာ ေကာင္းခဲ့တာ က ေတာ့ အသင္းရဲ႕ အားထားရတဲ့ တုိက္စစ္ ကစားသမား ေတြ ျဖစ္တဲ့ ဖာမီႏုိ ၊ မာေနး နဲ႔ ဆာလာ တို႔ ၃ ဦး စလံုး အန္ဖီးလ္ မွာ ဆက္လက္ ရွိေန ခဲ့ၾကတာပဲ ျဖစ္ ပါတယ္ ။
၂ ။ ကစားကြက္ အခင္းအက်င္း
ကေလာ့ က ေတာ့ သူ႔ရဲ႕ ဟဲဗီး မက္တယ္ ကစားပံု ကို ဆက္လက္ ေဖာ္ေဆာင္ ဦးမွာ ျဖစ္တာ ေၾကာင့္ ၄-၃-၃ ကိုပဲ ေရြးခ်ယ္ မွာ ျဖစ္ ပါတယ္ ။ ဂုိးသမား ေနရာမွာေတာ့ အဲလစ္ဆင္ ဘက္ကာ က ေနရာရရွိ ဖို႔ ေသခ်ာ သေလာက္ ျဖစ္ေန ၿပီး ခံစစ္ မွာလည္း လူေဟာင္းေတြ ျဖစ္ၾကတဲ့ ေရာဘတ္ဆန္ ၊ ဗန္ဒိုက္ ၊ လိုဗရန္ နဲ႔ အာႏိုး တို႔ ကစားရဖို႔ ရွိေန ပါတယ္ ။
ကြင္းလယ္ မွာေတာ့ လီဗာပူး ရဲ႕ အေျပာင္းအလဲ ေတြ ကို ျမင္ေတြ႕ ရမွာ ျဖစ္ၿပီး ၊ ဖာဘင္ဟို ၊ နာဘီကီတာ တို႔ ထဲ က ဘယ္ ကစားသမား က ဟန္ဒါဆင္ နဲ႔ တြဲဖက္ၿပီး ကစားရမလဲ ဆိုတာ ကေလာ့ တစ္ေယာက္ ဆံုးျဖတ္ ရမွာ ျဖစ္ ပါတယ္ ။ ဒါ့အျပင္ လယ္လာနာ ၊ ၀ိုင္နယ္ဒမ္ တို႔ ကလည္း ပြဲ ကစာခြင့္ ရရွိ ဖုိ႔ အတြက္ အၿမဲ အဆင္သင့္ ျဖစ္ေနမွာ ပါ ။
တိုက္စစ္မွာေတာ့့ ဆာလာ + ဖာမီႏို + မာေနး အတြဲ က ပဲ ပြဲထြက္ ခြင့္ ကို ရယူထား ဦးမွာ ျဖစ္ ပါတယ္ ။
၃ ။ ကစားသမား အင္အား
လီဗာပူး အတြက္ ကေတာ့ ကစားသမား အင္အား ေတာင့္တင္းတဲ့ ႏွစ္ တႏွစ္ ကို ပုိင္ဆုိင္ လုိက္ၿပီ လုိ႔ ဆုိရမွာ ပါ ။ ယခင္ အားနည္း ေနတဲ့ ဂုိး သမား ေနရာ ကို ျဖည့္ဆည္း လုိက္တာ ၊ ကြင္းလယ္ ခံစစ္ပုိင္း ကို ပိုမို အားျပဳ ႏုိင္ ေတာ့မွာ ေတြ က ၿပဳိင္ဘက္ ေတြ အတြက္ အိပ္မက္ ဆိုးေတြ ျဖစ္ေစ ႏုိင္ ပါတယ္ ။
ဂုိးသမား ေနရာမွာ အဲလစ္ဆင္ ရွိေနၿပီ ျဖစ္လုိ႔ စိတ္ခ် ရၿပီလုိ႔ ဆိုရမွာ ျဖစ္သလို ကရီးရပ္ နဲ႔ မစ္ဂႏိုလတ္ တို႔ ကလည္း မထင္ ရင္ မထင္ သလို ေကာင္းတက္ တဲ့ ဂုိးသမားေတြ ျဖစ္လုိ႔ စိတ္ပူ ဖုိ႔ မလုိအပ္ ေတာ့ ဘူးလို႔ ေျပာလုိ႔ ရၿပီ ျဖစ္ ပါတယ္ ။
ေနာက္တန္း မွာ ဗန္ဒိုက္ က အေကာင္းဆံုး ဦးေဆာင္ ႏုိင္မွာ ျဖစ္သလို ကမၻာ့ဖလား ဖုိင္နယ္ ကို ေရာက္ရွိ ခဲ့တာ ေၾကာင့္ ယံုၾကည္မႈ ေတြ တုိးပြားေနတဲ့ လိုဗရန္ က လည္း အတြဲ ညီညီ နဲ႔ ကစား ႏုိင္ဖို႔ ရွိေန ပါတယ္ ။
ရွာကီရီ ၊ ကီတာ နဲ႔ ဖာဘင္ဟို တို႔ ေရာက္လာ တာက လီဗာပူး ရဲ႕ ကြင္းလယ္ က ေတာ့ နည္းစနစ္ နဲ႔ ႀကံ႕ခိုင္မႈ ပုိင္းေတြ ပုိမို အားျဖည့္လုိက္ သလို ပါပဲ ။
လီဗာပူး ရဲ႕ အဓိက အားအေကာင္းဆုံး လို႔ ဆုိရမယ့္ ေရွ႕တန္း မွာေတာ့ မာေနး ၊ ဖာမီႏို ၊ ဆာလာ တုိ႔ရဲ႕ တုိက္စစ္ အစြမ္းေတြကို ဆက္လက္ ျမင္ေတြ႕ ရဦးမွာ ျဖစ္ ပါတယ္ ။ လီဗာပူး ဟာ ယမန္ႏွစ္ က ၿပဳိင္ပြဲ စံု ၆၅ ပြဲ ကစားခဲ့ၿပီး ၁၃၅ ဂိုး သြင္းယူႏုိင္ ခဲ့ ပါတယ္ ။ တစ္ပြဲ ပ်မ္းမွ် ၂.၄ ဂိုးအထိ ရွိေနတဲ့ လီဗာပူး ရဲ႕ တုိက္စစ္ ကို ယခု ႏွစ္ မွာ ထပ္ေလာင္း အားျဖည့္မယ့္ သူ က ေတာ့ ရွာကီရီ ပဲ ျဖစ္ ပါတယ္ ။ ဒါ့အျပင္ လူငယ္ ေသြးသစ္ ေလး ဒိုမီနစ္ ဆုိလန္ကီ ကလည္း ရလာမယ့္ အခြင့္အေရး မွန္သမွ် ကို မလြတ္တမ္း အသံုးခ်ဖုိ႔ အဆင္သင့္ ျဖစ္ေန သလို စတာရစ္ ရဲ႕ ရာသီႀကဳိ ေျခစမ္းပြဲေတြ က အစြမး္ျပမႈ ေတြ ကလည္း တုိက္စစ္မႈးေကာင္း တစ္ေယာက္ ကို ရယူ လုိက္ ရသလုိမ်ဳိး အက်ဳိး ရွိေစမွာ ျဖစ္ ပါတယ္ ။
၄ ။ သံုးသပ္ခ်က္
လီဗာပူး အသင္း မွာ လွ်င္ျမန္ ဖ်တ္လတ္မႈ ေတြ ၊ နည္းစနစ္ ပုိင္းေတြ ၊ ႀကံ႕ခုိင္ သန္မာမႈေတြ ၊ အျမင့္ေဘာ ၊ အနိမ့္ေဘာ ကစားပံုေတြ အားလံုး ေကာင္းမြန္ ေနပါတယ္ ။ ဒါေပမယ့္ သူတို႔ရဲ႕ အဓိက အားအေကာင္းဆံုး အရာ ကေတာ့ ယံုၾကည္မႈ ပါ ။ နည္းျပ အေပၚ ယံုၾကည္တယ္ ၊ နည္းျပ ပါးစပ္ကေန ထြက္လာ သမွ် အရာ အားလံုး အတြက္ အၾကြင္းမဲ့ ယံုၾကည္ ထားတယ္ ၊ ဒီ ဂ်ာမန္သားႀကီး ဟာ အန္ဖီးလ္ ကို တစ္ခ်ိန္ တုန္းကလို အရွိန္ အ၀ါေတြ ၊ ေအာင္ျမင္မႈ ေတြ ေဆာင္ယူေပးမယ္ လုိ႔ ယံုၾကည္ထား ၾကတယ္ ၊ ဘယ္လုိေတြ ဘယ္ေလာက္ပဲ ေပးဆပ္ရပါေစ ေနာက္ဆံုးမွာ ေအာင္ျမင္မႈ ဆီကို ေရာက္ကို ေရာက္ ရမယ္ ဆုိတဲ့ ယံုၾကည္မႈ ေတြ ကို လီဗာပူး ဂ်ာစီ ၀တ္ဆင္ လုိက္တဲ့ သူေတြ ရဲ႕ မ်က္လံုးထဲ မွာ ျမင္ေတြ႕ ေနရ ပါတယ္ ။ ဒါဟာ ယာဂင္ ကေလာ့ ျပန္လည္ တူးေဖာ္ေပးလုိက္ တဲ့ အန္ဖီးလ္ ရဲ႕ ဂုဏ္ သတၱိ တစ္ခုပါပဲ ။
လီဗာပူး အတြက္ ေတာ့ ဒီရာသီ ပစ္မွတ္ေတြ ဟာ ဆုဖလားေတြ ကလြဲရင္ အျခားမရွိ ႏုိင္ေတာ့ ပါဘူး ။ အေျပာင္း အေရႊ႕ အတြင္း ျမင့္မားတဲ့ သံုးစြဲမႈ ေတြ ကို ျပဳလုပ္ ထားတာ ေၾကာင့္ ကေလာ့ ကိုယ္တုိင္ ဒီရာသီ မွာ လီဗာပူးဟာ အရင္ လုိ ထိပ္ဆံုး ေလးသင္း ၀င္ေရာက္ရံု နဲ႔ ေက်နပ္ျပ လုိ႔ မရေတာ့ ဘူးလို႔ ၀န္ခံ ေျပာဆို ထားတာ ေၾကာင့္ ဖလားလက္မဲ့ ကာလေတြ ကို အဆံုးသတ္ နုိင္ဖို႔ အထူး ႀကဳိးစားး ၾကေတာ့မွာ ျဖစ္ ပါတယ္ ။
ကေလာ့ ဟာ ရွဳံးထြက္ ဖလားေတြ နဲ႕ အေတာ့ကို ကံမစပ္ တဲ့ နည္းျပႀကီး လုိ႔ ဆုိရမွာပါ ။ ဒါေပမယ့္ အမွတ္ေပး ဖလား ၿပဳိင္ပြဲ မွာေတာ့ ေဒါ့မြန္ အေနနဲ႔ ဘုိင္ယန္ျမဳးနစ္ ကို ၂ ႏွစ္ တိုင္ ၿဖဳိလွဲ ျပခဲ့ ပါတယ္ ။ အခု အဂၤလန္ မွာလည္း မန္ခ်က္စတာ စီးတီး ရဲ႕ လႊမ္းမိုး ႀကီးစိုးမယ့္ စီမံကိန္းေတြ ကို ရပ္တန္႔ မယ္ ဆိုရင္ ယာဂင္ ကေလာ့ ရဲ႕ အသင္း က ျဖစ္ႏုိင္ေျခ အမ်ားဆံုး ပါပဲ ။
ဒီေတာ့ လီဗာပူး တုိ႔ ဒီႏွစ္ မွာ ဘာေတြ ရယူႏုိင္ မလဲ ? ဘယ္လုိ ဆုဖလားမ်ဳိး မဆုိ သူတို႔ ရယူႏုိင္ ပါတယ္ ၊ သူတို႔ မွာ အင္အား ရွိပါတယ္ ။
#ကဲေျပာရင္းနဲ့ 2018-2019 ဟာ လီဗာပူးအတြက္ ျဖစ္ေလမလား ေစာင့္ျကည့္ျကလုိက္ရေအာင္လား စာဖတ္ပရိသတ္တို့#
Unicode
#လီဗာပူးအတွက် ၂၀၁၈ – ၂၀၁၉ ပရီးမီးယားလိဂ် ချံပီယံဖြစ်နိုင်မလား
===============================================
ပရီးမီးယားလိဂ် ရဲ့ ၂၀၁၈ – ၂၀၁၉ ဘောလုံး ရာသီ စတင်တော့ မှာ ဖြစ် ပါတယ် ။ အသင်း ပေါင်း ၂၀ ရဲ့ အကျိတ် အနယ် ယှဉ်ပြိုင်မှု တွေ ၊ လျှင်မြန် ဖျတ်လတ် တဲ့ ကစားပုံတွေ ၊ ပြင်းထန်တဲ့ တွန်းတိုက် ကစားမှု တွေ ၊ လှပတဲ့ သွင်းဂိုးတွေ ၊ လှည့်ဖြားလိမ်ခေါက် မှုတွေ ၊ အငြင်းပွားဖွယ်တွေ ၊ အော်ဟစ် ကြိမ်းမောင်း သံတွေ ၊ ပေါက်ကွဲ အောင်ပွဲ ခံသံတွေ ကို မကြာခင် ကြည့်ရှု ခံစား ကြရတော့ မှာ ဖြစ် ပါတယ် ။ ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေ ရဲ့ ရာသီကြို ပြင်ဆင်မှုတွေ ၊ အင်အား ဖြည့်တင်းမှု တွေ နဲ့ ရာသီသစ် အနေအထား တွေကို သုံးသပ် တင်ပြ လိုက် ပါတယ် ။ ယခု အခေါက် မှာတော့ လီဗာပူး အသင်းရဲ့ အနေ အထား ကို ဖော်ပြ သွားမှာ ဖြစ် ပါတယ် ။
လီဗာပူးအသင်းကို ဂျာမန်သားကြီး ကလော့ ရောက်လာပြီး နောက်ဆုံး ၃ နှစ် အတွင်း မှာ လီဗာပူး ဟာ သိသိသာသာ တိုးတက် လာခဲ့ ပါတယ် ။ ယူရိုပါလိဂ် နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်တွေ တက်ရောက် လာနိုင် ခဲ့ တယ် ၊ ပြိုင်ဘက်တွေ က လေးစား အသိအမှတ်ပြု လာရတဲ့ ကစားပုံ ကို ဖော်ဆောင် လာနိုင် ခဲ့တယ် ၊ ပရိသတ်တွေ ရဲ့ ယုံကြည်မှုတွေ ကလည်း တစ်စ တစ်စ နဲ့ တိုးပွားလာခဲ့ တယ် ၊ ဒါတွေ ထက် ပိုကောင်းတဲ့ အရာဆိုလို့ ဆုဖလား တွေပဲ ကျန်ပါတော့တယ် ။ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားဟာ လီဗာပူးအတွက်ဖြစ်နေမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါပြီ ။
လီဗာပူး အသင်းရဲ့ နောက်ဆုံး ၅ ရာသီ ရပ်တည်မှု အခြေအနေ –
၂၀၁၃ – ၂၀၁၄ ၊ အဆင့် ၂
၂၀၁၄ – ၂၀၁၅ ၊ အဆင့် ၆
၂၀၁၅ – ၂၀၁၆ ။ အဆင့် ၈
၂၀၁၆ – ၂၀၁၇ ၊ အဆင့် ၄
၂၀၁၇ – ၂၀၁၈ ၊ အဆင့် ၄
လီဗာပူး အသင်း ရဲ့ ယမန်နှစ် ရာသီ အမှတ်ပေး ပြိုင်ပွဲ စွမ်းဆောင်မှု – ၂၁ ပွဲ နိုင် ၊ ၅ ပွဲ ရှုံး ၊ ၁၂ ပွဲ သရေ
၁ ။ ကစား သမား အဝင် အထွက်
လီဗာပူး အသင်း ရဲ့ ရာသီကြို ပြင်ဆင်မှုတွေ ၊ ကစား သမား ခေါ်ယူမှု တွေ က တော့ ပရိသတ်တွေ ကို အားရ နှစ်သက် စေမှာ မလွဲ ဧကန် ပါပဲ ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေ့ ကတည်းက ခေါ်ယူထား နိုင်တဲ့ နာဘီ ကီတာ ရောက်ရှိလာ ခဲ့ပြီ ဖြစ်သလို မိုနာကို ကွင်းလယ်လူ ဖာဘင်ဟို ၊ စတုတ် စီးတီး ရဲ့ တောင်ပံ ကစား သမား ရှာကီရီ တို့ ကို ခေါ်ယူ ထား နိုင် ခဲ့ ပါတယ် ။ ဂိုးသမား နေရာ အတွက်လည်း ဘရာဇီး ရဲ့ နံပါတ် ၁ ဂိုးသမား အဲလစ်ဆွန် ကို ရိုးမား အသင်းကနေ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူ နိုင် ခဲ့ ပါတယ် ။
လီဗာပူး ပရိသတ်တွေ အတွက် ပိုလို့ ကျေနပ် စရာ ကောင်းခဲ့တာ က တော့ အသင်းရဲ့ အားထားရတဲ့ တိုက်စစ် ကစားသမား တွေ ဖြစ်တဲ့ ဖာမီနို ၊ မာနေး နဲ့ ဆာလာ တို့ ၃ ဦး စလုံး အန်ဖီးလ် မှာ ဆက်လက် ရှိနေ ခဲ့ကြတာပဲ ဖြစ် ပါတယ် ။
၂ ။ ကစားကွက် အခင်းအကျင်း
ကလော့ က တော့ သူ့ရဲ့ ဟဲဗီး မက်တယ် ကစားပုံ ကို ဆက်လက် ဖော်ဆောင် ဦးမှာ ဖြစ်တာ ကြောင့် ၄-၃-၃ ကိုပဲ ရွေးချယ် မှာ ဖြစ် ပါတယ် ။ ဂိုးသမား နေရာမှာတော့ အဲလစ်ဆင် ဘက်ကာ က နေရာရရှိ ဖို့ သေချာ သလောက် ဖြစ်နေ ပြီး ခံစစ် မှာလည်း လူဟောင်းတွေ ဖြစ်ကြတဲ့ ရောဘတ်ဆန် ၊ ဗန်ဒိုက် ၊ လိုဗရန် နဲ့ အာနိုး တို့ ကစားရဖို့ ရှိနေ ပါတယ် ။
ကွင်းလယ် မှာတော့ လီဗာပူး ရဲ့ အပြောင်းအလဲ တွေ ကို မြင်တွေ့ ရမှာ ဖြစ်ပြီး ၊ ဖာဘင်ဟို ၊ နာဘီကီတာ တို့ ထဲ က ဘယ် ကစားသမား က ဟန်ဒါဆင် နဲ့ တွဲဖက်ပြီး ကစားရမလဲ ဆိုတာ ကလော့ တစ်ယောက် ဆုံးဖြတ် ရမှာ ဖြစ် ပါတယ် ။ ဒါ့အပြင် လယ်လာနာ ၊ ဝိုင်နယ်ဒမ် တို့ ကလည်း ပွဲ ကစာခွင့် ရရှိ ဖို့ အတွက် အမြဲ အဆင်သင့် ဖြစ်နေမှာ ပါ ။
တိုက်စစ်မှာတော့ ဆာလာ + ဖာမီနို + မာနေး အတွဲ က ပဲ ပွဲထွက် ခွင့် ကို ရယူထား ဦးမှာ ဖြစ် ပါတယ် ။
၃ ။ ကစားသမား အင်အား
လီဗာပူး အတွက် ကတော့ ကစားသမား အင်အား တောင့်တင်းတဲ့ နှစ် တနှစ် ကို ပိုင်ဆိုင် လိုက်ပြီ လို့ ဆိုရမှာ ပါ ။ ယခင် အားနည်း နေတဲ့ ဂိုး သမား နေရာ ကို ဖြည့်ဆည်း လိုက်တာ ၊ ကွင်းလယ် ခံစစ်ပိုင်း ကို ပိုမို အားပြု နိုင် တော့မှာ တွေ က ပြိုင်ဘက် တွေ အတွက် အိပ်မက် ဆိုးတွေ ဖြစ်စေ နိုင် ပါတယ် ။
ဂိုးသမား နေရာမှာ အဲလစ်ဆင် ရှိနေပြီ ဖြစ်လို့ စိတ်ချ ရပြီလို့ ဆိုရမှာ ဖြစ်သလို ကရီးရပ် နဲ့ မစ်ဂနိုလတ် တို့ ကလည်း မထင် ရင် မထင် သလို ကောင်းတက် တဲ့ ဂိုးသမားတွေ ဖြစ်လို့ စိတ်ပူ ဖို့ မလိုအပ် တော့ ဘူးလို့ ပြောလို့ ရပြီ ဖြစ် ပါတယ် ။
နောက်တန်း မှာ ဗန်ဒိုက် က အကောင်းဆုံး ဦးဆောင် နိုင်မှာ ဖြစ်သလို ကမ္ဘာ့ဖလား ဖိုင်နယ် ကို ရောက်ရှိ ခဲ့တာ ကြောင့် ယုံကြည်မှု တွေ တိုးပွားနေတဲ့ လိုဗရန် က လည်း အတွဲ ညီညီ နဲ့ ကစား နိုင်ဖို့ ရှိနေ ပါတယ် ။
ရှာကီရီ ၊ ကီတာ နဲ့ ဖာဘင်ဟို တို့ ရောက်လာ တာက လီဗာပူး ရဲ့ ကွင်းလယ် က တော့ နည်းစနစ် နဲ့ ကြံ့ခိုင်မှု ပိုင်းတွေ ပိုမို အားဖြည့်လိုက် သလို ပါပဲ ။
လီဗာပူး ရဲ့ အဓိက အားအကောင်းဆုံး လို့ ဆိုရမယ့် ရှေ့တန်း မှာတော့ မာနေး ၊ ဖာမီနို ၊ ဆာလာ တို့ရဲ့ တိုက်စစ် အစွမ်းတွေကို ဆက်လက် မြင်တွေ့ ရဦးမှာ ဖြစ် ပါတယ် ။ လီဗာပူး ဟာ ယမန်နှစ် က ပြိုင်ပွဲ စုံ ၆၅ ပွဲ ကစားခဲ့ပြီး ၁၃၅ ဂိုး သွင်းယူနိုင် ခဲ့ ပါတယ် ။ တစ်ပွဲ ပျမ်းမျှ ၂.၄ ဂိုးအထိ ရှိနေတဲ့ လီဗာပူး ရဲ့ တိုက်စစ် ကို ယခု နှစ် မှာ ထပ်လောင်း အားဖြည့်မယ့် သူ က တော့ ရှာကီရီ ပဲ ဖြစ် ပါတယ် ။ ဒါ့အပြင် လူငယ် သွေးသစ် လေး ဒိုမီနစ် ဆိုလန်ကီ ကလည်း ရလာမယ့် အခွင့်အရေး မှန်သမျှ ကို မလွတ်တမ်း အသုံးချဖို့ အဆင်သင့် ဖြစ်နေ သလို စတာရစ် ရဲ့ ရာသီကြို ခြေစမ်းပွဲတွေ က အစွမ်းပြမှု တွေ ကလည်း တိုက်စစ်မှုးကောင်း တစ်ယောက် ကို ရယူ လိုက် ရသလိုမျိုး အကျိုး ရှိစေမှာ ဖြစ် ပါတယ် ။
၄ ။ သုံးသပ်ချက်
လီဗာပူး အသင်း မှာ လျှင်မြန် ဖျတ်လတ်မှု တွေ ၊ နည်းစနစ် ပိုင်းတွေ ၊ ကြံ့ခိုင် သန်မာမှုတွေ ၊ အမြင့်ဘော ၊ အနိမ့်ဘော ကစားပုံတွေ အားလုံး ကောင်းမွန် နေပါတယ် ။ ဒါပေမယ့် သူတို့ရဲ့ အဓိက အားအကောင်းဆုံး အရာ ကတော့ ယုံကြည်မှု ပါ ။ နည်းပြ အပေါ် ယုံကြည်တယ် ၊ နည်းပြ ပါးစပ်ကနေ ထွက်လာ သမျှ အရာ အားလုံး အတွက် အကြွင်းမဲ့ ယုံကြည် ထားတယ် ၊ ဒီ ဂျာမန်သားကြီး ဟာ အန်ဖီးလ် ကို တစ်ချိန် တုန်းကလို အရှိန် အဝါတွေ ၊ အောင်မြင်မှု တွေ ဆောင်ယူပေးမယ် လို့ ယုံကြည်ထား ကြတယ် ၊ ဘယ်လိုတွေ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ နောက်ဆုံးမှာ အောင်မြင်မှု ဆီကို ရောက်ကို ရောက် ရမယ် ဆိုတဲ့ ယုံကြည်မှု တွေ ကို လီဗာပူး ဂျာစီ ဝတ်ဆင် လိုက်တဲ့ သူတွေ ရဲ့ မျက်လုံးထဲ မှာ မြင်တွေ့ နေရ ပါတယ် ။ ဒါဟာ ယာဂင် ကလော့ ပြန်လည် တူးဖော်ပေးလိုက် တဲ့ အန်ဖီးလ် ရဲ့ ဂုဏ် သတ္တိ တစ်ခုပါပဲ ။
လီဗာပူး အတွက် တော့ ဒီရာသီ ပစ်မှတ်တွေ ဟာ ဆုဖလားတွေ ကလွဲရင် အခြားမရှိ နိုင်တော့ ပါဘူး ။ အပြောင်း အရွှေ့ အတွင်း မြင့်မားတဲ့ သုံးစွဲမှု တွေ ကို ပြုလုပ် ထားတာ ကြောင့် ကလော့ ကိုယ်တိုင် ဒီရာသီ မှာ လီဗာပူးဟာ အရင် လို ထိပ်ဆုံး လေးသင်း ဝင်ရောက်ရုံ နဲ့ ကျေနပ်ပြ လို့ မရတော့ ဘူးလို့ ဝန်ခံ ပြောဆို ထားတာ ကြောင့် ဖလားလက်မဲ့ ကာလတွေ ကို အဆုံးသတ် နိုင်ဖို့ အထူး ကြိုးစားး ကြတော့မှာ ဖြစ် ပါတယ် ။
ကလော့ ဟာ ရှုံးထွက် ဖလားတွေ နဲ့ အတော့ကို ကံမစပ် တဲ့ နည်းပြကြီး လို့ ဆိုရမှာပါ ။ ဒါပေမယ့် အမှတ်ပေး ဖလား ပြိုင်ပွဲ မှာတော့ ဒေါ့မွန် အနေနဲ့ ဘိုင်ယန်မြုးနစ် ကို ၂ နှစ် တိုင် ဖြိုလှဲ ပြခဲ့ ပါတယ် ။ အခု အင်္ဂလန် မှာလည်း မန်ချက်စတာ စီးတီး ရဲ့ လွှမ်းမိုး ကြီးစိုးမယ့် စီမံကိန်းတွေ ကို ရပ်တန့် မယ် ဆိုရင် ယာဂင် ကလော့ ရဲ့ အသင်း က ဖြစ်နိုင်ခြေ အများဆုံး ပါပဲ ။
ဒီတော့ လီဗာပူး တို့ ဒီနှစ် မှာ ဘာတွေ ရယူနိုင် မလဲ ? ဘယ်လို ဆုဖလားမျိုး မဆို သူတို့ ရယူနိုင် ပါတယ် ၊ သူတို့ မှာ အင်အား ရှိပါတယ် ။
#ကဲပြောရင်းနဲ့ 2018-2019 ဟာ လီဗာပူးအတွက် ဖြစ်လေမလား စောင့်ကြည့်ကြလိုက်ရအောင်လား စာဖတ်ပရိသတ်တို့#
No comments:
Post a Comment