Wednesday, August 8, 2018

ခ်ဲလ္ဆီးဂိုးသမားေကာ္တုိရစ္ရီးရဲသို႔ေျပာင္းေရႊ႔ ကပ္ပါနဲ႔ ကိုဗာစစ္အျပာေရာင္အသင္းသို႔ေရာက္႐ွိ




Zawgyi

ခ်ဲလ္ဆီးအသင္းရဲ႕ဂိုးသမားေကာ္တိုရစ္ဟာ ရီးရဲမက္ဒရစ္အသင္းထံကို ယူ႐ို ၃၅သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္ပါတယ္။ အဆိုပါကစားသမားဟာ ရီးရဲအသင္းနဲ႔ ၆ႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္ကိုခ်ဳပ္ဆိုေတာ့မွာလဲျဖစ္ပါတယ္။ ေနာက္ၿပီးရီးရဲအသင္းရဲ႕ ကစားသမားျဖစ္တဲ့ မီတိုကိုဗာစစ္ကိုလဲ ခ်ဲလိဆီးအသင္းထံ တစ္ရာသီစာအငွါးခ်ထားေပးမွာျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းကလည္း လစ္လပ္သြားတဲ့ ဂိုးသမားေနရာအတြက္ ဘီဘာအိုဂိုးသမား ကပ္ပါအရစ္ဇာဘလာဂါ ကိုယူ႐ိုသန္း ၈၀(ေပါင္၇၂သန္း) နဲ႔ေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ၾကသပေတးေန႔မနက္ ၁၂နာရီ ကတည္းကပရီးမီးယားလိဂ္အေျပာင္းအေ႐ႊ႕ေဈးကြက္ဟာပိတ္သိမ္းခဲ့ၿပီျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕အဆိုပါဂိုးသမားေခၚယူမႈဟာကမာၻ႔ ေဈးအႀကီးဆုံးဂိုးသမားေခၚယူမႈအျဖစ္မွတ္တမ္းဝင္သြားခဲ့ပါတယ္။ အဲ့မတိုင္ခင္က ႐ိုးမာကေန လီဗာပူးအသင္းေခၚယူခဲ့တဲ့ ဂိုးသမား အလီဆင္ ဟာေပါင္ ၆၇သန္းနဲ႔ေဈးအႀကီးဆုံးဂိုးသမားအျဖစ္မွတ္တမ္းဝင္ေနခဲ့တာျဖစ္ပါတယ္။

Unicode

ချဲလ်ဆီးဂိုးသမားကော်တိုရစ်ရီးရဲသို့ပြောင်းရွှေ့ ကပ်ပါနဲ့ ကိုဗာစစ်အပြာရောင်အသင်းသို့ရောက်ရှိ
ချဲလ်ဆီးအသင်းရဲ့ဂိုးသမားကော်တိုရစ်ဟာ ရီးရဲမက်ဒရစ်အသင်းထံကို ယူရို ၃၅သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါကစားသမားဟာ ရီးရဲအသင်းနဲ့ ၆နှစ်သက်တမ်းရှိတဲ့စာချုပ်ကိုချုပ်ဆိုတော့မှာလဲဖြစ်ပါတယ်။ နောက်ပြီးရီးရဲအသင်းရဲ့ ကစားသမားဖြစ်တဲ့ မီတိုကိုဗာစစ်ကိုလဲ ချဲလိဆီးအသင်းထံ တစ်ရာသီစာအငှါးချထားပေးမှာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကလည်း လစ်လပ်သွားတဲ့ ဂိုးသမားနေရာအတွက် ဘီဘာအိုဂိုးသမား ကပ်ပါအရစ်ဇာဘလာဂါ ကိုယူရိုသန်း ၈၀(ပေါင်၇၂သန်း) နဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကြသပတေးနေ့မနက် ၁၂နာရီ ကတည်းကပရီးမီးယားလိဂ်အပြောင်းအရွှေ့ဈေးကွက်ဟာပိတ်သိမ်းခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့အဆိုပါဂိုးသမားခေါ်ယူမှုဟာကမ္ဘာ့ ဈေးအကြီးဆုံးဂိုးသမားခေါ်ယူမှုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အဲ့မတိုင်ခင်က ရိုးမာကနေ လီဗာပူးအသင်းခေါ်ယူခဲ့တဲ့ ဂိုးသမား အလီဆင် ဟာပေါင် ၆၇သန်းနဲ့ဈေးအကြီးဆုံးဂိုးသမားအဖြစ်မှတ်တမ်းဝင်နေခဲ့တာဖြစ်ပါတယ်။
Source All Football

No comments:

Post a Comment