Wednesday, August 8, 2018




Zawgyi


Unicode

မိုဆာလာကိုရောင်းချခဲ့မိသည့်အတွက် ရိုးမားဥက္ကဌနောင်တရမိကြောင်းပြောဆို
ရိုးမားအသင်းဥက္ကဌ ဂျိမ်းစ်ပါလော့တာ ဟာ မိုဆာလာကို ယမန်နှစ်ရာသီက လီဗားပူးအသင်းထံရောင်းချခဲ့မိသည့်အတွက် နောင်တရမိကြောင်းပြောကြားခဲ့ပါတယ်။ အဆိုပါကစားသမားဟာ အန်ဖီးကလပ်ထံ ယူရို၄၂သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၄၄ဂိုးသွင်းယူကာ ယမန်နှစ်ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလဲသိမ်းပိုက်နိုင်ခဲ့ပါတယ်။
အသက် ၂၆နှစ်သာရှိသေးတဲ့ အာဖရိကန်တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးအသင်း စုစုပေါင်း၇ဂိုး၆ဂိုးရလာဒ်နဲ့ ရိုးမားကိုကျော်ဖြတ်ခဲ့ရာမှာ အဓိကကျခဲ့ပါတယ်။
သို့သော်လည်း ဆာလာကို မထိန်းသိမ်းနိုင်ခဲ့တဲ့အပေါ်မှာ စာချုပ်သက်တမ်းတစ်နှစ်သာကျန်တဲ့အချက်လဲပါဝင်နေတယ်လို့ဆိုပါတယ်။
ဒါအပြင် ရိုးမားအသင်းဟာအသင်းရဲ့အဓိကဂိုးသမားဖြစ်သူ အလီဆင်ကိုလဲ ပြီးခဲ့တဲ့နှစ်ပတ်ခန့်က ပေါင်၆၇သန်းနဲ့ လီဗာပူးအသင်းထံရောင်းချခဲ့ပါသေးတယ်။ မိုဆာလာကဲ့သို့ပင် အလီဆင်ဟာလည်း လီဗာပူးအသင်းရဲ့ခေါ်ယူမှုကို ငြင်းဆန်နိုင်ဖို့ခက်ခဲခဲ့ပါတယ်။
"ကျနော်နှစ်ဦးလုံးကို ထိန်းသိမ်းထားချင်ခဲ့တာပါ
ဒါပေမဲ့ လီဗာပူးဖြစ်နေတဲ့အတွက် အလီဆင်ကိုထိန်းဖို့တောင်ခက်ခဲခဲ့ပါတယ်" လို့သူကဆိုပါတယ်။ ဆာလာဟာ ချဲလ်ဆီးအသင်းမှာ၂ရာသီကြာကစားဖူးပြီး ၁၉ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ နည်းပြကလော့လက်အောက်မှာတော့ခြားနားတဲ့ပုံစံမျိုးနဲ့ အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ ၂၀၁၇ခုနှ်းအာဖရိကန် အကောင်းဆုံးကစားသမားဆုကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ဆာလာဟာပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းသွင်းယူနိုင်ခဲ့တဲ့ စံချိန်တင် ၃၂ဂိုးကြောင့် ၂၀၁၈-၁၉ ရာသီမှာလည်း ဆက်လက်သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်ရပါတယ်။

Source All Football

No comments:

Post a Comment