Zawgyi
ပြီးခဲ့တဲ့ ဇန်နဝါရ်ီလကမန်ယူအသင်းထံ တစ်ပတ်လုပ်ခပေါင်ငါးသိန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆန်းချက်ဟာ မန်ယူအသင်းအနေနဲ့ အရည်အသွေးမြင့်ကစားသမားတွေထပ်လိုအပ်နေသေးကြောင်းထောက်ပြသွားပါတယ်။

Unicode
ပြိုင်ဘက်အသင်းတွေကိုယှဉ်ပြိုင်ဖို့အတွက်
မန်ယူအသင်းအနေနဲ့ ငွေအမြောက်အများသုံးစွဲဖို့ ဆန်းချက် တိုက်တွန်း

ပြီးခဲ့တဲ့ ဇန်နဝါရီ်လကမန်ယူအသင်းထံ တစ်ပတ်လုပ်ခပေါင်ငါးသိန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆန်းချက်ဟာ မန်ယူအသင်းအနေနဲ့ အရည်အသွေးမြင့်ကစားသမားတွေထပ်လိုအပ်နေသေးကြောင်းထောက်ပြသွားပါတယ်။
လွန်ခဲ့တဲ့နှစ်ကာလတွေက မန်ယူအသင်းဟာဆိုရင် ပြိုင်ပွဲအရပ်ရပ်မှာအောင်မြင်မှုတွေယူနိုင်တဲ့အသင်းပါလို့သူကဆိုပါတယ်။
ကျနော်တို့ဟာအသင်းကြီးတစ်သင်းပါ အဲ့အတွက်မှန်ကန်တဲ့လေ့ကျင့်မှုတွေပြုလုပ်ဖို့လိုပါတယ်။ အဲ့လိုလေ့ကျင့်တဲ့နေရာမှာ အတွေ့အကြုံရှိဝါရင့်ကစားသမားတွေအပြင်ထိပ်တန်းကစားသမားတွေရှိနေဖို့လိုပါတယ် နောက်မျိုးဆကိတွေဟာ သူတို့ဆီကနေသင်ယူရင်းအသင်းအတွက်တိုက်ပွဲဝင်ကြရမှာပါ။
ဘာစီလိုနာကိုကြည့်ပါ သူတို့အနေနဲ့ ကျနော့်တို့ချီလီက ဗီဒယ်ကိုခေါ်နိုင်ခဲ့တယ်။ ကျနော်တို့လိုနေတာ သူလိုမျိုးကစားသမားမျိုးပါပဲ ဖလားတွေဆွတ်ခူးနိုင်ဖို့ အဆင့်မြင့်တဲ့ကလပ်တွေနဲ့ယှဉ်ပြိုင်နိုင်ဖို့အဲ့လိုကစားသမားတွေလိုနေပါတယ်။
ယူနိုက်တက်ဟာ အင်္ဂလန်စံတော်ချိန်ဗုဒ္ဓဟူးညမှာဒီရာသီခေါ်ယူမှုရဲ့ လေးယောက်မြောက်ကစားသမားအတွက်ဆေးစစ်မှုတွေပြုလုပ်မယ်လို့သိရပါတယ်။ အပြောင်းအရွှေ့ဟာ ကြာသာပတေးနေ့ ညနေငါးနာရီမှာပြီးဆုံးမှာလဲဖြစ်ပါတယ်။
နည်းပြမော်ရင်ဟိုကလည်း သူ့ရဲ့ထိပ်တန်းကစားသမားဝယ်ယူဖို့လျို့ဝှက်အစီအစဉ်ကို အသင်းဥက္ကဌထံပြောပြခဲ့တယ်လို့သိရပါတယ်။
မန်ယူအသင်းဟာ ဖရက်၊ ဒီရိုဂိုဒဲလော့ နဲ့ လီဂရန့်တို့ကို ပေါင်၇၅သန်းဝန်းကျင်အသုံးပြုခေါ်ယူခဲ့ပေမဲ့ လက်ရှိချန်ပီယံမန်စီးတီးကို ယှဉ်ပြိုင်ဖို့ရာ လိုလုံလောက်တဲ့လူစရင်းမရှိသေးဘူးလို့ ယူဆလျက်ရှိပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းရဲ့စိတ်ဝင်စားမှုကိုခံနေရတဲ့ ပေါ့ဘာကိုလဲအသင်းမှာဆကိထိန်းထားနိုင်ခဲ့ပါတယ်။
Source All Football

No comments:
Post a Comment