Thursday, August 9, 2018

မာရီေဘာကိုဂိုးျပတ္အႏုိင္ယူလိုက္တဲ့ ဂ်ာရတ္ရဲ႕ ရိန္းဂ်ားအသင္း




Zawgyi

မေန႔ညကကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ေျခစစ္ပြဲ တတိယအဆင့္မွာ ရိန္းဂ်ားအသင္းဟာ မာရီေဘာအသင္းကို ၃ဂိုးတစ္ဂိုးရလာဒ္နဲ႔အႏုိင္ယူခဲ့တယ္လို႔သိရပါတယ္။ ရိန္းဂ်ားအတြက္ ေမာ္ရီေလာ့စ္က ပြဲအစ ၆မိနစ္မွာဂိုးသြင္းယူခဲ့တာျဖစ္ၿပီး မိနစ္ေလးဆယ္အေရာက္မွာေတာ့ မာရီေဘာအသင္းကစားသမား ဗီလာက ေျခပဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ မိနစ္၅၀မွာရိန္းဂ်ားအသင္း ပင္နယ္တီျပစ္ဒဏ္ေဘာကန္ခြင့္ရခဲ့ၿပီး အသင္းေခါင္းေဆာင္ တာဗာနီယာ က အမွားအယြင္းမ႐ွိကန္သြင္းႏုိင္ခဲ့ပါတယ္။ရိန္းဂ်ားအတြက္ အႏုိင္ေသခ်ာေစမဲ့ဂုိးကို ၈၆မိနစ္မွာ ေကာ္လီဘေလကသြင္းယူႏိုင္ခဲ့လို႔ ၃ဂုိး၁ဂိုးရလာဒ္နဲ႔ပြဲျပီးဆံုးခဲ့တာျဖစ္ပါတယ္။ လာမဲ့ ၁၂ရက္ေန႔မွာ ရိန္းဂ်ားအသင္းဟာ စေကာ့တလန္ပရီးမီးယားလိဂ္ဒုတိယပြဲစဥ္အျဖစ္စိန္႔မီယန္ အသင္းနဲ႔ရင္ဆုိင္ရမွာျဖစ္ၿပီး ပြဲစဥ္ ၁ တုန္းကေတာ့ရိန္းဂ်ားအသင္းဟာ အမ္ဘာဒန္အသင္းဂိုတစ္ဖက္တစ္ဂိုးစီသေရသာရေအာင္ကစားႏုိင္ခဲ့ပါတယ္။ ယူ႐ိုပါလိဂ္တတိယအဆင့္ရဲ႕ ဒုတိယအေက်ာ့ပြဲစဥ္ကိုေတာ့ လာမဲ့ ၁၇ရက္ေန႔အေရာက္မွာ မာရီေဘာအသင္းရဲ႕အိမ္ကြင္းမွာသြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Unicode

မာရီဘောကိုဂိုးပြတ်အနိုင်ယူလိုက်တဲ့ ဂျာရတ်ရဲ့ ရိန်းဂျားအသင်း
မနေ့ညကကစားခဲ့တဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲ တတိယအဆင့်မှာ ရိန်းဂျားအသင်းဟာ မာရီဘောအသင်းကို ၃ဂိုးတစ်ဂိုးရလာဒ်နဲ့အနိုင်ယူခဲ့တယ်လို့သိရပါတယ်။ ရိန်းဂျားအတွက် မော်ရီလော့စ်က ပွဲအစ ၆မိနစ်မှာဂိုးသွင်းယူခဲ့တာဖြစ်ပြီး မိနစ်လေးဆယ်အရောက်မှာတော့ မာရီဘောအသင်းကစားသမား ဗီလာက ခြေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မိနစ်၅၀မှာရိန်းဂျားအသင်း ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင် တာဗာနီယာ က အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့ပါတယ်။ရိန်းဂျားအတွက် အနိုင်သေချာစေမဲ့ဂိုးကို ၈၆မိနစ်မှာ ကော်လီဘလေကသွင်းယူနိုင်ခဲ့လို့ ၃ဂိုး၁ဂိုးရလာဒ်နဲ့ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ လာမဲ့ ၁၂ရက်နေ့မှာ ရိန်းဂျားအသင်းဟာ စကော့တလန်ပရီးမီးယားလိဂ်ဒုတိယပွဲစဉ်အဖြစ်စိန့်မီယန် အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပွဲစဉ် ၁ တုန်းကတော့ရိန်းဂျားအသင်းဟာ အမ်ဘာဒန်အသင်းဂိုတစ်ဖက်တစ်ဂိုးစီသရေသာရအောင်ကစားနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်တတိယအဆင့်ရဲ့ ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမဲ့ ၁၇ရက်နေ့အရောက်မှာ မာရီဘောအသင်းရဲ့အိမ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source All Football

No comments:

Post a Comment