Thursday, August 9, 2018

အာဆင္နယ္ျကယ္ပြင့္ အာရြန္ရမ္ေဆး မန္စီးတီးႏွင့္ပြဲအတြက္ ေလ့က်င့္ခန္းျပန္ဆင္းႏုိင္




Zawgyi

အာဆင္နယ္အသင္းဟာတနဂၤေႏြေန႔မွာယွဥ္ၿပိဳင္ရမဲ့ လက္႐ွိခ်န္ပီယံမနိစီးတီးနဲ႔ပြဲအတြကျကိုတင္ျပင္ဆင္မွုေတြျပဳလုပ္ေနပါတယ္။ ထို႔အတြက္ ရမ္ေဆးေလ့က်င့္ခန္းျပန္ဆင္းႏိုင္တဲ့အေပၚမွာ ေႏြးေထြးစြာႀကိဳဆုိခဲ့ၾကပါတယ္။ ေဝးလ္ကြင္းလယ္လူဟာ ခ်ဲလ္ဆီးနဲ႔ ICCဖလားမတိုင္ခင္ကတည္းက ေျခသလံုးႂကြက္သားဒဏ္ရာရ႐ွိခဲ့ၿပီး႐ုန္းကန္ေနခဲ့ရတာပါ။ အသက္၂၇ႏွစ္အရြယ္အဆုိပါကစားသမားဟာ ဂန္းနားေတြရဲ႕ပြဲဦးထြက္ပရီးမီးယားလိဂ္ပြဲအတြက္ျပင္ဆင္မႈေတြျပဳလုပ္ေနပါၿပီ။ ရာသီကုန္မွာအသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္တဲ့ ရမ္ေဆးကိုအေျပာင္းအေရႊ႔ေစ်းကြက္မပိတ္ခင္မွာ အမ်ိဳးမ်ိဳးထင္ေၾကးေပးေျပာဆုိမႈေတြ႐ွိခဲ့ပါတယ္။ တစ္ပတ္လုပ္ခလစာ ၃သိနး္ကေန၃သိန္း၉ေသာင္းထိရ႐ွိဖိျ့အသင္းမွကမ္းလွမ္းခဲ့ေပမဲ့ ကစားသမားရဲ႕ေအ့ဂ်င့္ျဖစ္သူကပယ္ခ်ခဲ့ပါတယ္။ လီဗာပူးနဲ႔ ခ်ဲလ္ဆီးတို႔က ရမ္ေဆးကိုခ်ဥ္းကပ္မႈေတြျပဳလုပ္ခဲ့ၾကေပမဲ့ ေစ်းကြက္ပိတ္ခ်ိန္အထိ အသင္းမွာပဲဆက္႐ွိေနခဲ့ပါတယ္။ တနဂၤေႏြေန႔ ပြဲမွာ ရမ္ေဆးပါဝင္လာႏိုင္ေပမဲ့ ကိုလာစီနက္ကေတာ့ လြဲေခ်ာ္မွာျဖစ္ပါတယ္။ နည္းျပအူႏိုိင္းအမ္မရီလက္ထက္မွာ အာဆင္နယ္အေနနဲ႔ ပိုမိုတုိးတက္လာဖို႔ရည္ရြယ္ထားၿပီး ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံမန္စီးတီးထက္ ၃၇မွတ္ေလ်ာ့နည္းၿပီးရာသီသိမ္းခဲ့ရပါတယ္။

Unicode

အာဆင်နယ်ကြယ်ပွင့် အာရွန်ရမ်ဆေး မန်စီးတီးနှင့်ပွဲအတွက် လေ့ကျင့်ခန်းပြန်ဆင်းနိုင်
အာဆင်နယ်အသင်းဟာတနင်္ဂနွေနေ့မှာယှဉ်ပြိုင်ရမဲ့ လက်ရှိချန်ပီယံမနိစီးတီးနဲ့ပွဲအတွကကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ ထို့အတွက် ရမ်ဆေးလေ့ကျင့်ခန်းပြန်ဆင်းနိုင်တဲ့အပေါ်မှာ နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။ ဝေးလ်ကွင်းလယ်လူဟာ ချဲလ်ဆီးနဲ့ ICCဖလားမတိုင်ခင်ကတည်းက ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ပြီးရုန်းကန်နေခဲ့ရတာပါ။ အသက်၂၇နှစ်အရွယ်အဆိုပါကစားသမားဟာ ဂန်းနားတွေရဲ့ပွဲဦးထွက်ပရီးမီးယားလိဂ်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပါပြီ။ ရာသီကုန်မှာအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ ရမ်ဆေးကိုအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ အမျိုးမျိုးထင်ကြေးပေးပြောဆိုမှုတွေရှိခဲ့ပါတယ်။ တစ်ပတ်လုပ်ခလစာ ၃သိန်းကနေ၃သိန်း၉သောင်းထိရရှိဖိြ့အသင်းမှကမ်းလှမ်းခဲ့ပေမဲ့ ကစားသမားရဲ့အေ့ဂျင့်ဖြစ်သူကပယ်ချခဲ့ပါတယ်။ လီဗာပူးနဲ့ ချဲလ်ဆီးတို့က ရမ်ဆေးကိုချဉ်းကပ်မှုတွေပြုလုပ်ခဲ့ကြပေမဲ့ ဈေးကွက်ပိတ်ချိန်အထိ အသင်းမှာပဲဆက်ရှိနေခဲ့ပါတယ်။ တနင်္ဂနွေနေ့ ပွဲမှာ ရမ်ဆေးပါဝင်လာနိုင်ပေမဲ့ ကိုလာစီနက်ကတော့ လွဲချော်မှာဖြစ်ပါတယ်။ နည်းပြအူနိုင်းအမ်မရီလက်ထက်မှာ အာဆင်နယ်အနေနဲ့ ပိုမိုတိုးတက်လာဖို့ရည်ရွယ်ထားပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံမန်စီးတီးထက် ၃၇မှတ်လျော့နည်းပြီးရာသီသိမ်းခဲ့ရပါတယ်။

Source All Football

No comments:

Post a Comment