Monday, August 6, 2018
Zawgyi
Unicode
ရေနာကိုခေါ်ယူရန် ဆာရီမျကိစိကျနေ
ချဲလ်ဆီးနည်းပြ ဆာရီဟာ ဂိုးသမားကော်တိုရစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် မီလန်ဂိုးသမား ရေနာကိုမျက်စိက်နေပါတယ်။ အသက်၂၆နှစ်ရှိပြီဖြစ်တဲ့
ဘယ်လ်ဂျီယံနံပတ်တစ်ဂိုးသမားဟာ နည်းပြသစ် ဆာရီနဲ့မျက်နှာချင်းဆိုင်စကားပြောဆိုပြီးနောက် ရီယဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့သူ့ရဲ့ အေ့ဂျင့်ဖြစ်သူကဆိုပါတယ်။ ဆာရီက ကော်တိုရစ်အနေနဲ့ စတန်းဖို့ဘရစ်ကထွက်ခွာဖို့ရှိမယ်ဆိုရင် သူ့အနေနဲ့ တားဆီးမှာမဟုတ်ဘူးလို့ဆိုထားပါတယ်။ တခြားတက်ကြွတဲ့ကစားသမားတစ်ဦးကိုအစားထိုးသွားမှာလို့လဲသူကဆိုပါတယ်။
ပြီးခဲ့တဲ့ရက်က ကော်တိုရစ်ဟာအသင်းမှထွက်ခွာလိုကြောင်းဆာရီကိုပြောခဲ့ပါသေးတယ်။
အလားတူပဲ ဟာဇက်ဟာလည်း ရီးရဲအသင်းထံပြောင်းရွေ့ဖို့အလားအလာရှိနေပါတယ်။ ချဲလ်ဆီးနောက်ခံလူ ဒေးဗစ်လုူးဝစ်က သူတို့နှစ်ယောက်ကိုအသင်းမှာဆက်နေဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဝီလျံဟာလည်း မန်ယူအသင်းနဲ့နီးစပ်နေပြီး မာရှယ်နှင့်အလဲအထပ်ပြုဖွယ်ရှိနေကြောင်းလန်ဒန်သတင်းတွေကဆိုကြပါတယ်။
ကော်တိုရစ်ထွက်ခွာသွားပါက ဆာရီအနေနဲ့ ရေနာနဲ့အစားထိုးသွားဖွယ်ရှိတယ်လို့ သတင်းတွေကဆိုပါတယ်။ ဆာရီနဲ့ရေနာဟာ နာပိုလီအသင်းမှာအတူတူလက်တွံခဲ့ဖူးပြီးသားဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ဟောင်း ရေနာဟာ ချဲဆီးပြိုင်ဘက် လီဗာပူးအသင်းမှာ ၈နှစ်ကြာကစားခဲ့ဖူးပြီး SanSiroကွငိးမှာပွဲထွက်ကစားသမားဖြစ်ခွင့်ရဖို့ကိုသံသယတွေရှိနေပါတယ်။ မီလန်အသင်းဘက်ကတော့ ပြောင်းရွှေ့ကြေး €6m နဲ့ €8m ကြားရရှိမယ်ဆိုရင် ဆာရီရဲ့လိုအပ်ချက်ဟာပြည့်စုံလာနိုင်ဖွယ်ရှိပါတယ်
Source All Football
No comments:
Post a Comment