Monday, August 6, 2018




Zawgyi


Unicode

ချဲလ်ဆီး နဲ့ လီဗာပူးလ် အသင်းတွေကမိမိကိုခေါ်ယူလိုနေကြောင်း လေဗာကူဆင်တောင်ပံကစားသမား ဘိုင်လေအတည်ပြုပြောကြား
လေဗာကူဆင်ကြယ်ပွင့် လီရွန်ဘိုင်လေကို ချဲလ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့မှစိတ်ဝင်စားနေကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။
ချဲဆီးနဲ့လီဗာပူးတို့မှမိမိကိုစောင့်ကြည့်လျက်ရှိပြီး ယခုနွေရာသီဈေးကွက်မှာခေါ်ယူဖို့ကြိုးစားလိမ့်မယ်လို့ယုံကြည်နေပါတယ်။
အသက်၂၀အရွယ်သာရှိသေးတဲ့ အဆိုပါတောင်ပံကစားသမားကို အပြာရောင်ခြင်္သေ့တွေဘက်က ပေါင်သန်း၄၀နဲ့ကမ်းလှမ်းမှုပြုလုပ်လိုနေပြါတယ်။ ဘော်ဒိုးက မယ်လ်ကွန် ဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့တဲ့အတွက် ချဲလ်ဆီးအသင်း ဘိုင်လေကိုချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။
ဘိုင်လေဟာ လေဗာကူဆင်အသင်းအတွက် ၄၄ပွဲကစားပေးထားပြီး ၁၂ဂိုးသွင်းယူကာ ၇ဂိုးဖန်တီးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ညာစွန်နဲ့ ဘယ်စွန်တောင်ပံနှစ်ဖက်လုံးဖြန့်ကျက်ကစားနိုင်တဲ့အတွက် ပရီးမီးယားလိဂ်ကလပ်တွေရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပြီး ဘွန်ဒက်လီဂါမှကြယ်ပွင့်ဖြစ်လာခဲ့တာပါ။
သို့သော်လည်း ယခုအချိန်မှာတော့ ဘိုင်လေဟာ လာမဲ့ဘွန်ဒက်လီဂါပွဲစဉ်ကိုသာအာရုံစိုက်လျက်ရှိပြီး ချန်ပီယံဆုအတွက်စိန်ခေါ်မှုပြုလုပ်လိုနေပါတယ်။ မနှစ်ကလေဗာကူဆင်အသင်းဟာ ချန်ပီယံဘိုင်ယန်မြူးနစ်ထက် ၂၉မှတ်လျော့နည်းကာ ရာသီပိတ်သိမ်းခဲ့နာဖြစ်ပါတယ်။
Bundesliga ပွဲစဉ်တွေကို လာမဲ့ August 25 ရက်နေ့မှာစတင်ကစားမှာဖြစ်ပြီး  လေဗာကူဆင်အနေနဲ့ မိုချန်ဂလာဘတ်အသင်းကိုရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။


Source All Football

No comments:

Post a Comment