Sunday, August 5, 2018

ေစ်းကြက္ မပိတ္ခင္ ကစားသမား ထပ္ေခၚယူဖြယ္ရွိေနတဲ့ လီဗာပူးလ္


Zawgyi
လီဗာပူးလ္ အသင္း နည္းျပ ဂ်ာဂင္ကေလာ့ပ္က ၎တို႔ အသင္း အေနနဲ႔ လက္က်န္ ေစ်းကြက္ ေနာက္ဆံုးရက္သို႔ နီးကပ္လာေပမယ့္ အသင္းရဲ႕ အေျပာင္းအေရႊ႕က မၿပီးဆံုး ေသးေၾကာင္း ေျပာဆုိလိုက္ပါတယ္။
ေႏြရာသီ အေျပာင္းအေရႊ႕ဟာ ယခုလ ၉ ရက္ေန႔ ၿဗိတိန္စံေတာ္ခ်ိန္ ညေန ၅ နာရီမွာ ကုန္ဆံုးမွာ ျဖစ္ပါတယ္။
နာပိုလီ အသင္းကို ၅ ဂိုး ဂိုးမရွိျဖင့္ အႏုိင္ရခဲ့တဲ့ ေျခစမ္းပြဲ အၿပီး သတင္းစာ ရွင္းလင္းပြဲမွာေတာ့ လီဗာပူးလ္ အသင္း နည္းျပ ဂ်ာဂင္ကေလာ့ပ္က အသင္းရဲ႕ ကစားသမား အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ၿပီး လက္ရွိ ေစ်းကြက္ ရက္အတြင္းမွာ အေျခအေနေတြကို ဆက္ၿပီး ေစာင့္ၾကည့္သြားမယ္လို႔ ဆုိခဲ့ ပါတယ္။
လီဗာပူးလ္ အသင္းဟာ ေႏြရာသီ ေစ်းကြက္မွာ ကစားသမား အေျပာင္းအေရႊ႕ ျပင္ဆင္မႈ အားေကာင္းေနတဲ့ အသင္း တစ္သင္းလည္း ျဖစ္ပါတယ္။

Unicode

 ဈေးကွက် မပိတ်ခင် ကစားသမား ထပ်ခေါ်ယူဖွယ်ရှိနေတဲ့ လီဗာပူးလ်

လီဗာပူးလ် အသင်း နည်းပြ ဂျာဂင်ကလော့ပ်က ၎င်းတို့ အသင်း အနေနဲ့ လက်ကျန် ဈေးကွက် နောက်ဆုံးရက်သို့ နီးကပ်လာပေမယ့် အသင်းရဲ့ အပြောင်းအရွှေ့က မပြီးဆုံး သေးကြောင်း ပြောဆိုလိုက်ပါတယ်။
နွေရာသီ အပြောင်းအရွှေ့ဟာ ယခုလ ၉ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၅ နာရီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
နာပိုလီ အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ လီဗာပူးလ် အသင်း နည်းပြ ဂျာဂင်ကလော့ပ်က အသင်းရဲ့ ကစားသမား အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လက်ရှိ ဈေးကွက် ရက်အတွင်းမှာ အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့်သွားမယ်လို့ ဆိုခဲ့ ပါတယ်။
လီဗာပူးလ် အသင်းဟာ နွေရာသီ ဈေးကွက်မှာ ကစားသမား အပြောင်းအရွှေ့ ပြင်ဆင်မှု အားကောင်းနေတဲ့ အသင်း တစ်သင်းလည်း ဖြစ်ပါတယ်။
S

No comments:

Post a Comment