Pogba၏ ေအ့ဂ်င့္ျဖစ္သူ Mino Raiolaဟာ Manchester ကိုေရာက္႐ွိေနျပီလို့ Mirror သတင္းဌာနကေဖာ္ျပၿပီးေနာက္မွာေတာ့ Paul Pogba ရဲ႕ အနာဂတ္ဟာ ရက္ပိုင္းအတြင္းထူးျခားမႈ႐ွိလာေတာ့မွာျဖစ္ပါတယ္။ Manchester United ရဲ႕ကြင္းလယ္ကစားသမားဟာ
ေျပာင္းေရႊ႔ေၾကး £100millionနဲ႔ Barcelonaကမ္းလွမ္းဖို႔ျပင္ဆင္ေနသူပါ။ အသက္၂၅ႏွစ္အရြယ္႐ွိၿပီျဖစ္တဲ့ Pogba ဟာ နည္းျပ Mourinho ရဲ႕ေအာက္မွာ ပံုစံေကာင္းရဖို႔ႀကိဳးစားေနရသူျဖစ္ေသာ္လည္း ယခုႏွစ္ကမၻာ့ဖလားၿပိဳင္ပြဲမွာေတာ့မိခင္ႏုိင္ငံအသင္းအတြက္ ပံုစံေကာင္းျပသကာ အေရးပါတဲ့ Russiaအသင္းနဲ႔ပြဲစဥ္ Croaiaနဲ႔ဗိုလ္လုပြဲေတြမွာ ပံုစံေကာင္းျပသထားသူပါ။
နညး္ျပ Mourinhoဟာ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႔မွာ ထူးထူးျခားျခားကစားသမားေခၚယူမႈတစ္စံုတစ္ရာမျပဳလုပ္ထားေသာေၾကာင့္ Pogba ကိုအသင္းမွထြက္ခြာရန္ဆႏၵမ႐ွိပံုေပၚပါတယ္။ ထို႔အျပင္ Pogba ေနရာအတြက္အစားထိုးဖို႔တစ္စံုတစ္ရာျပင္ဆငိထားမႈမ်ိဳးလဲမ႐ွိေသးပါဘူး။
အျခားတစ္ဖက္မွာ Anthony Martial ဟာ ၾကာသာပေတးေန႔ေစ်းကြက္မပိတ္ခင္ အသင္းမွထြက္ခြာမည့္ပံုေပၚၿပီး Chelsea အသင္းမွ Willan ႏွင့္အလဲအထပ္ျပဳလုပ္ရန္အသံထြက္ေပၚေနပါသည္။
United ဟာ Tottenham ခံစစ္ ကစားသမား Alderweireld အတြက္ ေပါင္သန္း၆၀နဲ႔ကမ္းလွမ္းမႈျပဳလုပ္ေနၿပီး အဆုိပါကစားသမားဟာ United ကုိေရာက္႐ွိရန္အလားအလာေကာငး္ေနပါတယ္။
Mourinho ရဲ႕ United အသင္းဟာ Premier Leagueအဖြင္ပြဲစဥ္မွအျဖစ္ Leicester အသင္းနဲ႔ရင္ဆုိင္ရမွာျဖစ္ပါတယ္။
Unicode
Barcelona ပစ်မှတ် Pogba ရဲ့အေ့ဂျင့် Manchester သို့ရောက်ရှိနေ
Pogba၏အေ့ဂျင့်ဖြစ်သူ Mino Raiolaဟာ Manchester ကိုရောက်ရှိနေပြီလို့ Mirror သတင်းဌာနကဖော်ပြပြီးနောက်မှာတော့ Paul Pogba ရဲ့ အနာဂတ်ဟာ ရက်ပိုင်းအတွင်းထူးခြားမှုရှိလာတော့မှာဖြစ်ပါတယ်။ Manchester United ရဲ့ကွင်းလယ်ကစားသမားဟာ
ပြောင်းရွှေ့ကြေး £100millionနဲ့ Barcelonaကမ်းလှမ်းဖို့ပြင်ဆင်နေသူပါ။ အသက်၂၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ Pogba ဟာ နည်းပြ Mourinho ရဲ့အောက်မှာ ပုံစံကောင်းရဖို့ကြိုးစားနေရသူဖြစ်သော်လည်း ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့မိခင်နိုင်ငံအသင်းအတွက် ပုံစံကောင်းပြသကာ အရေးပါတဲ့ Russiaအသင်းနဲ့ပွဲစဉ် Croaiaနဲ့ဗိုလ်လုပွဲတွေမှာ ပုံစံကောင်းပြသထားသူပါ။
နည်းပြ Mourinhoဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ထူးထူးခြားခြားကစားသမားခေါ်ယူမှုတစ်စုံတစ်ရာမပြုလုပ်ထားသောကြောင့် Pogba ကိုအသင်းမှထွက်ခွာရန်ဆန္ဒမရှိပုံပေါ်ပါတယ်။ ထို့အပြင် Pogba နေရာအတွက်အစားထိုးဖို့တစ်စုံတစ်ရာပြင်ဆငိထားမှုမျိုးလဲမရှိသေးပါဘူး။
အခြားတစ်ဖက်မှာ Anthony Martial ဟာ ကြာသာပတေးနေ့ဈေးကွက်မပိတ်ခင် အသင်းမှထွက်ခွာမည့်ပုံပေါ်ပြီး Chelsea အသင်းမှ Willan နှင့်အလဲအထပ်ပြုလုပ်ရန်အသံထွက်ပေါ်နေပါသည်။
United ဟာ Tottenham ခံစစ် ကစားသမား Alderweireld အတွက် ပေါင်သန်း၆၀နဲ့ကမ်းလှမ်းမှုပြုလုပ်နေပြီး အဆိုပါကစားသမားဟာ United ကိုရောက်ရှိရန်အလားအလာကောင်းနေပါတယ်။
Mourinho ရဲ့ United အသင်းဟာ Premier Leagueအဖွင်ပွဲစဉ်မှအဖြစ် Leicester အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Source All football
No comments:
Post a Comment