Sunday, August 5, 2018

ေရသန္႔ဘူးလုိက္ေရာငး္ရတဲ့ ဘဝကေန နာမည္ေက်ာ္ ေဘာလုံးသမား ျဖစ္လာသူ ဖာမီႏုိ သုိ႔မဟုတ္ ႐ုန္းကန္မႈရဲ႕ျပယုဂ္





ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံမွာ ၂၇ ဂုိးသြင္းၿပီး ၁၆ ဂုိး ဖန္တီးေပးႏုိင္ခဲ့တဲ့ လီဗာပူး တုိက္စစ္မွဴး ဖာမီႏုိရဲ႕ ဂုိးသြင္းစြည္းရည္ကေတာ့ အေထြအထူး ေျပာျပေနဖုိ႔ မလုိပါဘူး။ ဒါေပမဲ့ သူ႔ရဲ႕ ဘဝျဖတ္သန္းစဥ္က ကြင္းတြင္း စြမ္းေဆာင္မႈထက္ပုိၿပီး ရင္သပ္႐ႈေမာစရာေကာင္းလုိ႔ ႐ုိးရာေလး ပရိသတ္ေတြအတြက္ ေဝမွ်ေဖာ္ျပေပးလုိက္ပါတယ္။

၁၉၉၁ ခုႏွစ္ ေအာက္တုိဘာလ ၂ ရက္ေန႔မွာ ဘရာဇီးႏုိင္ငံ အေရွ႕ဘက္ ကမ္း႐ုိးတန္းက အလာဂုိဝက္စ္ျပည္နယ္ မာစီယုိၿမိဳ႕မွာ ဖာမီႏုိကုိ ေမြးဖြားခဲ့ပါတယ္။ မာစီယုိၿမိဳ႕မွာ ဒုစ႐ုိက္ဂုိဏ္းေတြရဲ႕ ရမ္းကားမႈနဲ႔ လက္နက္ကုိင္အၾကမ္းဖက္မႈ ထူေျပာလုိ႔ ဖာမီႏုိကုိ သူ႔အေမက အိမ္အျပင္ မထြက္ခုိင္းခဲ့ပါဘူး။ မာစီယုိၿမိဳ႕က လမ္းေတြေပၚမွာ အႏ ၱရာယ္ မ်ားလြန္းတဲ့အတြက္  ဖခင္ျဖစ္သူ ဟုိေဆးေရာဘတ္တုိနဲ႔ မိခင္ျဖစ္သူ မာရီယာနာတုိ႔က သူ႔ကုိ ဂ႐ုတစုိက္ ေစာင့္ၾကည့္ခဲ့ရပါတယ္။ အဲဒါေၾကာင့္ သူ႔အေမက  ဖာမီႏုိ အိမ္ျပင္ထြက္ေဆာ့တာ မႀကိဳက္ပါဘူး။

ဖာမီႏုိရဲ႕အေဖ ဟုိေဆးေရာဘတ္တုိက မာစီယုိၿမိဳ႕မွာ ေရသန္႔ဘူး လုိက္ေရာင္းၿပီး မိသားစု စားဝတ္ေနေရးအတြက္ ပုိက္ဆံရွာရသူပါ။ သူ႔အေဖနဲ႔ အတူ ေရသန္႔ဘူး လုိက္ေရာင္းရခ်ိန္မွာလည္း ဖာမီႏုိတစ္ေယာက္ သူ႔အေဖနားမွာပဲ ကပ္ေနရပါတယ္။ ဖာမီႏုိကေတာ့ ေရသန္႔ဘူးေရာင္းတဲ့ အလုပ္ကုိ စိတ္မဝင္စားပါဘူး။ ေဘာလုံးကုိပဲ စိတ္ဝင္စားသူပါ။ သူ႔အေမက အိမ္ျပင္ထြက္ခြင့္ မေပးေပမယ့္ ဖာမီႏုိကေတာ့ ေဘာလုံးကန္ဖုိ႔အတြက္ ၿခံဝင္းတံခါးကုိ သံေခ်ာင္းနဲ႔ ထုိးဖြင့္ၿပီး အိမ္ျပင္ခုိးထြက္ေလ့ ရွိပါတယ္။

႐ုန္းကန္မႈရဲ႕ျပယုဂ္လုိ႔ တင္စားရမယ့္ ဖာမီႏုိဟာ အသက္ ၈ ႏွစ္အရြယ္ကတည္းက ဆင္းရဲမြဲေတမႈႏြံထဲကေန ႐ုန္းထြက္ႏုိင္ဖုိ႔ ေတြးေနပါၿပီ။ အဲဒီအခ်ိန္မွာ အိမ္နီးခ်င္းေတြ ဝုိင္းေျပာေပးလုိ႔ သူ႔မိဘေတြက ဖာမီႏုိကုိ အိမ္ျပင္ထြက္၊ ေဘာလုံးကန္ခြင့္ ေပးခဲ့ပါတယ္။ ''ဖာမီႏုိက ပါရမီရွိတယ္။ သူ ေအာင္ျမင္လာရင္ ဆင္းရဲမြဲေတမႈကေန လြတ္ေျမာက္ဖုိ႔ အခြင့္အေရးရၿပီ''လုိ႔ အိမ္နီးခ်င္းတစ္ဦးက သူ႔မိဘေတြကုိ ေျပာေပးခဲ့ပါတယ္။

ဖာမီႏုိကုိ အိမ္ထဲမွာပဲ ေနခုိင္းရင္ သူ႔အတြက္ ေအာင္ျမင္မႈရဖုိ႔ အခြင့္အေရး နည္းသြားမယ္လုိ႔ ေတြးမိတဲ့ သူ႔မိဘေတြက ဖာမီႏုိကုိ ေဘာလုံးကန္ဖုိ႔အတြက္ အိမ္ျပင္ထြက္ခြင့္ေပးခဲ့ပါတယ္။ ဖာမီႏုိဟာ ေဘာလုံးကန္တဲ့အခါ ႀကံဳခဲ့ရတဲ့အေၾကာင္းေတြ စဥ္းစားရင္း ေဘာလုံးကုိဖက္ၿပီး အိပ္ေပ်ာ္သြားတတ္တယ္လုိ႔ သူ႔အေမက ေျပာပါတယ္။ အသက္ ၁၄ ႏွစ္အရြယ္မွာေတာ့ ေဒသခံကလပ္ CRB အသင္းနည္းျပ လူးဝစ္ရဲ႕ အကူအညီေၾကာင့္ ဆငး္ရဲသားရပ္ကြက္ကေန ဖာမီႏုိ လြတ္ေျမာက္သြားခဲ့ပါတယ္။

''ဖာမီႏုိရဲ႕ မိသားစုက ေတာ္ေတာ္ဆင္းရဲႏြမ္းပါးလုိ႔ သူလည္း ေျခဗလာနဲ႔ ေဘာလုံးကစားရတယ္။ အသင္းကုိ သူ ေရာက္လာတုန္းက သူ႔အေဖလည္း အလုပ္မရွိဘူး။ မိသားစုကုိ မငတ္႐ုံတမယ္ပဲ ရွာေကၽြးႏုိင္ခဲ့တယ္။ အဲဒီေတာ့ ဖာမီႏုိရဲ႕ ခရီးစရိတ္နဲ႔ အသုံးစရိတ္ကုိ ကၽြန္ေတာ္ပဲ ေပးရတာေပါ့။ သူ႔ကုိ ဝတ္စုံဝယ္ေပးၿပီး ပြဲကစားတဲ့အခါ ထည့္သုံးၾကည့္တယ္။ သူက အရပ္ရွည္ၿပီး စကားနည္းေပမယ့္ လမ္းေပၚက အေတြ႕အႀကံဳမ်ားသူပါ။ သူ႔လုိ လူငယ္ေတြ မူးယစ္ေဆးဝါး ကုန္ကူးတာ၊ ကားေတြကုိ လုယက္တာမ်ဳိး လုပ္ေနၾကတာ ကၽြန္ေတာ္ ျမင္ဖူးပါတယ္။ ဒါေပမဲ့ ဖာမီႏုိက အဲဒီလုိလုပ္မယ့္သူ မဟုတ္ဘူးဆုိတာ သိပါတယ္'' လုိ႔ နည္းျပ လူးဝစ္က ေျပာပါတယ္။

ဖာမီႏုိဟာ အသက္ ၁၆ ႏွစ္ အရြယ္မွာေတာ့ သူ႔အိမ္ကေန မုိင္ ၁၆၀၀ ေဝးတဲ့ေနရာက တြမ္ဘန္ဆီအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့ပါတယ္။ အဲဒီေနာက္မွာ မုိင္ ၁၀၀၀ ထပ္ေဝးတဲ့ ဒုတိယတန္းကလပ္ ဖီဂြယ္ရန္ဆီအသင္းကုိ အငွားသြားကစားခဲ့ရပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ ဖာမီႏုိတစ္ေယာက္ အိမ္လြမ္းတဲ့စိတ္ေၾကာင့္ ငုိခဲ့ရပါတယ္။ အိမ္ျပန္ခ်င္တယ္လုိ႔ သူ႔အေမဆီ ဖုန္းဆက္ေျပာေပမယ့္ သူ႔မိသားစုကလည္း ဖာမီႏုိကုိ သြားေခၚဖုိ႔ ခရီးစရိတ္ မတတ္ႏုိင္ခဲ့ပါဘူး။ အဲဒါေၾကာင့္ ဖာမီႏုိဟာ သူရတဲ့ လစာကုိ မသုံးဘဲ လေတာ္ေတာ္ၾကာေအာင္ ပုိက္ဆံစုၿပီးမွ သူ႔အိမ္ကုိ အလည္ျပန္လာႏုိင္ခဲ့ပါတယ္။

ဖီဂြယ္ရန္ဆီ အသင္းအတြက္ မီးကုန္ယမ္းကုန္ ကစားေပးခဲ့တဲ့ ဖာမီႏုိကုိ မိခင္ကလပ္ CRB အသင္းရဲ႕ သြားဆရာဝန္ ေပၚတယ္လာက သတိထားမိၿပီး ေျမေထာင္ေျမႇာက္ေပးဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ (အဲဒီေနာက္ပုိင္းမွာ ေပၚတယ္လာက သြားဆရာဝန္ဘဝကုိ စြန္႔လႊတ္ၿပီး ဖာမီႏုိရဲ႕ ေအးဂ်င့္အျဖစ္ ေဆာင္ရြက္ခဲ့ပါတယ္)။ အဲဒီအခ်ိန္တုန္းက ဖာမီႏုိကုိ ခံစစ္အားသန္တဲ့ ကြင္းလယ္လူအျဖစ္ ကစားခုိင္းခဲ့တာပါ။ ဖာမီႏုိဟာ ၂၀၀၉ ခုႏွစ္ ေအာက္တုိဘာလ ၂၄ ရက္ေန႔မွာ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ ပထမဆုံးပြဲစဥ္အျဖစ္ လူစားဝင္ကစားခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္ ဇန္နဝါရီလမွာေတာ့ ဖီဂြယ္ရန္ဆီ အသင္းရဲ႕  အဓိက ကစားသမားစာရင္း ဝင္ခဲ့ပါတယ္။ အဲဒီရာသီမွာ ဖာမီႏုိက ၃၆ ပြဲကစားၿပီး ၈ ဂုိးသြင္းႏုိင္ခဲ့သလုိ ဖီဂြယ္ရန္ဆီအသင္းကလည္း ဘရာဇီး စီးရီးေအကုိ တန္းတက္ခြင့္ရရွိခဲ့ပါတယ္။

ေနာက္ပုိင္းမွာ ဂ်ာမန္ကလပ္ ေဟာ့ဖန္ဟိမ္းအသင္းရဲ႕ ကင္းေထာက္က သူ႔ကုိ သေဘာက်သြားခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္ ဒီဇင္ဘာလမွာ ေဟာ့ဖန္ဟိမ္းအသင္းနဲ႔ ၄ ႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆုိခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္ ဇန္နဝါရီလမွာ ေဟာ့ဖန္ဟိမ္းအသင္းကုိ ေရာက္ရွိခဲ့ၿပီး တစ္လအၾကာမွာ ေဟာ့ဖန္ဟိမ္းအသင္းအတြက္ ပထမဆုံးပြဲစဥ္ ကစားခြင့္ရခဲ့ပါတယ္။ ေဟာ့ဖန္ဟိမ္းအသင္းအတြက္ တစ္ႏွစ္ထက္တစ္ႏွစ္ပုိၿပီး အစြမ္းျပႏုိင္ခဲ့တဲ့ ဖာမီႏုိဟာ ၂၀၁၃-၁၄ ရာသီမွာ အတုိးတက္ဆုံး ကစားသမားဆု ဆြတ္ခူးခဲ့ပါတယ္။

ဂ်ာမနီမွာ ကစားခဲ့တဲ့ ကာလအတြင္း ဖာမီႏုိကုိ ပရိသတ္ေတြက သေဘာက်ရတဲ့ အေၾကာင္းအရင္းကေတာ့ က်ားကုတ္က်ားခဲ ႀကိဳးစားအားထုတ္တဲ့ သူ႔ပုံစံေၾကာင့္ပါပဲ။  ၂၀၁၄ ခုႏွစ္ ႏုိဝင္ဘာလမွာေတာ့ ဘရာဇီး လက္ေရြးစင္အသင္းအတြက္ ပထမဆုံး ပြဲကစားခြင့္ရခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ကုိပါအေမရိကၿပိဳင္ပြဲဝင္ ဘရာဇီးအသင္းမွာ ေရြးခ်ယ္ခံခဲ့ရပါတယ္။

ဖာမီႏုိရဲ႕ ငယ္ဘဝ နည္းျပ လူးဝစ္က ''သူ ကြင္းထဲ ေရာက္ၿပီး သိပ္မၾကာခင္မွာပဲ ေဘာလုံးၾကယ္ပြင့္ ျဖစ္လာမယ္ဆုိတာ ကၽြန္ေတာ္ သိခဲ့ပါတယ္။  ဘရာဇီး လက္ေရြးစင္အသင္းမွာ သူ ေရြးခ်ယ္ခံရတယ္ဆုိတဲ့ သတင္းၾကားရေတာ့ ကၽြန္ေတာ္ မ်က္ရည္က်ရပါတယ္။ ကၽြန္ေတာ္ ျဖစ္ေစခ်င္တဲ့ အိပ္မက္နဲ႔ သူ ျဖစ္ခ်င္တဲ့အိပ္မက္ကုိ အေကာင္အထည္ေဖာ္ႏုိင္ခဲ့တဲ့ သူ႔အတြက္ ကၽြန္ေတာ္ ဂုဏ္ယူပါတယ္"လုိ႔ ဆုိပါတယ္။

ေဟာ့ဖန္ဟိမ္းအတြက္ ၄ ႏွစ္အတြင္း ပြဲ ၁၄၀ ကစားၿပီး ၃၈ ဂုိးသြင္းႏုိင္ခဲ့တဲ့ ဖာမီႏုိဟာ ၂၀၁၅ ခုႏွစ္ ဇြန္လမွာ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၉ သန္းနဲ႔ လီဗာပူးကုိ ေျပာင္းေရႊ႕ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ လီဗာပူးရဲ႕ အဓိက ကစားသမားတစ္ဦး ျဖစ္ေနပါၿပီ။

ဖာမီႏုိဟာ ၂၀၁၃ ခုႏွစ္က ဘရာဇီးညကလပ္တစ္ခုမွာ ေမာ္ဒယ္ ပါရဲရားနဲ႔ ေတြ႕ဆုံခဲ့ၿပီး ခ်စ္သူေတြ ျဖစ္ခဲ့ၾကပါတယ္။ လီဗာပူးကုိ  ေျပာင္းေရႊ႕ၿပီး သိပ္မၾကာခင္မွာပဲ သူတုိ႔ႏွစ္ေယာက္ လက္ထပ္ခဲ့ၾကၿပီး အခုအခ်ိန္မွာေတာ့ ဗလန္တီနာနဲ႔ ဘယ္လာဆုိတဲ့ သမီးႏွစ္ေယာက္ ရွိေနပါၿပီ။

ဖာမီႏုိရဲ႕ မိခင္ကေတာ့ တနဂၤေႏြေန႔ မနက္ပုိင္း ဘုရားေက်ာင္းကုိသြားၿပီး ဝတ္ျပဳဆုေတာင္းတဲ့အခါတုိင္း ဘရာဇီး လက္ေရြးစင္အသင္းအတြက္ ဖာမီႏုိ ပထမဆုံး ပြဲကစားခြင့္ရတုန္းက ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီကုိ ဝတ္ဆင္သြားေလ့ရွိသလုိ လက္ေရြးစင္အသင္းအတြက္ သားျဖစ္သူ ပြဲမကစားခင္ ဆုေတာင္းပြဲေတြ လုပ္ေလ့ရွိပါတယ္။ အခုအခ်ိန္မွာေတာ့ တစ္ပတ္လုပ္ခ ေပါင္ ၉၀၀၀၀ ရေနတဲ့ ဖာမီႏုိအတြက္ ဆင္းရဲမြဲေတမႈဆုိတာ အတိတ္ကကိစၥ ျဖစ္သြားပါၿပီ။

Unicode

ရေသန့်ဘူးလိုက်ရောင်းရတဲ့ ဘဝကနေ နာမည်ကျော် ဘောလုံးသမား ဖြစ်လာသူ ဖာမီနို သို့မဟုတ် ရုန်းကန်မှုရဲ့ပြယုဂ်

ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ ၂၇ ဂိုးသွင်းပြီး ၁၆ ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ လီဗာပူး တိုက်စစ်မှူး ဖာမီနိုရဲ့ ဂိုးသွင်းစွည်းရည်ကတော့ အထွေအထူး ပြောပြနေဖို့ မလိုပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဘဝဖြတ်သန်းစဉ်က ကွင်းတွင်း စွမ်းဆောင်မှုထက်ပိုပြီး ရင်သပ်ရှုမောစရာကောင်းလို့ ရိုးရာလေး ပရိသတ်တွေအတွက် ဝေမျှဖော်ပြပေးလိုက်ပါတယ်။

၁၉၉၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာ ဘရာဇီးနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းက အလာဂိုဝက်စ်ပြည်နယ် မာစီယိုမြို့မှာ ဖာမီနိုကို မွေးဖွားခဲ့ပါတယ်။ မာစီယိုမြို့မှာ ဒုစရိုက်ဂိုဏ်းတွေရဲ့ ရမ်းကားမှုနဲ့ လက်နက်ကိုင်အကြမ်းဖက်မှု ထူပြောလို့ ဖာမီနိုကို သူ့အမေက အိမ်အပြင် မထွက်ခိုင်းခဲ့ပါဘူး။ မာစီယိုမြို့က လမ်းတွေပေါ်မှာ အန ္တရာယ် များလွန်းတဲ့အတွက်  ဖခင်ဖြစ်သူ ဟိုဆေးရောဘတ်တိုနဲ့ မိခင်ဖြစ်သူ မာရီယာနာတို့က သူ့ကို ဂရုတစိုက် စောင့်ကြည့်ခဲ့ရပါတယ်။ အဲဒါကြောင့် သူ့အမေက  ဖာမီနို အိမ်ပြင်ထွက်ဆော့တာ မကြိုက်ပါဘူး။

ဖာမီနိုရဲ့အဖေ ဟိုဆေးရောဘတ်တိုက မာစီယိုမြို့မှာ ရေသန့်ဘူး လိုက်ရောင်းပြီး မိသားစု စားဝတ်နေရေးအတွက် ပိုက်ဆံရှာရသူပါ။ သူ့အဖေနဲ့ အတူ ရေသန့်ဘူး လိုက်ရောင်းရချိန်မှာလည်း ဖာမီနိုတစ်ယောက် သူ့အဖေနားမှာပဲ ကပ်နေရပါတယ်။ ဖာမီနိုကတော့ ရေသန့်ဘူးရောင်းတဲ့ အလုပ်ကို စိတ်မဝင်စားပါဘူး။ ဘောလုံးကိုပဲ စိတ်ဝင်စားသူပါ။ သူ့အမေက အိမ်ပြင်ထွက်ခွင့် မပေးပေမယ့် ဖာမီနိုကတော့ ဘောလုံးကန်ဖို့အတွက် ခြံဝင်းတံခါးကို သံချောင်းနဲ့ ထိုးဖွင့်ပြီး အိမ်ပြင်ခိုးထွက်လေ့ ရှိပါတယ်။

ရုန်းကန်မှုရဲ့ပြယုဂ်လို့ တင်စားရမယ့် ဖာမီနိုဟာ အသက် ၈ နှစ်အရွယ်ကတည်းက ဆင်းရဲမွဲတေမှုနွံထဲကနေ ရုန်းထွက်နိုင်ဖို့ တွေးနေပါပြီ။ အဲဒီအချိန်မှာ အိမ်နီးချင်းတွေ ဝိုင်းပြောပေးလို့ သူ့မိဘတွေက ဖာမီနိုကို အိမ်ပြင်ထွက်၊ ဘောလုံးကန်ခွင့် ပေးခဲ့ပါတယ်။ ''ဖာမီနိုက ပါရမီရှိတယ်။ သူ အောင်မြင်လာရင် ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဖို့ အခွင့်အရေးရပြီ''လို့ အိမ်နီးချင်းတစ်ဦးက သူ့မိဘတွေကို ပြောပေးခဲ့ပါတယ်။

ဖာမီနိုကို အိမ်ထဲမှာပဲ နေခိုင်းရင် သူ့အတွက် အောင်မြင်မှုရဖို့ အခွင့်အရေး နည်းသွားမယ်လို့ တွေးမိတဲ့ သူ့မိဘတွေက ဖာမီနိုကို ဘောလုံးကန်ဖို့အတွက် အိမ်ပြင်ထွက်ခွင့်ပေးခဲ့ပါတယ်။ ဖာမီနိုဟာ ဘောလုံးကန်တဲ့အခါ ကြုံခဲ့ရတဲ့အကြောင်းတွေ စဉ်းစားရင်း ဘောလုံးကိုဖက်ပြီး အိပ်ပျော်သွားတတ်တယ်လို့ သူ့အမေက ပြောပါတယ်။ အသက် ၁၄ နှစ်အရွယ်မှာတော့ ဒေသခံကလပ် CRB အသင်းနည်းပြ လူးဝစ်ရဲ့ အကူအညီကြောင့် ဆင်းရဲသားရပ်ကွက်ကနေ ဖာမီနို လွတ်မြောက်သွားခဲ့ပါတယ်။

''ဖာမီနိုရဲ့ မိသားစုက တော်တော်ဆင်းရဲနွမ်းပါးလို့ သူလည်း ခြေဗလာနဲ့ ဘောလုံးကစားရတယ်။ အသင်းကို သူ ရောက်လာတုန်းက သူ့အဖေလည်း အလုပ်မရှိဘူး။ မိသားစုကို မငတ်ရုံတမယ်ပဲ ရှာကျွေးနိုင်ခဲ့တယ်။ အဲဒီတော့ ဖာမီနိုရဲ့ ခရီးစရိတ်နဲ့ အသုံးစရိတ်ကို ကျွန်တော်ပဲ ပေးရတာပေါ့။ သူ့ကို ဝတ်စုံဝယ်ပေးပြီး ပွဲကစားတဲ့အခါ ထည့်သုံးကြည့်တယ်။ သူက အရပ်ရှည်ပြီး စကားနည်းပေမယ့် လမ်းပေါ်က အတွေ့အကြုံများသူပါ။ သူ့လို လူငယ်တွေ မူးယစ်ဆေးဝါး ကုန်ကူးတာ၊ ကားတွေကို လုယက်တာမျိုး လုပ်နေကြတာ ကျွန်တော် မြင်ဖူးပါတယ်။ ဒါပေမဲ့ ဖာမီနိုက အဲဒီလိုလုပ်မယ့်သူ မဟုတ်ဘူးဆိုတာ သိပါတယ်'' လို့ နည်းပြ လူးဝစ်က ပြောပါတယ်။

ဖာမီနိုဟာ အသက် ၁၆ နှစ် အရွယ်မှာတော့ သူ့အိမ်ကနေ မိုင် ၁၆၀၀ ဝေးတဲ့နေရာက တွမ်ဘန်ဆီအသင်းနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ မိုင် ၁၀၀၀ ထပ်ဝေးတဲ့ ဒုတိယတန်းကလပ် ဖီဂွယ်ရန်ဆီအသင်းကို အငှားသွားကစားခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကတော့ ဖာမီနိုတစ်ယောက် အိမ်လွမ်းတဲ့စိတ်ကြောင့် ငိုခဲ့ရပါတယ်။ အိမ်ပြန်ချင်တယ်လို့ သူ့အမေဆီ ဖုန်းဆက်ပြောပေမယ့် သူ့မိသားစုကလည်း ဖာမီနိုကို သွားခေါ်ဖို့ ခရီးစရိတ် မတတ်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် ဖာမီနိုဟာ သူရတဲ့ လစာကို မသုံးဘဲ လတော်တော်ကြာအောင် ပိုက်ဆံစုပြီးမှ သူ့အိမ်ကို အလည်ပြန်လာနိုင်ခဲ့ပါတယ်။

ဖီဂွယ်ရန်ဆီ အသင်းအတွက် မီးကုန်ယမ်းကုန် ကစားပေးခဲ့တဲ့ ဖာမီနိုကို မိခင်ကလပ် CRB အသင်းရဲ့ သွားဆရာဝန် ပေါ်တယ်လာက သတိထားမိပြီး မြေထောင်မြှောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (အဲဒီနောက်ပိုင်းမှာ ပေါ်တယ်လာက သွားဆရာဝန်ဘဝကို စွန့်လွှတ်ပြီး ဖာမီနိုရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်)။ အဲဒီအချိန်တုန်းက ဖာမီနိုကို ခံစစ်အားသန်တဲ့ ကွင်းလယ်လူအဖြစ် ကစားခိုင်းခဲ့တာပါ။ ဖာမီနိုဟာ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပထမဆုံးပွဲစဉ်အဖြစ် လူစားဝင်ကစားခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလမှာတော့ ဖီဂွယ်ရန်ဆီ အသင်းရဲ့  အဓိက ကစားသမားစာရင်း ဝင်ခဲ့ပါတယ်။ အဲဒီရာသီမှာ ဖာမီနိုက ၃၆ ပွဲကစားပြီး ၈ ဂိုးသွင်းနိုင်ခဲ့သလို ဖီဂွယ်ရန်ဆီအသင်းကလည်း ဘရာဇီး စီးရီးအေကို တန်းတက်ခွင့်ရရှိခဲ့ပါတယ်။

နောက်ပိုင်းမှာ ဂျာမန်ကလပ် ဟော့ဖန်ဟိမ်းအသင်းရဲ့ ကင်းထောက်က သူ့ကို သဘောကျသွားခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ဟော့ဖန်ဟိမ်းအသင်းနဲ့ ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ ဟော့ဖန်ဟိမ်းအသင်းကို ရောက်ရှိခဲ့ပြီး တစ်လအကြာမှာ ဟော့ဖန်ဟိမ်းအသင်းအတွက် ပထမဆုံးပွဲစဉ် ကစားခွင့်ရခဲ့ပါတယ်။ ဟော့ဖန်ဟိမ်းအသင်းအတွက် တစ်နှစ်ထက်တစ်နှစ်ပိုပြီး အစွမ်းပြနိုင်ခဲ့တဲ့ ဖာမီနိုဟာ ၂၀၁၃-၁၄ ရာသီမှာ အတိုးတက်ဆုံး ကစားသမားဆု ဆွတ်ခူးခဲ့ပါတယ်။

ဂျာမနီမှာ ကစားခဲ့တဲ့ ကာလအတွင်း ဖာမီနိုကို ပရိသတ်တွေက သဘောကျရတဲ့ အကြောင်းအရင်းကတော့ ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်တဲ့ သူ့ပုံစံကြောင့်ပါပဲ။  ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာတော့ ဘရာဇီး လက်ရွေးစင်အသင်းအတွက် ပထမဆုံး ပွဲကစားခွင့်ရခဲ့ပြီး ၂၀၁၅ ခုနှစ် ကိုပါအမေရိကပြိုင်ပွဲဝင် ဘရာဇီးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ဖာမီနိုရဲ့ ငယ်ဘဝ နည်းပြ လူးဝစ်က ''သူ ကွင်းထဲ ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘောလုံးကြယ်ပွင့် ဖြစ်လာမယ်ဆိုတာ ကျွန်တော် သိခဲ့ပါတယ်။  ဘရာဇီး လက်ရွေးစင်အသင်းမှာ သူ ရွေးချယ်ခံရတယ်ဆိုတဲ့ သတင်းကြားရတော့ ကျွန်တော် မျက်ရည်ကျရပါတယ်။ ကျွန်တော် ဖြစ်စေချင်တဲ့ အိပ်မက်နဲ့ သူ ဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ သူ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်"လို့ ဆိုပါတယ်။

ဟော့ဖန်ဟိမ်းအတွက် ၄ နှစ်အတွင်း ပွဲ ၁၄၀ ကစားပြီး ၃၈ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖာမီနိုဟာ ၂၀၁၅ ခုနှစ် ဇွန်လမှာ ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းနဲ့ လီဗာပူးကို ပြောင်းရွှေ့ခဲ့ပြီး အခုအချိန်မှာတော့ လီဗာပူးရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပါပြီ။

ဖာမီနိုဟာ ၂၀၁၃ ခုနှစ်က ဘရာဇီးညကလပ်တစ်ခုမှာ မော်ဒယ် ပါရဲရားနဲ့ တွေ့ဆုံခဲ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ လီဗာပူးကို  ပြောင်းရွှေ့ပြီး သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြပြီး အခုအချိန်မှာတော့ ဗလန်တီနာနဲ့ ဘယ်လာဆိုတဲ့ သမီးနှစ်ယောက် ရှိနေပါပြီ။

ဖာမီနိုရဲ့ မိခင်ကတော့ တနင်္ဂနွေနေ့ မနက်ပိုင်း ဘုရားကျောင်းကိုသွားပြီး ဝတ်ပြုဆုတောင်းတဲ့အခါတိုင်း ဘရာဇီး လက်ရွေးစင်အသင်းအတွက် ဖာမီနို ပထမဆုံး ပွဲကစားခွင့်ရတုန်းက ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို ဝတ်ဆင်သွားလေ့ရှိသလို လက်ရွေးစင်အသင်းအတွက် သားဖြစ်သူ ပွဲမကစားခင် ဆုတောင်းပွဲတွေ လုပ်လေ့ရှိပါတယ်။ အခုအချိန်မှာတော့ တစ်ပတ်လုပ်ခ ပေါင် ၉၀၀၀၀ ရနေတဲ့ ဖာမီနိုအတွက် ဆင်းရဲမွဲတေမှုဆိုတာ အတိတ်ကကိစ္စ ဖြစ်သွားပါပြီ။

Credit (႐ုိးရာေလး)

No comments:

Post a Comment