Sunday, August 5, 2018

၂၀၁၈ ခုႏွစ္အတြက္ German Footballer of the yearဆုကို Toni Kroos ပထမဦးဆံုးအျကိမ္အျဖစ္ဆြတ္ခူး




Zawgyi

အဆိုပါဆုဟာ ဂ်ာမနီႏိုင္ငံ႐ွိဂ်ာမန္ေဘာလံုးသမားမ်ားနဲ႔ ေဘာလံုးသတင္းစာအမ်ားစုက ဂ်ာနယ္လစ္ေတြအပါအဝင္ ဂ်ာမန္ အားကစားဂ်ာနယ္လစ္အစည္းအရံုးက ဂ်ာနယ္လစ္ေတြရဲ႕ မဲေပးေရြးခ်ယ္မႈကေနေပးအပ္တာျဖစ္ၿပီး Toni Kroos အေနနဲ႔ကစားသမားဘဝပထမဦးဆံုးအႀကိမ္အျဖစ္ရ႐ွိခဲ့တာျဖစ္ပါတယ္။
အသက္၂၈ႏွစ္႐ွိၿပီျဖစ္တဲ့ Real Madrid ကြင္းလယ္ကစားသမားဟာ မဲအေရအတြက္ ၁၈၅မဲရ႐ွိခဲ့ၿပီး Freiburg ကစားသမား Nil Petersen က၃၉မဲနွင့္ဒုတိယေနရာ၊ Schalke ကစားသမား Naldoက ၃၈မဲႏွင့္ တတိယေနရာရ႐ွိခဲ့ပါတယ္။

" Footballer of the Year ဆုဟာ က်ေနာ့္အတြက္ေတာ့အရမ္းဂုဏ္ယူစရာေကာင္းျပီး အမွတ္တရျဖစ္က်န္ခဲ့မွာပါ" လို႔ Kroos ကေျပာခဲ့ပါတယ္။ "ဒီဆုရဖို႔ကတကယ္ကိုမလြယ္ကူပါဘူး ဂ်ာမန္ကစားသမားေတြအတြက္အလြန္အေရးပါတဲ့အိမ္မက္တစ္ခုပါ"

Karl-Heinz Rummenigge, Jürgen Klinsmann, Oliver Kahn, Michael Ballack, Miroslav Klose, Manuel Neuer, Philipp Lahm စတဲ့ကစားသမားေတြဟာ  German Footballer of the Yearဆုကိုရဖူးၾကပါတယ္။

ထို့အတူ Bayern Munich နည္းျပ Jupp Heynckes ဟာလည္း မဲအေရအတြက္၉၁မဲႏွင့္ German Coach of the Year ဆုကိုရရွိခဲ့ပါတယ္။  Schalke နည္းျပ Domenico Tedesco ကမဲအေရအတြက္၂မဲေလ်ာ့နည္းကာဒုတိယေနရာရ႐ွိခဲ့ပါတယ္။

"က်ေနာ္ဒီဆုရေအာင္ ဂ်ာနယ္လစ္ေတြကမဲေပးေရြးခ်ယ္ခဲ့ျကတဲ့အတြက္ အရမ္းကိုေပ်ာ္ရႊင္ရပါတယ္ဗ်ာ" လို႔ Heynckes ကေျပာၾကားခဲ့ပါတယ္။
" Bundesliga က အျခားနည္းျပေတြမွာလည္းငယ္ရြယ္ၿပီးအရည္အခ်င္း႐ွိတဲ့သူေတြပါဝင္ပါတယ္ သူတို႔လဲဒီဆုကိုရသင့္ပါတယ္"

Unicode
၂၀၁၈ ခုနှစ်အတွက် German Footballer of the yearဆုကို Toni Kroos ပထမဦးဆုံးအကြိမ်အဖြစ်ဆွတ်ခူး

အဆိုပါဆုဟာ ဂျာမနီနိုင်ငံရှိဂျာမန်ဘောလုံးသမားများနဲ့ ဘောလုံးသတင်းစာအများစုက ဂျာနယ်လစ်တွေအပါအဝင် ဂျာမန် အားကစားဂျာနယ်လစ်အစည်းအရုံးက ဂျာနယ်လစ်တွေရဲ့ မဲပေးရွေးချယ်မှုကနေပေးအပ်တာဖြစ်ပြီး Toni Kroos အနေနဲ့ကစားသမားဘဝပထမဦးဆုံးအကြိမ်အဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။
အသက်၂၈နှစ်ရှိပြီဖြစ်တဲ့ Real Madrid ကွင်းလယ်ကစားသမားဟာ မဲအရေအတွက် ၁၈၅မဲရရှိခဲ့ပြီး Freiburg ကစားသမား Nil Petersen က၃၉မဲနှင့်ဒုတိယနေရာ၊ Schalke ကစားသမား Naldoက ၃၈မဲနှင့် တတိယနေရာရရှိခဲ့ပါတယ်။

" Footballer of the Year ဆုဟာ ကျနော့်အတွက်တော့အရမ်းဂုဏ်ယူစရာကောင်းပြီး အမှတ်တရဖြစ်ကျန်ခဲ့မှာပါ" လို့ Kroos ကပြောခဲ့ပါတယ်။ "ဒီဆုရဖို့ကတကယ်ကိုမလွယ်ကူပါဘူး ဂျာမန်ကစားသမားတွေအတွက်အလွန်အရေးပါတဲ့အိမ်မက်တစ်ခုပါ"

Karl-Heinz Rummenigge, Jürgen Klinsmann, Oliver Kahn, Michael Ballack, Miroslav Klose, Manuel Neuer, Philipp Lahm စတဲ့ကစားသမားတွေဟာ  German Footballer of the Yearဆုကိုရဖူးကြပါတယ်။

ထို့အတူ Bayern Munich နည်းပြ Jupp Heynckes ဟာလည်း မဲအရေအတွက်၉၁မဲနှင့် German Coach of the Year ဆုကိုရရှိခဲ့ပါတယ်။  Schalke နည်းပြ Domenico Tedesco ကမဲအရေအတွက်၂မဲလျော့နည်းကာဒုတိယနေရာရရှိခဲ့ပါတယ်။

"ကျနော်ဒီဆုရအောင် ဂျာနယ်လစ်တွေကမဲပေးရွေးချယ်ခဲ့ကြတဲ့အတွက် အရမ်းကိုပျော်ရွှင်ရပါတယ်ဗျာ" လို့ Heynckes ကပြောကြားခဲ့ပါတယ်။
" Bundesliga က အခြားနည်းပြတွေမှာလည်းငယ်ရွယ်ပြီးအရည်အချင်းရှိတဲ့သူတွေပါဝင်ပါတယ် သူတို့လဲဒီဆုကိုရသင့်ပါတယ်"
Source All football

No comments:

Post a Comment