Sunday, August 5, 2018

Gerrard အတွက်နောက်ထပ်နည်းပြလုပ်ရမဲ့အသင်းတွေဟာ Liverpool, Arsenal, Man Utd လိုအသင်းတွေကဲ့ သို့ သာဖြစ်တယ်လို့ Alex Millerပြော


Zawgyi


Unicode

Gerrard အတွက်နောက်ထပ်နည်းပြလုပ်ရမဲ့အသင်းတွေဟာ Liverpool, Arsenal, Man Utd လိုအသင်းတွေသာဖြစ်တယ်လို့ Alex Miller ပ်ပြော
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ Ranger ရဲ့ Ibrox Stadium မှာသူ့ရဲ့ မန်နေဂျာအရည်အသွေးတွေတောက်ပြောင်လာမှာဖြစ်သလို Premier League ထိပ်သီးအသင်းတွေကကမ်းလှမ်းမှုတွေပြုလာလိမ့်မယ်လို့ Liverpoolအသင်းရဲ့လက်ထောက် နည်းပြဟောင်း Alex Miller ကယုံကြည်နေပါတယ်။
Gerrard ဟာ LA Galaxy အသင်းမှာကစားပြီးနောက် ဘောလုံးကစားသမားဘဝမှအနားယူကာ Merseyside ကိုပြန်ခဲ့ပြီး Liverpool အကယ်ဒမီအသင်းနဲ့နည်းပြဘဝကိုစတင်ခဲ့သူုဖြစ်ပါတယ်။ Gerrard ရဲ့Ranger အသင်းဟာရလာဒ်ကောင်းတွေဖော်ဆောင်နိုင်ပြီး Glasgow မြို့ကနေထွက်ခွာဖို့အတွက် Premier League အသင်းကြီးတစ်သင်းကကမ်းလှမ်းလာလိမ့်မယ်လို့
Miller က BBC အင်တာဗျူးတစ်ခုမှပြောကြားခဲ့တာပါ အလားတူပဲRangers ဟာ Celtic ကိုရင်ဆိုင်ယှဉ်ပြိုင်နိုင်စွမ်းအပြည့်အဝရှိနေပြီလို့လဲဆိုပါသေးတယ်။
Liverpool, Manchester United, သို့ Arsenal. တို့ကကမ်းလှမ်းလာရင်တော့ ခင်ဗျားဆိုလဲ Ranger ကနေစွန်ခွာတာမျိုးလုပ်မိမှာပါလို့ပြောကြားခဲ့ပါတယ်။
Gerrard ဟာ Rangers ကိုကိုင်တွယ်လျက်ရှိပြီး 2018-19 Europa League တတိယအဆင့်ခြေစစ်ပွဲယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ဒါ့အပြင်  Scottish Premiership ပြိုင်ပွဲအဖွင့်ပွဲစဉ်ကို လာမဲ့ တနင်္ဂနွေနေ့မှာ အဝေးကွင်းပွဲစဉ်အဖြစ် Aberdeen မှာသွားရောက်ယှဉ်ပြိုင်ရမှာပါ။
Source All Football

No comments:

Post a Comment