Sunday, August 5, 2018

Aguero ရဲ႕ သြင္းဂုိးႏွစ္ဂိုးနဲ႔ Man City အသင္း Community Shield ကိုသိမ္းပိုက္



Zawgyi

Sergio Aguero ဟာ Chelsea အသင္းကိုအနိုင္ယူနိုင္ခဲ႕တဲ႕ Community Shield ဗိုလ္လုပြဲမွာ သူ႔ရဲ႕ Man City ကစားသမားဘဝ ဂိုး၂၀၀ျပည့္သြင္းဂိုးအပါဝင္ စုစုေပါင္း ၂၀၁ဂိုးရ႐ွိေအာင္စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။
ပြဲစၿပီး ၁၃မိနစ္မွာ Foden ရဲ႕ေပးပို႔မႈကေန ေဘာလံုးရယူၿပီး ပင္နယ္တီဧရိယာအစပ္ကေန အဖြင့္ဂိုးကို လွလွပပ ကန္သြင္းယူႏုိင္ခဲ့ပါတယ္။အဆုိပါဂိုးေၾကာင့္ Aguero ဟာ Man City ရဲ႕ သြင္းဂိုး၂၀၀ျပည့္ေျမာက္တဲ့ ပထမဦးဆံုးကစားသမားျဖစ္လာခဲ့ပါတယ္။
Chelsea အသင္းတုိက္စစ္ဆင္ၿပီး ေျခပဂိုးရ႐ွိဖို႔ႀကိဳးပမ္းခဲ့ေပမဲ့ ဂိုးသမား Bravo လက္စြမ္းျပကာကြယ္ခဲ့လို႔ ပထမပိုင္းအၿပီးမွာMan Cityအသင္း တစ္ဂုိးအသာနဲ့ဦးေဆာင္နုိုင္ခဲ့ပါတယ္။
ဒုတိယပိုင္းအေရာက္ ၅၈မိနစ္မွာေတာ့ Aguero ကပဲ Man City အတြက္ဒုတိယေျမာက္အႏုိင္ဂိုးကိုသြင္းယူႏုိင္ခဲ့တာပါ။
အဲ့ဒီေနာက္အျပန္အလွန္ဖိအားေပးခဲ့ၾကေပမဲ့ Chelsea အသင္းရဲ႕ ဂိုးသမယး Caballeo Aguero ရဲ႕အပိုင္ကန္သြင္းခ်က္ေတြအပာအဝသ္ Man Cityရဲ႕တုိက္စစ္ေတြကိုကာကြယ္ႏိုင္ခဲ့ပါတယ္
89' မွာ Chelsea အသင္းရဲ႕ ကစားသမားေတြနားလည္မႈ႐ွိ႐ွိတြဲဖက္ကစားခဲ့ၿပီး Barkley ရဲ႕ေပးပို႔မႈကေန Abraham ကန္သြင္းခ်ကိေကာင္းခဲ့ေပမဲ့ Bravoကာကြယ္ႏုိင္ခဲ့ကာ ျပန္လ်ွံထြက္လာတဲ့ေဘာလံုးကို Moses ပိတိသြင္းခဲ့ေပမဲ့ ဂိုးေပါက္နဲ႔လြဲေခ်ာ္ခဲ့ပါတယ္။
Sergio Aguero အတြက္ဂိုး ၂၀၀ျပည့္ေျမာက္ခဲ့ၿပီး Guardiola ရဲ႕ Manchester City အသင္းကေတာ့ Chelsea အသင္းကိုႏွစ္ဂိုးျပတ္အႏုိင္ယူၿပီး Community Shield ကို Wembleyကြင္းမွာရယူႏုိင္ခဲ့ပါတယ္။
အသက္ ၃၀အရြယ္႐ွိၿပီျဖစ္တဲ့ Argentina ကစားသမားဟာသူ႔ရဲ႕ ၁၉၉ဂိုးေျမာက္သြင္းဂုိးကုိ February 25ရက္ေန႔ကက်င္းပခဲ့တဲ့  EFL Cup ဗိုလ္လုပြဲမွာသြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။
Agueroရဲ႕လႈပ္႐ွားမႈေတြဟာ သူကိုယ္တိုင္သူ႔အတြက္ေနရာလြတ္ေတြဖန္တီးႏုိင္ခဲ့ၿပီး Chelsea ေနာက္တန္းကိုအလုပ္႐ႈပ္ေစခဲ့ပါတယ္။
Kevin De Bruyne, Raheem Sterling, Eden Hazard နဲ႔ Thibaut Courtois တို႔မပါဝင္ခဲ့ၾကေပမဲ့ၿပိဳင္ပြဲရဲ႕ၿပိဳင္ဆုိင္မႈဟာအေတာ္ျပင္းထန္ခဲ့ပါတယ္။
Line-ups
Chelsea XI: Caballero; Azpilicueta (C), Rudiger, Luiz, Alonso; Jorginho, Fabregas, Barkley; Pedro, Hudson-Odoi, Morata.
Subs: Bulka, Christensen, Zappacosta, Drinkwater, Moses, Willian, Abraham.
Manchester City XI: Bravo; Walker, Stones, Laporte, Mendy; Fernandinho (C), Mahrez, Foden; Sane, B. Silva, Aguero.
Subs: Ederson, Kompany, Gundogan, Otamendi, Jesus, Diaz, Gomes.
Unicode
Aguero ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ Man City အသင်း Community Shield ကိုသိမ်းပိုက်
Sergio Aguero ဟာ Chelsea အသင်းကိုအနိုင်ယူနိုင်ခဲ့တဲ့ Community Shield ဗိုလ်လုပွဲမှာ သူ့ရဲ့ Man City ကစားသမားဘဝ ဂိုး၂၀၀ပြည့်သွင်းဂိုးအပါဝင် စုစုပေါင်း ၂၀၁ဂိုးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပွဲစပြီး ၁၃မိနစ်မှာ Foden ရဲ့ပေးပို့မှုကနေ ဘောလုံးရယူပြီး ပင်နယ်တီဧရိယာအစပ်ကနေ အဖွင့်ဂိုးကို လှလှပပ ကန်သွင်းယူနိုင်ခဲ့ပါတယ်။အဆိုပါဂိုးကြောင့် Aguero ဟာ Man City ရဲ့ သွင်းဂိုး၂၀၀ပြည့်မြောက်တဲ့ ပထမဦးဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
Chelsea အသင်းတိုက်စစ်ဆင်ပြီး ခြေပဂိုးရရှိဖို့ကြိုးပမ်းခဲ့ပေမဲ့ ဂိုးသမား Bravo လက်စွမ်းပြကာကွယ်ခဲ့လို့ ပထမပိုင်းအပြီးမှာMan Cityအသင်း တစ်ဂိုးအသာနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းအရောက် ၅၈မိနစ်မှာတော့ Aguero ကပဲ Man City အတွက်ဒုတိယမြောက်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့တာပါ။
အဲ့ဒီနောက်အပြန်အလှန်ဖိအားပေးခဲ့ကြပေမဲ့ Chelsea အသင်းရဲ့ ဂိုးသမယး Caballeo Aguero ရဲ့အပိုင်ကန်သွင်းချက်တွေအပာအဝသ် Man Cityရဲ့တိုက်စစ်တွေကိုကာကွယ်နိုင်ခဲ့ပါတယ်
89' မှာ Chelsea အသင်းရဲ့ ကစားသမားတွေနားလည်မှုရှိရှိတွဲဖက်ကစားခဲ့ပြီး Barkley ရဲ့ပေးပို့မှုကနေ Abraham ကန်သွင်းချကိကောင်းခဲ့ပေမဲ့ Bravoကာကွယ်နိုင်ခဲ့ကာ ပြန်လျှံထွက်လာတဲ့ဘောလုံးကို Moses ပိတိသွင်းခဲ့ပေမဲ့ ဂိုးပေါက်နဲ့လွဲချော်ခဲ့ပါတယ်။
Sergio Aguero အတွက်ဂိုး ၂၀၀ပြည့်မြောက်ခဲ့ပြီး Guardiola ရဲ့ Manchester City အသင်းကတော့ Chelsea အသင်းကိုနှစ်ဂိုးပြတ်အနိုင်ယူပြီး Community Shield ကို Wembleyကွင်းမှာရယူနိုင်ခဲ့ပါတယ်။
အသက် ၃၀အရွယ်ရှိပြီဖြစ်တဲ့ Argentina ကစားသမားဟာသူ့ရဲ့ ၁၉၉ဂိုးမြောက်သွင်းဂိုးကို February 25ရက်နေ့ကကျင်းပခဲ့တဲ့  EFL Cup ဗိုလ်လုပွဲမှာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
Agueroရဲ့လှုပ်ရှားမှုတွေဟာ သူကိုယ်တိုင်သူ့အတွက်နေရာလွတ်တွေဖန်တီးနိုင်ခဲ့ပြီး Chelsea နောက်တန်းကိုအလုပ်ရှုပ်စေခဲ့ပါတယ်။
Kevin De Bruyne, Raheem Sterling, Eden Hazard နဲ့ Thibaut Courtois တို့မပါဝင်ခဲ့ကြပေမဲ့ပြိုင်ပွဲရဲ့ပြိုင်ဆိုင်မှုဟာအတော်ပြင်းထန်ခဲ့ပါတယ်။
Line-ups
Chelsea XI: Caballero; Azpilicueta (C), Rudiger, Luiz, Alonso; Jorginho, Fabregas, Barkley; Pedro, Hudson-Odoi, Morata.
Subs: Bulka, Christensen, Zappacosta, Drinkwater, Moses, Willian, Abraham.
Manchester City XI: Bravo; Walker, Stones, Laporte, Mendy; Fernandinho (C), Mahrez, Foden; Sane, B. Silva, Aguero.
Subs: Ederson, Kompany, Gundogan, Otamendi, Jesus, Diaz, Gomes.
Source All Football

No comments:

Post a Comment