Sunday, August 5, 2018

အေျပာင္းအေရႊ႔ေစ်းကြက္မွာ ကစားသမားေတြကို Liverpool ဘယ္လိုဆြဲေဆာင္ႏုိင္ခဲ့သလဲဆုိတာေျပာျပလိုက္တဲ့ Klopp



Zawgyi

Jurgen Klopp ဟာ ကစားသမားေတြ Liverpoolမွာလာေရာက္ကစားႏိုင္ဖို႔ ဘယ္လိုဆြဲေဆာင္မႈေတြျပဳခဲ့တယ္ဆုိတာထုတ္ေဖာ္ေျပာဆုိလိုက္ပါတယ္။ ေႏြရာသီမွာ
အေျပာင္းအေရႊ႔မွာ Naby Keita, Xherdan Shaqiri, Fabinho နဲ႔ Alisson တို႔ကိုေခၚယူႏိုင္ခဲ့ၿပီးအသင္းသားေတြဟာ မိမိတို႔အေနနဲ႔ လက္႐ွိခ်န္ပီယံ Manchester City ကိုအေကာင္းဆံုးစိန္ေခၚႏိုင္စြမ္း႐ွိတယ္ဆုိတာကိုယံၾကည္လ်က္႐ွိပါတယ္။

Kloppက Echoနဲ႔အင္တာဗ်ဴးမွာ
"က်ေနာ္တုိ႔ဟာ ဥေရာပရဲ႕ထိပ္သီးအသင္းႀကီးေနရာကိုျပန္လည္ရယူႏုိင္ခဲ့ပါၿပီ။ ဒါကႀကီးမားတဲ့ရလာဒ္ပါ။"လို႔ Kloppက Echoနဲ႔ဘအင္တာဗ်ဴးမွာေျပာၾကားခဲ့တာပါ။
"ဘယ္သူမွဂ႐ုျပဳမိမွာမဟုတ္ေပမဲ့ အဲ့ဒီ့ရလာဒ္ကို ကစားသမားေတြေခၚယူတဲ့အခါမွာက်ေနာ္တုိ႔ခံစားမိေနပါၿပီ။ ဒါေတာ့က်ေနာ္တုိ႔ေျပာစရာေတာင္လိုေနမယ္မထင္ပါဘူး" "ဒါနဲ႔စကားမစပ္ Liverpool လူတိုင္းေျပာေနသေလာက္ဆုိးရြားမေနပါဘူး အသင္းအေနနဲ႔ အေနထားတစ္ခုမွာလက္႐ွိအခ်ိန္ထိခိုင္ခိုင္မာမာရပ္တည္ေနဆဲပါ။ အဲ့အတြက္က်ေနာ္တုိ႔ဒီမွာ႐ွိေနပါတယ္"
"တီဗီဖနိသားျပင္မွာၾကည့္႐ႈေနၾကတဲ့ပရိတ္သတ္ေတြအပါဝင္ တစ္ကမၻာလံုးက ေဘာလံုးပရိတ္သတ္ေတြ မႏွစ္က Liverpool ကိုေတြ႔ျမင္ခဲ့ရၿပီးျဖစ္မွာပါ အဲ့မတိုင္ခင္ႏွစ္ကလဲအသင္းအေနအထားကိုၾကည့္ဖူးၾကမွာပါ။ က်ေနာ္တုိ႔ဘာေတြလုပ္ေဆာငိႏုိင္ခဧ့တယ္ဆုိတာသူတို႔ေကာငး္ေကာင္းသိပါတယ္။"
“က်ေနာ္တို့အေနနဲ့ ကစားသမားေတြ Liverpoolကိုလာေအာင္ ဆြဲေဆာင္နိုင္ခဲ့တယ္ဆုိေပမဲ့ လြယ္ကူတဲ့ဆြဲေဆာင္မႈမ်ိဳးပါ တကယ္တမ္းေတာ့ ေထြေထြထူးထူး ဆြဲေဆာင္စရာေတာင္မလိုခဲ့ပါဘူး "
“ Virgil (van Dijk) ကိုၾကည့္မလား, Naby လဲအဲ့လိုပဲေလ အဲ့မတိုင္ခင္က Sadio (Mane) နဲ႔ Mo (Salah)တို႔ကိုလဲျကည့္ပါ။ ဒာကညLiverpool ျဖစ္ေနလို႔ သူတို႔အကုန္လံုး Anfield ကိုလာကစားဖို့ဖို႔ဆြဲေဆာင္ရတာလြယ္ကူခဲ့ပါတယ္။
“ဒီေႏြရာသီအေျပာင္းအေရႊ႔မွာလည္း ကစားသမားေတြကို Liverpoolနဲ႔စာခ်ဳပ္ခ်ဳပ္ဖို႔ က်ေနာ္တုိ႔ပံုျပင္ေတြဖန္တီးၿပီးမေျပာခဲ့ပါဘူး.. ဘုရင္မျကီးက Liverpool ကိုမၾကာမၾကာလာတတ္တယ္ မင္းစာခ်ဳပ္ခ်ဳပ္ရင္သူမနဲ႔ေတာင္ေတြ႔ႏုိင္တယ္ စတာေတြေပါ့ဗ်ာ" လုိ႔အရႊန္းေဖာက္ေျပာဆုိခဲ့ပါေသးတယ္။
“က်ေနာိတုိ႔ ေဘာလံုးအေၾကာင္းပဲေျပာျပပါတယ္ ဒါကၿပီးျပည့္စံုမႈ႐ွိပါတယ္ ဒါေၾကာင့္ပဲ ေကာင္းမြန္တဲ့ စာခ်ဳပ္ခ်ဳပ္ဆုိမႈေတြျပဳလုပ္ခဲ့ၾကတာပါ။ က်ေနာ္တုိ႔သြားရမဲ့ခရီးမွာ သူတို႔လဲပါမွာေသခ်ာတာေပါ့ဗ်ာ”
Unicode
အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတွေကို Liverpool ဘယ်လိုဆွဲဆောင်နိုင်ခဲ့သလဲဆိုတာပြောပြလိုက်တဲ့ Klopp
Jurgen Klopp ဟာ ကစားသမားတွေ Liverpoolမှာလာရောက်ကစားနိုင်ဖို့ ဘယ်လိုဆွဲဆောင်မှုတွေပြုခဲ့တယ်ဆိုတာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နွေရာသီမှာ
အပြောင်းအရွှေ့မှာ Naby Keita, Xherdan Shaqiri, Fabinho နဲ့ Alisson တို့ကိုခေါ်ယူနိုင်ခဲ့ပြီးအသင်းသားတွေဟာ မိမိတို့အနေနဲ့ လက်ရှိချန်ပီယံ Manchester City ကိုအကောင်းဆုံးစိန်ခေါ်နိုင်စွမ်းရှိတယ်ဆိုတာကိုယံကြည်လျက်ရှိပါတယ်။

Kloppက Echoနဲ့အင်တာဗျူးမှာ
"ကျနော်တို့ဟာ ဥရောပရဲ့ထိပ်သီးအသင်းကြီးနေရာကိုပြန်လည်ရယူနိုင်ခဲ့ပါပြီ။ ဒါကကြီးမားတဲ့ရလာဒ်ပါ။"လို့ Kloppက Echoနဲ့ဘအင်တာဗျူးမှာပြောကြားခဲ့တာပါ။
"ဘယ်သူမှဂရုပြုမိမှာမဟုတ်ပေမဲ့ အဲ့ဒီ့ရလာဒ်ကို ကစားသမားတွေခေါ်ယူတဲ့အခါမှာကျနော်တို့ခံစားမိနေပါပြီ။ ဒါတော့ကျနော်တို့ပြောစရာတောင်လိုနေမယ်မထင်ပါဘူး" "ဒါနဲ့စကားမစပ် Liverpool လူတိုင်းပြောနေသလောက်ဆိုးရွားမနေပါဘူး အသင်းအနေနဲ့ အနေထားတစ်ခုမှာလက်ရှိအချိန်ထိခိုင်ခိုင်မာမာရပ်တည်နေဆဲပါ။ အဲ့အတွက်ကျနော်တို့ဒီမှာရှိနေပါတယ်"
"တီဗီဖနိသားပြင်မှာကြည့်ရှုနေကြတဲ့ပရိတ်သတ်တွေအပါဝင် တစ်ကမ္ဘာလုံးက ဘောလုံးပရိတ်သတ်တွေ မနှစ်က Liverpool ကိုတွေ့မြင်ခဲ့ရပြီးဖြစ်မှာပါ အဲ့မတိုင်ခင်နှစ်ကလဲအသင်းအနေအထားကိုကြည့်ဖူးကြမှာပါ။ ကျနော်တို့ဘာတွေလုပ်ဆောငိနိုင်ခဧ့တယ်ဆိုတာသူတို့ကောင်းကောင်းသိပါတယ်။"
“ကျနော်တို့အနေနဲ့ ကစားသမားတွေ Liverpoolကိုလာအောင် ဆွဲဆောင်နိုင်ခဲ့တယ်ဆိုပေမဲ့ လွယ်ကူတဲ့ဆွဲဆောင်မှုမျိုးပါ တကယ်တမ်းတော့ ထွေထွေထူးထူး ဆွဲဆောင်စရာတောင်မလိုခဲ့ပါဘူး "
“ Virgil (van Dijk) ကိုကြည့်မလား, Naby လဲအဲ့လိုပဲလေ အဲ့မတိုင်ခင်က Sadio (Mane) နဲ့ Mo (Salah)တို့ကိုလဲကြည့်ပါ။ ဒာကညLiverpool ဖြစ်နေလို့ သူတို့အကုန်လုံး Anfield ကိုလာကစားဖို့ဖို့ဆွဲဆောင်ရတာလွယ်ကူခဲ့ပါတယ်။
“ဒီနွေရာသီအပြောင်းအရွှေ့မှာလည်း ကစားသမားတွေကို Liverpoolနဲ့စာချုပ်ချုပ်ဖို့ ကျနော်တို့ပုံပြင်တွေဖန်တီးပြီးမပြောခဲ့ပါဘူး.. ဘုရင်မကြီးက Liverpool ကိုမကြာမကြာလာတတ်တယ် မင်းစာချုပ်ချုပ်ရင်သူမနဲ့တောင်တွေ့နိုင်တယ် စတာတွေပေါ့ဗျာ" လို့အရွှန်းဖောက်ပြောဆိုခဲ့ပါသေးတယ်။
“ကျနောိတို့ ဘောလုံးအကြောင်းပဲပြောပြပါတယ် ဒါကပြီးပြည့်စုံမှုရှိပါတယ် ဒါကြောင့်ပဲ ကောင်းမွန်တဲ့ စာချုပ်ချုပ်ဆိုမှုတွေပြုလုပ်ခဲ့ကြတာပါ။ ကျနော်တို့သွားရမဲ့ခရီးမှာ သူတို့လဲပါမှာသေချာတာပေါ့ဗျာ”
Source All Football

No comments:

Post a Comment