Zawgyi
Source all foot ball
Unicode
တစ်နှစ်အငှါးစာချုပ်ဖြင့် Higuain AC Milanသို့ပြောင်းရွှေ့
အသက်၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Argentina ဝါရင့်တိုက်စစ်မှူးဟာ တစ်နှစ်အငှါးစာချုပ်ဖြင့် AC Milanသို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အဆိုပါကစားသများအတွက် ပြောင်းရွှေ့ကြေး ယူရို၁၈သန်းပေးချေခဲ့ရပြီး အပြီးသတ်ဝယ်ယူဖိုအတွက် ယူရို၃၆သန်းပေးချေရန်အခွင့်အရေးရှိနေပါသေးတယ်။
Argentina တိုက်စစ်မှူး Higuain ဟာ သူ့ရဲ့ကစားသမားဘဝကို မိခင်နိုင်ငံကလပ်ဖြစ်တဲ့ Rivef Plate ကနေစတင်ခဲ့တာပါ ၂၀၀၇ခုနစ်မှာReal Madrid အသင်းထံပြောင်းရွှေ့ခဲ့ပြီး ၂၀၁၃ခုနှစ်မှာ Napoli အသင်းကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၅-၁၆ရာသီမှာ လိဂ်သွင်းဂိုး ၃၆ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါနှစ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားဆုကိုပါရယူနိုင်ခဲ့ပါတယ်။ နေပယ်မှရှိစဉ်သူ၏စွမ်းဆောင်ရည်များကြောင့်ယူရိုသန်း၉၀နှင့် စီးရီးအေထိပ်သီးကလပ် Juventus က၂၀၁၆ခုနှစ်မှာဆခါ်ယူခဲ့ပါတယ်။ ရောက်ရောက်ချင်းနှစ်မှာပဲ အသင်းအတွက်သွင်းဂိုး ၂၄ဂိုးနဲ့ ဂိုဖန်တီမှု ၆ကြိမ်ပြုလုပ်ကာ နောက်တစ်နှစ်မှာ လည်းသွင်းဂိုး၁၆ဂိုးနဲ့ ဂိုးဖန်တီးမှု၃ကြိမိပြုလုပ်နိုင်ခဲ့ပါတယ်။
Higuain ဟာ Argentina ကစားသမားဘဝကို ၂၀၀၉ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားအပါအဝင် ၂၀၁၅ တောင်အမေရိကဖလားပွဲနဲ့ ၂၀၁၆ တောင်အမေရိကဖလားအနှစ်၁၀၀ပြည့်အထိန်းအမှတ်ဖလားပွဲတွေမှာ နိုင်ငံအသင်းအတွက် ဒုတိယနေရာရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။
No comments:
Post a Comment