Saturday, August 4, 2018

နံနက်ခင်းသတင်းတိုများ


Zawgyi







Unicode

အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာခြေစမ်းကစားခဲ့တဲ့ Liverpool အသင်းနဲ့ Napoliအသင်းတို့ပွဲစဉ်မှာတော့ Liverpoolအသင်းက Milner, Wijnaldum, Salah, Sturridge, Moreno တို့ရဲ့ စုပေါင်းသွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

အခြားကလပ်ခြေစမ်းပွဲတစ်ခုဖြစ်တဲ့ Girona နဲ့ Tottenham အသင်းတို့ပွဲစဉ်မှာ Girona အသင်းက ၄ဂိုး၁ဂိုးဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာ Tottenhamအသင်းအရန်ကစားသမားအများစုနဲ့ပွဲထွက်ခဲ့ပြီး အဓိကကစားသမားတွေကိုအနားပေးထားခဲ့တာတွေ့ရပါတယ်။

Sweeden နိုင်ငံ Stockholm မှာကျင်းပခဲ့တဲ့ Arsenal အသင်းနဲ့ Lazioအသင်းတို့ခြေစမ်းပွဲစဉ်မှာ Arsenalအသင်းက Nelson, Aubameyang တို့သွင်းဂိုးတွေနဲ့ ရာသီကြိုပွဲစဉ်တွေကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ ၁၈မိနစ်မှာ Nelsonနဲ့ ၆၄မိနစ်မှာ Aubameyang တို့ကသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Inter Milan အသင်းနဲ့ Lyon အသင်းတို့ကစားခဲ့တဲ့ ICC ပွဲစဉ်မှာတော့ Inter Milanအသင်းက Lautaro Martin ရဲ့တစ်လုံးထဲသောသွင်းဂိုးနဲ့အနိုင်ရရှိခဲ့ပါတယိ

Real Madrid နဲ့ Juventus အသင်းတို့ကစားခဲ့တဲ့ ICC ဖလားပွဲစဉ်မှာတော့ Realအသင်းက ၃ဂိုး၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲချိန်၁၆မိနစ်မှာ Cavarjel ရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ တူရင်သားတို့ဦးဆောငိနိုင်ခဲ့ပေမဲ့ ၃၉မိနစ်မှာ Baleရဲ့ခြေပဂိုးရရှိပြီးနောက်ညRealအသင်းဟာ Juventus အသင်းအပေါ်ဖိအားပေးကစားလာနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းအရောက်မှာတော့ Marco Asensioက ၄၇မိနစ်မှာတစ်ဂိုး ၅၆မိနစ်မှာတစ်ဂိုး သွင်းယူကာ Realအတွကိ အနိုင်ရလာဒ်ကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။

တစ်ခြား ICC ပွဲစဉ်တစိပွဲဖြစ်တဲ့ AC Milan နဲ့ Barcelona အသင်းတို့ပွဲစဉ်မှာတော့ Milanအသင်းဟာ အဓိကကစားသမားတွေမပါဝင်နိုင်ခဲ့တဲ့ Catalanအသင်းကို Andre Silvaရဲ့ နောကိကျဂိုးနဲ့ အရေးနိမ့်စေခဲ့တာပါ။
Source all football

No comments:

Post a Comment