July 31, 2018
Sport Myanmar မှကူးယူဖော်ပြပါသည်။
” ကျနော် လူငယ်ကစားသမား တွေအတွက် အမြဲတမ်းတံခါးဖွင့်ထားပါတယ် ၊ ဒါကြောင့် လူငယ်ကစားသမားတွေကို ထိုက်တန်တဲ့ အခွင့်အရေးတွေပေးသွားမှာပါ ” ဟု ပြောကြား သွားခဲ့တာပါ။
==================
==================

=======================
=======================
အန်ကီတီးယား ရဲ့ ဂိုးသွင်းနှုန်းဟာ ရပ်တန့်သွားခြင်းမရှိပဲ အာဆင်နယ်အသင်းကြီးအတွက်လည်း နောဝစ်ခ်ျ နဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အန်ကီတီးယား ဟာ ယခုနှစ်ရာသီမှာ ကျောနံပါတ် ၆၂ ကနေ ၄၉ ကိုပြောင်းလဲဝတ်ဆင်သွားမယ်လို့ သိရပါတယ်။

ရိုင်း နယ်လ်ဆင်( Reiss Nelson )
==================
==================
ရိုင်းနယ်လ်ဆင် ဟာ အာဆင်နယ် အသင်း ပရိသတ် တွေ နဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးဖြစ်ပြီး ယခုနှစ် ရာသီကြို ခြေစမ်းပွဲ တွေမှာလည်း ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ် ။
ရိုင်းနယ်လ်ဆင် ဟာ အာဆင်နယ် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ သုံးပွဲ စလုံးမှာ ပါဝင် ကစား ခွင့် ရခဲ့ သူလည်း ဖြစ်ပါတယ် ။ အဆိုပါ အသက် ၁၉ နှစ် အရွယ် ကစားသမား ဟာ ဘိုးလ်ဟမ်းဝုဒ် နဲ့ ရာသီကြို ခြေစမ်းပွဲ မှာ အာဆင်နယ် အသင်းအတွက် မြေမကျဘော ကန်ချက်နဲ့ လှလှပပ ဂိုးသွင်း ယူ ပေးနိုင်ခဲ့ပြီး ပီအက်စ်ဂျီ အသင်း နဲ့ ပွဲ မှာလည်း အန်ကီးတီးယား အတွက် ဂိုး ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။
နယ်လ်ဆင်ဟာ ရာသီသစ်မှာ အာဆင်နယ်အသင်းကြီးမှာ ပွဲထွက်ကစားခွင့်ရဖွယ်ရှိနေပါတယ်။ ပွဲထွက်ခွင့်ရပါက သူ့ရဲ့ အရည်အသွေး ခြေစွမ်းခြေစ တွေကိုထုတ်ပြသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
နောက်ထပ်အနေနဲ့ နယ်လ်ဆင်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိနေပြီး စာချုပ်သက်တမ်းတိုးဖို့လည်း နီးစပ်နေပြီလို့ သိရပါတယ်။
နယ်လ်ဆင်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယား လိဂ် ၂ အကောင်းဆုံး ကစားသမား ဆုကို လည်း ရရှိခဲ့ပြီး အာဆင်နယ် အသင်း နဲ့ ပထမဆုံး ပရီးမီးယား လိဂ် ပွဲဦးထွက် ကို ဆောက်သမ်တန် အသင်းကို ၃-၂ နဲ့ အနိုင်ရရှိ ခဲ့တဲ့ပွဲမှာ ဝီလ်ရှိုင်းယား အစား လူစားဝင် ကစားခွင့် ရခဲ့တာပါ ။

မိတ်လန်-နိုင်းလ်(စ်) ( Maitland-Niles )
=====================
ရိုင်းလ် နယ်လ်ဆင်ကို ပရိတ်သတ်အများစုက မျှော်လင့်နေကြသလိုပဲ နိုးလ်(စ်) ဟာလည်း အာဆင်နယ်အသင်းကြီးမှာ ပွဲထွက်ခွင့်ရဖွယ်ရှိတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ နည်းပြ အမ်မရီ လက်အောက်မှာလည်း ခြေစမ်းပွဲ တွေမှာ ပါဝင် ကစားခွင့် ရနေသူလည်း ဖြစ်ပါတယ် ။
နိုင်းလ်(စ်) ဟာ ကွင်းလယ်မှာကော နောက်တန်းမှာပါ ကစားနိုင်သူဖြစ်ပါတယ်။သူဟာ တဖြည်းဖြည်းနဲ့ သူ့ပုံမှန်နေရာဖြစ်တဲ့ ကွင်းလယ်မှာကစားခွင့်ရလာခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲမှာလည်း အကောင်းဆုံးကစားသမားဆု ကိုရရှိခဲ့ပါတယ်။
နိုင်းလ်(စ်) ဟာ ပြီးခဲ့တဲ့ဇွန်လကမှ အာဆင်နယ်အသင်းနဲ့ ကာလရှည်ကြာ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

ဂူအမ် ဒူဇီ ( Guendouzi )
===============
===============
အာဆင်နယ် အသင်းနည်းပြ အူနိုင်း အမ်မရီ အခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကမှ ခေါ်ယူထားတဲ့ လူငယ် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။ ဂူအမ် ဒူဇီ ဟာ အာဆင်နယ် အသင်းကို လော်ရီယန့် ကနေ ရောက်ရှိ လာတာ ဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲ တွေမှာ ခြေစွမ်းပြ ကစားနေတာလည်း ဖြစ်ပါတယ် ။
ဂူအမ် ဒူဇီ ဟာ အသက် ၁၉ နှစ်သာ ရှိသေးပြီး ပီအက်စ်ဂျီ အသင်းနဲ့ ရာသီကြို ခြေစမ်း ပွဲမှာ အရွယ် နဲ့ မလိုက်အောင် ကွင်းလယ်ကို ထိန်းကျောင်းသွားပြီး ဘောလုံး ပေးပို့မှု တွေကလည်း တိကျမှု ရှိတာကို လည်း တွေ့ရပါတယ် ။ ဂူအမ် ဒူဇီ ရဲ့ ခြေစွမ်းကြောင့် နည်းပြ အမ်မရီက ပရီးမီးယား လိဂ်မှာနေရာ ပေးသွားမလား ဆိုတာ စောင့်ကြည့် ရမှာလည်း ဖြစ်ပါတယ် ။ ပရိသတ် အများစုက တော့ ဂူအမ်ဒူဇီ ရဲ့ ခြေစွမ်းကို သဘောကျနေကြပြီး ယူရိုပါလိဂ် ၊ အက်ဖ်အေ ၊ ကာရာဘောင်း လို ပွဲမျိုးတွေမှာ အသုံးပြု စေချင် နေတာလည်း ဖြစ်ပါတယ် ။
Sports Myanmar
ရာသီကြို ခြေစမ်းပွဲ တွေမှာ ခြေစွမ်း ကောင်းတွေ ပြသနေပြီး ရာသီသစ်မှာ စောင့်ကြည့် ရမယ့် အာဆင်နယ် လူငယ် ကစားသမား များ
အာဆင်နယ်အသင်း နည်းပြ အူနိုင်း အမ်မရီဟာ ရာသီသစ်မှာ လူငယ် ကြယ်ပွင့်တွေကို သူတို့ခြေစွမ်းကောင်းတွေကို ပြသဖို့ အခွင့်အရေး ပေးသွားမယ်လို့ ထုတ်ဖော်ပြောကြား ထားပါတယ်။
” ကျနော် လူငယ်ကစားသမား တွေအတွက် အမြဲတမ်းတံခါးဖွင့်ထားပါတယ် ၊ ဒါကြောင့် လူငယ်ကစားသမားတွေကို ထိုက်တန်တဲ့ အခွင့်အရေးတေ ွပေးသွားမှာပါ ” ဟု ပြောကြား သွားခဲ့တာပါ။
အမ်မရီဟာ ရာသီကြို ခြေစမ်းပွဲ တွေမှာ ခြေစွမ်းကောင်း တွေ ပြသနေတဲ့ လူငယ်ကစားသမားတွေကို ကာရာဘောင်ဖလား ၊ ယူရိုပါလိဂ်ပွဲ တွေမှာ ပွဲထွက်ခွင့်ပေးမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ခြေစွမ်းတွေကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ် ။
ရာသီသစ်မှာ စောင့်ကြည့်ရမယ့် လူငယ်ကစားသမား ငါးဦး အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။
စမစ်ရို ( Emile Smith-Rowe )
==================
==================
စမစ်ရို ဟာ ကွင်းလယ်တိုက်စစ်ကစားသမား တစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ စမစ်ရို ဟာ အာဆင်နယ် အသင်း နဲ့ အက်သလက်တီကို နဲ့ ရာသီကြို ခြေစမ်းပွဲမှာ အသင်းအတွက် ချေပဂိုး ကို လှလှပပ သွင်းယူနိုင်ခဲ့ပြီး ခြေစမ်းပြ ကစား နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ စမစ်ရို ကို ပရိသတ် အများစုက မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်း လက်သစ် လို့လည်း တင်စား နေကြပါတယ် ။
အဆိုပါကစားသမားဟာ ကွင်းလယ်မှာကော တာင်ပံတိုက်စစ်မှာပါ ကစားနိုင်သူဖြစ်ပါတယ်။ စမစ်ရိုဟာ ပြီးခဲ့တဲ့ ရာသီက ဘလက်ပူး ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ လူငယ်အက်(ဖ်)ဖလားပွဲမှာ တစ်ကိုယ်တော်ဆွဲပြေးပြီး ပင်နယ်တီ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ကိုလ်ချက်စတာနဲ့ ကွာတားဖိုင်နယ်ပွဲမှာလည်း ဖရီးကစ်ကနေတစ်ဆင့် လှလှပပ သွင်းယူ ပေးနိုင်ခဲ့ပါတယ်။
စမစ်ရိုဟာ အင်္ဂလန် ယူ-၁၇ အသင်း ကမ္ဘာ့ဖလား ရရှိတုန်းကလည်း ပါဝင်ခဲ့ပါတယ်။သူဟာ အာဆင်နယ်အသင်းကို ၂၀၁၀ တုန်းက ရောက်ရှိလာတာဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်မှာ ယူ-၂၃ အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပါတယ်။နည်းပြ အမ်မရီ လက်အောက်မှာ သူ့ အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် ကစားခွင့် ရမလား ဆိုတာ စောင့်ကြည့် ရမှာလည်း ဖြစ်ပါတယ် ။

အက်ဒီ အန်ကီတီးယား( Eddie Nketiah )
=======================
=======================
အန်ကီတီးယား ဟာ အာဆင်နယ်အသင်း တိုက်စစ်အတွက် အားထားရမယ်လို့ မျှော်လင့်ရတဲ့ လူငယ် တိုက်စစ်မှူ း တစ်ယောက် ဖြစ်ပါတယ် ။ အန်ကီတီးယား ဟာ ပီအက်စ်ဂျီ အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရ ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ အာဆင်နယ် အသင်းအတွက် နောက်ဆုံး ဂိုးကို သွင်းယူ နိုင်ခဲ့ သူလည်း ဖြစ်ပါတယ် ။
သူဟာ အာဆင်နယ်အသင်းကို ၂၀၁၅ ခုနစ်က ချဲလ်ဆီးကနေ ရောက်ရှိလာတာဖြစ်ပြီး လူငယ်အသင်းမှာ ခြေစွမ်းပြကစားနေတာလည်းဖြစ်ပါတယ်။
၂၀၁၆-၂၀၁၇ ခုနှစ်ရာသီမှာ အာဆင်နယ်လူငယ်အသင်းအတွက် ၂၂ ပွဲကစားပြီး ၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲရာသီကလည်း ဟက်ထရစ်လေးကြိမ်အထိ ရယူနိုင်ခဲ့ပြီး အင်္ဂလန် ယူ-၁၈ အသင်းနဲ့ ကာတာ ယူ-၁၈ ကစားတဲ့ပွဲမှာလည်း ဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။
အန်ကီတီးယား ရဲ့ ဂိုးသွင်းနှုန်းဟာ ရပ်တန့်သွားခြင်းမရှိပဲ အာဆင်နယ်အသင်းကြီးအတွက်လည်း နောဝစ်ချ် နဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အန်ကီတီးယား ဟာ ယခုနှစ်ရာသီမှာ ကျောနံပါတ် ၆၂

No comments:
Post a Comment