Friday, August 10, 2018

အာဆင္နယ္နဲ႔အတူ ေအာင္ျမင္မႈရ႐ွိရန္ရည္ရြယ္ထားေၾကာင္း အူနိုင္းအမ္မရီေျပာၾကား


Zawgyi

အမ္းမရိတ္ကိုအသစ္ေရာက္လာခဲ့တဲ့ နည္းျပအူႏိုင္းအမ္မရီဟာ အသင္းကိုထိထိေရာက္ေရာက္ေမာင္းႏွင္ဖို႔အတြက္ စီမံကိန္းခ်ေဆာင္ရြက္ေနေၾကာင္းေျပာၾကားခဲ့ပါတယ္။ သူဟာ နည္းျပေဟာင္းအာဆင္ဝင္းဂါးကနဦးရ႐ွိခဲ့တဲ့ေအာင္ျမင္မႈမ်ိဳးကိုရယူျပီးေရ႐ွည္တည္တံခိုင္မာေအာင္ ေအာင္ေဆာင္ရြက္မယ္လို႔ၾကံဳးဝါးလိုက္ပါတယ္။
ဝင္းဂါးလက္ထက္ အာဆငိနယ္အသင္းဟာ အေပးအယူအခ်ိတ္အဆက္မွာ နာမည္ေက်ာ္ၿပီး ဥေရာပရဲ႕ ဆြဲေဆာင္မႈအရ႐ွိဆံုးကစားဟန္ကိုပိုင္ဆိုင္တဲ့အသင္းတစ္သင္းျဖစ္ပါတယ္။ အဆုိပါျပင္သစ္သားနည္းျပႀကီးဟာ လူငယ္ကစားသမားမ်ားစြာေမြးထုတ္ေပးႏိုင္ခဲ့ေပမဲ့ အသင္းဟာရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာအတြက္ပဲ ယွဥ္ၿပိဳင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အမ္မရီကေတာ့ အဆုိပါအခ်က္အလက္ေတြကို မိမိအေနနဲ႔ ထည့္သြင္းစဥ္းစားထားၿပီး အသင္းကို နားလည္စည္းလံုးမႈေတြနဲ႔ ဆြဲမက္ဖြယ္ကစားဟန္ကိုေဖာ္ေဆာင္သြားမယ္လို႔ဆုိပါတယ္။
ခံစစ္ကစားဟန္အေနနဲ႔ကေတာ့ စုဖြဲမႈကိုဦးစားေပးမွာျဖစ္ၿပီး ေနာက္တစ္ဆင့္အေနနဲ႔ ေဘာလံုးကိုလ်ွင္ျမန္စြာရယူႏုိင္ရန္ ေလ့က်င့္ကစားမယ္လို႔သိရပါတယ္။
"က်ေနာ္တုိ႔မွာ အခ်က္ႏွစ္ခ်က္လိုပါတယ္။ အရည္အေသြးျမင့္ကစားသမားေတြရယ္ ေနာက္တစ္ခုက ကစားသမားေတြအခ်င္းခ်င္း နားလည္မႈ႐ွိ႐ွိစည္းစည္းလံုးလံုးကစားဖို႔ပါပဲ။ အတူတူဆုိရင္ တုိးတက္လာမယ္လို႔က်ေနာ္ထင္ပါတယ္။ က်ေနာ္တို့ေလ်ွာက္မဲ့လမ္းမွာ႐ွိသမ်ွကိုအႏူိင္ယူပစ္ဖို႔ပါ။ ထပ္ေျပာရရင္ေတာ့ စုစည္းမယ္ ၿပီးရင္ကစားမယ္ ဒါပါပဲ" လို႔ sky sport နဲ႔ အင္တာဗ်ဴးမွာေျပာၾကားခဲ့ပါတယ္။

Unicode

အာဆင်နယ်နဲ့အတူ အောင်မြင်မှုရရှိရန်ရည်ရွယ်ထားကြောင်း  အူနိုင်းအမ်မရီပြောကြား

အမ်းမရိတ်ကိုအသစ်ရောက်လာခဲ့တဲ့ နည်းပြအူနိုင်းအမ်မရီဟာ အသင်းကိုထိထိရောက်ရောက်မောင်းနှင်ဖို့အတွက် စီမံကိန်းချဆောင်ရွက်နေကြောင်းပြောကြားခဲ့ပါတယ်။ သူဟာ နည်းပြဟောင်းအာဆင်ဝင်းဂါးကနဦးရရှိခဲ့တဲ့အောင်မြင်မှုမျိုးကိုရယူပြီးရေရှည်တည်တံခိုင်မာအောင် အောင်ဆောင်ရွက်မယ်လို့ကြုံးဝါးလိုက်ပါတယ်။
ဝင်းဂါးလက်ထက် အာဆငိနယ်အသင်းဟာ အပေးအယူအချိတ်အဆက်မှာ နာမည်ကျော်ပြီး ဥရောပရဲ့ ဆွဲဆောင်မှုအရရှိဆုံးကစားဟန်ကိုပိုင်ဆိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ အဆိုပါပြင်သစ်သားနည်းပြကြီးဟာ လူငယ်ကစားသမားများစွာမွေးထုတ်ပေးနိုင်ခဲ့ပေမဲ့ အသင်းဟာရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက်ပဲ ယှဉ်ပြိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ အမ်မရီကတော့ အဆိုပါအချက်အလက်တွေကို မိမိအနေနဲ့ ထည့်သွင်းစဉ်းစားထားပြီး အသင်းကို နားလည်စည်းလုံးမှုတွေနဲ့ ဆွဲမက်ဖွယ်ကစားဟန်ကိုဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။
ခံစစ်ကစားဟန်အနေနဲ့ကတော့ စုဖွဲမှုကိုဦးစားပေးမှာဖြစ်ပြီး နောက်တစ်ဆင့်အနေနဲ့ ဘောလုံးကိုလျှင်မြန်စွာရယူနိုင်ရန် လေ့ကျင့်ကစားမယ်လို့သိရပါတယ်။
"ကျနော်တို့မှာ အချက်နှစ်ချက်လိုပါတယ်။ အရည်အသွေးမြင့်ကစားသမားတွေရယ် နောက်တစ်ခုက ကစားသမားတွေအချင်းချင်း နားလည်မှုရှိရှိစည်းစည်းလုံးလုံးကစားဖို့ပါပဲ။ အတူတူဆိုရင် တိုးတက်လာမယ်လို့ကျနော်ထင်ပါတယ်။ ကျနော်တို့လျှောက်မဲ့လမ်းမှာရှိသမျှကိုအနိူင်ယူပစ်ဖို့ပါ။ ထပ်ပြောရရင်တော့ စုစည်းမယ် ပြီးရင်ကစားမယ် ဒါပါပဲ" လို့ sky sport နဲ့ အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။
Source All Football

No comments:

Post a Comment