Zawgyi
Unicode
ဘိုတန်အတွက် မန်ယူစတင်ကမ်းလှမ်း
မန်ချက်စတာယူနိုက်တက်ဟာ ဘိုင်ယန်ကစားသမား ဂျေရိုမီဘိုတန် အတွက် ကမ်းလှမ်းမှုပြုလုပ်နေတယ်လို့သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က Sportsmail ရဲ့ သတင်းတွေအရ 29-နှစ်အရွယ်ရှိပြီဖြစ်တဲ့အဆိုပါကစားသမားဟာ PSGအသင်းထံပြောင်းရွှေ့ဖို့ပျက်ပျယ်ခဲ့ပြီဖြစ်ပါတယ်။ ဘိုင်ယန်အသင်းကတော့ ပေါင်၄၅သန်းဝန်းကျင်ရလျှင် အပြောင်းအရွှေ့အပေါ်လက်ခံနိုင်ဖွယ်ရှိပေမဲ့ ယူနိုက်တက်ဘက်က ဒီထက်နိမ့်တဲ့ဈေးနဲ့ခေါ်ယူလိုနေပါတယ်။
တနင်္ဂနွေ ညကမန်ယူနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ဘိုတန်ဟာဒုတိယပိုင်းမှာလူစားထိုးဝင်ရောက်ကစားသွားခဲ့ပြီး ယူနိုက်တက်ဟာ အဆိုပါကစားသမားကိုခေါ်ယူဖို့အတွက် ပေါင်သန်း၄၀ဝန်းကျင်သာအသုံးပြုလိုနေပါတယ်။ ဘိုတန်နဲ့ပက်သက်ပြီး နည်းပြမော်ရင်ဟိုဟာ ယူနိုက်တက် ဥက္ကဌ အက်ဒ်ဝုဒ်ဝါ့ဒ်နဲ့ စကားပြောဆိုခဲ့ပါသေးတယ်။
"ကျနော်တို့ရဲ့အဓိကပြိုင်ဘက် အခြားကလပ်တွေကိုကြည့်မယ်ဆိုရင် တော်တော်အင်အားတောင့်တင်းနေပါပြီ၊ ချဲလ်ဆီးကိုကြည့်မလား၊ စပါး၊ စီးတီး သူတို့တွေဒီရာသီမှာတော်တော်လေးငွေကြေးရင်းနှီးမြုပ်နံှထားတာတွေ့ရမှာပါ။ လီဗာပူဆိုရင်တော်တော်များများဝယ်ထားတာပါ။,' လို့ Mourinho ကပြောပါတယ်။ ''ကျနော်တို့ပြင်ဆင်မှုတွေလုပ်မထားဘူးဆိုရင် ဒီရာသီမှာခက်ခဲပါလိမိ့မယ်"လို့လဲဆိုပါတယ်။
United ဟာ စပါးနောက်ခံလူ အယ်ဒါဝီရယ် ကိုကမ်းလှမ်းမှုပြုလုပ်နေသော်လည်း ဘာစီလိုနာမှ ရာရီမီနာ ကိုခေါ်ယူဖို့အတွက်လက်လျော့လိုက်ပြီလို့လဲသိရပါတယ်။ အဆိုပါကိုလံဘီယာသား မီနာဟာလက်ရှိအချိန်မှာတော့ အဲဗာတန်အသင်းထံပြောင်းရွှေ့ဖို့ ပေါင်၂၉သန်းဝန်းကျင်နဲ့သတင်းထွက်ပေါ်နေပါတယ်
Source All Football
No comments:
Post a Comment