Sunday, August 5, 2018




Zawgyi
Line-ups
Unicode
ဘိုင်ယန်မြူးနစ်ကို မန်ယူအသင်း ၁ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်
တနင်္ဂနွေညကကစားခဲ့တဲ့အဆိုပါပွဲမှာ ယူနိုက်တက်အသင်းဟာ ဂျာမန်ချန်ပီယံကို ၅၉မိနစ်မှာခွင့်ပြုခဲ့ရတဲ့ တစ်လုံးထဲသောဂိုးနဲ့အရေးနိမ့်ခဲ့ပါတယ်။ ဒီဂိုးကို ဒုတိယပိုင်းစပြီးသိပ်မကြာခင်မှာ မာတီနက်ဇ်ကသွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်တစ်လျောက် ဂျာမန်အသင်းက တစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပြီး အပိုင်အခွင့်အရေးတစ်ချိုးရရှိခဲ့ပါတယ်။ ၈၉ မိနစ်မှာ ရော်ဘင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့လည်း ကွင်းဒိုင်ကခွင့်မပြုပေးခဲ့ပါဘူး။
မားကပ်စ် ရက်ရှ်ဖို့ ဟာ ၆၅မိနစ်ခန့် ကစားသွားခဲ့ပြီး ကွင်းလယ်လူ ဖရက်ကစားပုံကောင်းမွန်ခဲ့ပါတယ်။ နောက်ခံလူ အဲရစ်ဘိုင်လီအနေနဲ့ ကြံခိုင်မှုပြသနာရှိနေတယ်လို့ယူဆရပြီး Romelu Lukaku, Jesse Lingard, Paul Pogba, Marouane Fellaini နဲ့ Ashley Young တို့ကို ကမ္ဘာဖလားပွဲစဉ်တွေပြီးကတည်းကအနားပေးထားခဲ့ပြီး ရာသီကြိုပွဲစဉ်တွေမှာထည့်သုံးခဲ့ခြင်းမရှိခဲ့ပါဘူး။ယူနိုက်တက်ဟာ လာမဲ့သောကြာနေ့ညတစ်နာရီခွဲအချိန်မှာ လက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
Line-ups
Bayern München XI: Robben, Ribéry, M. Neuer, J.Martínez, M. Hummels, Alaba, T. Müller, Thiago Alcântara, N. Süle, Gnabry, J. Kimmich
Subs: Rafinha, J. Boateng, S. Ulreich, S. Rudy, R. Lewandowski, Bernat, L. Goretzka, Coman, R. Hoffmann, L. Mai, M. Franzke, M. Zylla
Manchester United XI: A.Sánchez, Darmian, J.Mata, David de Gea, A.Herrera, V. Lindelöf, Fred, L.Shaw, A.Pereira, Bailly, M. Rashford
Subs: Lee Grant, Smalling, P. Jones, D.Mitchell, A.Tuanzebe, Mensah, S. McTominay, J. Garner, M. Greenwood, T. Chong
Source All Football

No comments:

Post a Comment