Zawgyi
စီးရီးေအကလပ္အင္တာမီလန္အသင္းဟာ ကြင္းလယ္လူလူကာမိုဒရစ္ကိုေခၚယူရန္ ပုဂၢိဳလ္ ေရးသေဘာတူညီမႈရခဲ့ၿပီလို႔ဆုိပါတယ္။ အင္တာ ဥကၠဌ ဖေလာ္ရန္တီႏုိပါရက္နဲ႔ ကစားသမားတို႔ေတြ႔ဆံုအၿပီးမွာ ထြက္ေပၚလာတာပါ။ အင္တာအေနနဲ႔ မုိဒရစ္ကိုေခၚယူႏိုင္ခဲ့မယ္ဆုိရင္ တစ္ႏွစ္လုပ္ခ လစာအေနနဲ႔ ပ်ွမ္းမွ်ယူ႐ို၁၀သန္းေပးရမွာျဖစ္ပါတယ္။ မိုဒရစ္ဟာလက္႐ွိရီးရဲအသင္းမွာ ပ်ွမ္းမ်ွယူ႐ို၆.၅သန္းရ႐ွိေနတာျဖစ္ပါတယ္။ ကစားသမားဟာ မိမိကိုထြက္ခြာခြင့္ျပဳဖို႔ ရီးရဲအသင္းထံေတာင္စဆုိမႈျပဳလုပ္မယ္လို႔လဲအီတလီသတင္းေတြအရသိရပါတယ္။ တ႐ုတ္အေျခစိုက္ Suning Groupဟာအီတလီကလပ္.အင္တာမီလန္ကိုဝယ္ယူၿပီးေနာက္ပိုင္းမွာ ႀကီးမားတဲ့ရင္းႏွီးျမႇပ္ႏွံမႈေတြျပဳလုပ္ေနပါတယ္။ ဒါ့အျပင္ အျခားသတင္းတစ္ရပ္အရ မက္ဒရစ္အသင္းဟာ လာဇီယိုအသင္းရဲ႕ ဆာဂ်က္ဇ္မီလင္ကိုဗစ္ နဲ႔ စပါးအသင္းရဲ႕ အဲရစ္ဆင္တု႔ိကုိ ခ်ဥ္းကပ္မႈျပဳလုပ္ေနတယ္လို႔လဲသိရပါတယ္။
Unicode
အင်တာမီလန်အသင်း မိုဒရစ်ကိုခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိ
စီးရီးအေကလပ်အင်တာမီလန်အသင်းဟာ ကွင်းလယ်လူလူကာမိုဒရစ်ကိုခေါ်ယူရန် ပုဂ္ဂိုလ် ရေးသဘောတူညီမှုရခဲ့ပြီလို့ဆိုပါတယ်။ အင်တာ ဥက္ကဌ ဖလော်ရန်တီနိုပါရက်နဲ့ ကစားသမားတို့တွေ့ဆုံအပြီးမှာ ထွက်ပေါ်လာတာပါ။ အင်တာအနေနဲ့ မိုဒရစ်ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် တစ်နှစ်လုပ်ခ လစာအနေနဲ့ ပျှမ်းမျှယူရို၁၀သန်းပေးရမှာဖြစ်ပါတယ်။ မိုဒရစ်ဟာလက်ရှိရီးရဲအသင်းမှာ ပျှမ်းမျှယူရို၆.၅သန်းရရှိနေတာဖြစ်ပါတယ်။ ကစားသမားဟာ မိမိကိုထွက်ခွာခွင့်ပြုဖို့ ရီးရဲအသင်းထံတောင်စဆိုမှုပြုလုပ်မယ်လို့လဲအီတလီသတင်းတွေအရသိရပါတယ်။ တရုတ်အခြေစိုက် Suning Groupဟာအီတလီကလပ်.အင်တာမီလန်ကိုဝယ်ယူပြီးနောက်ပိုင်းမှာ ကြီးမားတဲ့ရင်းနှီးမြှပ်နှံမှုတွေပြုလုပ်နေပါတယ်။ ဒါ့အပြင် အခြားသတင်းတစ်ရပ်အရ မက်ဒရစ်အသင်းဟာ လာဇီယိုအသင်းရဲ့ ဆာဂျက်ဇ်မီလင်ကိုဗစ် နဲ့ စပါးအသင်းရဲ့ အဲရစ်ဆင်တု့ိကို ချဉ်းကပ်မှုပြုလုပ်နေတယ်လို့လဲသိရပါတယ်။
Source All Football
No comments:
Post a Comment